Part - 29

1K 48 3
                                        

တွယ်တာသည်ကျောင်းပိတ်ရက်ဖြစ်သော သောကြာနေ့ညနှင့်စနေနေ့ (၁) ရက်လုံး တီချယ့်တိုက်ခန်း၌သာအချိန်ကုန်၍ပျော်ရွှင်စွာဖြတ်သန်းခဲ့သည်။သို့သော်ပျော်ရွှင်မှုက မရှည်ကြာခဲ့ချေ။တနင်္ဂနွေနေ့ည‌နေပိုင်း၌ တွယ်တာတို့ TV ကြည့်နေစဉ်

ဒေါက်.....ဒေါက်.....ဒေါက် (တံခါးခေါက်သံ)

"ကောင်းခန်းရောက်ပြီဆိုမှ ဘယ်သူလာတာလဲမသိဘူးး တကယ့်အရှုပ်ထုတ်ဘဲ"
"နေနေ ဆက်ကြည့်နေ တွယ်တာဘဲသွားဖွင့်လိုက်မယ်"
"အွန်း"

တွယ်ဝာာလည်းထ၍ တံခါးကိုဆွဲဖွင့်လိုက်ချိန်

"ဟင်!!!"(တွယ်တာ)

ရင်ထဲတွင် အမျိုးအမည်မသိသောနာကျင်မှုတစ်ခု

"မေ ရှိလား"(ဇွဲခန့်ငြားကို)
"ဟုတ်ကဲ့"
"ချွဲစိန် ဘယ်သူလာတာလည်း"

နောက်သို့လှည့်မကြည့်ဘဲ မေးနေသောသူမ

"တီချယ်"

တွယ်တာခေါ်သံအဆုံးလှည့်ကြည့်လာသောသူမ

"ဟင်!!! ဇွဲ နေပြည်တော်သွားနေတာဆို"

အံ့ဩမှုနှင့်အတူ မျက်နှာငြှိုးနေသောတွယ်တာ့အားကြည့်၍ မဖော်ပြတတ်သောနာကျင်မှုတစ်ခု။

တစ်‌ကယ်တော့ မိမိအိမ်တွင်ယခုလိုတွေ့သွားကြလိမ့်မည်ဟု ‌သူမမျှော်လင့်ခဲ့ပေ။ဇွဲအား နေပြည်တော်တွင်ဟု သာသူသိထားလေသည်။မြတ်မွေးနေ့တွင် ဇွဲအားလမ်းခွဲစကားပြောပြီး တွယ်တာကိုအမှန်အတိုင်းပြောပြမည်ဟုတွေးထားသော်လည်း ယခုအဖြစ်အပျက်မှာမြန်ဆန်လွန်းလှသည်။

"ဟုတ်တယ် မေ ရဲ့ကိုယ်စောစောကမှပြန်ရောက်တာ အဲ့တာရောက်ရောက်ခြင်း မေ့ ကိုမုန့်တွေပေးချင်လို့တန်းလာတာ"
"အော် အင်း .... မိတ်ဆက်ပေးရအုံးမယ် ဒါ တို့တပည့်‌လေး တွယ်တာမောင် တဲ့"
"ဟုတ် တွေ့ရတာ၀မ်းသာပါတယ် ကျွန်တော့်နာမည်ဇွဲခန့်ငြားကို ပါ မေ့ရဲ့"
"ဇွဲ!!!!"

ဇွဲ စကားများထပ်ထွက်မလာစေရန် မေ တစ်ယောက်အလျှင်အမြန်ပင်တားရလေသည်။ထိုအဖြစ်အပျက်များအားကြည့်ကာတိတ်ဆိတ်နေသူမှာ တွယ်တာမောင်

"ပြောလေ မေ"
"ဘာမှမဟုတ်တော့ဘူး"
"‌အွန်း ဒါနဲ့တွယ်တာမောင်နော်"
"ဟုတ်ပါတယ် တွယ်တာလို့ခေါ်လို့ရပါတယ်"
"ဟုတ်ပြီ ဒါဆိုညီမလေးတွယ်တာပေါ့ အဲ့လိုခေါ်မယ်"
"ဟုတ်ကဲ့ ရပါတယ် တီချယ် အလုပ်ကိစ္စလည်းပြီးပြီဆိုတော့ တွယ်တာပြန်တော့မယ်နော်"
"အော် အင်းအင်း ကျေးဇူးပါ"
"အစ်ကို တွယ်တာပြန်လိုက်အုံးမယ်နော် ခွင့်ပြုပါအုံး"
"ဟုတ်ပြီဗျ"

ကျောက်စိမ်းမြေမှ သံယောဇဉ် (Ongoing)Where stories live. Discover now