နောက်တစ်နေ့ မနက်ပိုင်းအတန်းချိန်ပြီး၍အတန်းထဲ၌မောင်တို့သူငယ်ချင်းသုံးယောက်မှအပမည်သူမှမရှိပေ ~
"အာ တစ်မနက်လုံးအတန်းချိန်အပြည့်နဲ့ခုမှဘဲနားရတော့တယ်"(၀ဿန်)
"အေးဟယ်"(နန်း)
"ပျင်းလိုက်တာဟယ် ဒါနဲ့သဲဆုလည်းမတွေ့ဘူးနော်"(တွယ်တာ)
"ဟုတ်ပ သူဘာလို့မလာတာလဲ နင့်ကိုလည်းဖုန်းမဆက်ဘူးမလား"(နန်း)
"အွန်း မဆက်ဘူး"(တွယ်တာ)
"မလာလေကောင်းလေ.....အယ်ပြောရင်းဆိုးရင်းဟိုမှာလာနေပြီ အသက်ရှည်အုံးမယ်"(၀ဿန်)
"ဟဲ့ သူ့နောက်မှကောင်လေး တစ်ကောင်ပါလာတယ်ဟ"(နန်း)
"ဟဲ့ဟုတ်လို့လား"(တွယ်တာ)
(ထိုအချိန်တွင် သဲဆုအခန်းထဲ၀င်လာလေသည်။)
"တွယ်တာ ငါမိတ်ဆက်ပေးရအုံးမယ် ဒါငါ့ရည်းစားလေး သမိုင်းက ကောင်းခန့်တဲ့"
"ကို ဒါက သဲပြောနေတဲ့ တွယ်တာမောင်"
"ဒါက ၀ဿန်မိုး"
"ဒါက နန်းသစ္စာ"
"ဟုတ် ကျွန်တော့်ကိုလည်းသဲကိုခင်သလိုခင်လို့ရပါတယ်ဗျ"(ကောင်းခန့်)
(ကောင်းခန့်တစ်ယောက်ပြုံးပြီးပြောနေသော်လည်း တွယ်တာ ၀ဿန် နန်း သုံးယောက်မှာမပြုံးနိုင်ပေ။တွယ်တာသည်မျက်ထောင့်နီဖြင့်သဲဆုအားစိုက်ကြည့်နေလေသည်။သဲဆုလည်းအခြေနေတွေကိုသိသောအခါ)
"ကို အပြင်မှာစောင့်နေပါလား ပြီးမှသဲထွက်ခဲ့မယ်"
"အင်းအင်း ကိုယ်အပြင်မှာစောင့်နေမယ်"
(ကောင်းခန့်ထွက်သွားပြီးနောက်)
“ဟဲ့ သဲဆု နင်ပြောတော့ နင့်ကိုယ်နင် Lesbian ပါဆိုတီချယ့်ကိုသဘောကျနေတာပါဆို”
“ဟားးမဟုတ်ပါဘူးးး ဒီလောက်ချေမိုးနေတဲ့သူကိုသဘောကျစရာလား”
“တီချယ်က နင့်ကိုဘာချေလို့လည်း”(လေသံမာသွားလေသည်)
“fb acc အပ်ထားတာ နင်ကော ငါကော ဒါပေမယ့် နင့်ကိုဘဲfriလက်ခံတယ် ငါ့ကိုfriလက်မခံဘူး အဲ့ လောက်ချေမိုးနေတဲ့သူကိုငါကကြိုက်စရာလား ငါ1yr Anni ရှိတဲ့ ငါ့ရည်းစားနဲ့လဲရအောင်ထိတန်လို့လားသူက”
“နင်ဘာ $စကားပြောတာလဲ”(တွယ်တာသည်သဲဆုအားအော်၍လည်ပင်းနားကအင်္ကျီစမှကိုင်ကာ ထိုးဟန်ပြင်လိုက်လေသည်။)
“အဟက် ထိုးလိုက် ထိုးလိုက်စမ်းပါ ဒဏ်ရာရရင်ငါကပန်းနုသွေးလုပ်ပြီး သွားတိုင်လိုက်ရုံဘဲ”(သဲဆု)
“အေးးထိုးချင်တယ် ဒါပေမယ့်ငါ့လက်က နင်နဲ့မတန်ဘူး။နင်တီချယ့်ကိုသဘောကျတယ်ဆိုလို့ နင်ကငါ့သူငယ်ချင်းအရင်းကြီးမို့လို့ ငါတီချယ့်ကိုသဘောကျနေတာတောင်နောက်ဆုတ်ပေးခဲ့တယ်....အေးးနင်ကဒီလိုဆိုမှတော့ ငါကလည်းနောက်ဆုတ်ပေးစရာမလိုတော့ဘူး။ရှေ့ဆက်တိုးယုံဘဲ”
“တိုးလေ တိုးလိုက်စမ်းပါ နင်ကပိုးဖလံလိုလူမျိုး ပူမယ်မှန်းသိရက်နဲ့မီးကိုတိုးနေတာ ဟိုကဆရာမနင့်ကိုသေတောင်ပြန်မကြိုက်ဘူး အချိန်တန်ယောကျာ်းယူမယ့်သူ”(သဲဆု)
(မောင်သည်ထွက်နေသောဒေါသများပြေလျော့ကာမျက်ရည်များ၀ဲတတ်လာပြီး ပြောစရာစကားများ စွန့်အသွားခဲ့လေသည်။)
“နင့်ကိုတွယ်တာက ဒီလောက်ကောင်းပေးနေတာတောင် နင်ဘာလို့ဒီလိုပြောရက်ရတာလဲ”(၀ဿန်)
“ဟုတ်တယ် ကောင်းပေးတယ်။ဒါပေမယ့်သူနဲ့ယှဉ်ရင်ငါအမြဲသိမ်ငယ်ရတယ်။ငါကငယ်ငယ်ထဲကမိသားစုမှာလည်း ဦးစားပေးမခံခဲ့ရဘူး။အခုသူနဲ့ယှဉ်တော့လည်း ဦးစားပေးမခံရပြန်ဘူး။သူနဲ့ကျရင်တီချယ်တွေက ရွှန်ရွှန်းဝေနေသလောက်ငါနဲ့ကျရင် တီချယ်တွေကစကားပြောချင်မှတောင်ပြန်ပြောကြတာ ပြီးတော့”(သဲဆု)
“တော်တော့ တော်ပြီ တော်ပြီ သဲဆု နင်ပြောမယ့်စကားတွေငါထပ်သည်းခံနိုင်ဖို့အလားအလာမရှိတော့ဘူးး သွားးးးနင်သွားလိုက်တော့ ငါ့ရှေ့ကနင်ထွက်သွားလိုက်တော့........နင်နဲ့ငါခုချိန်ကစပြီးသူငယ်ချင်းမဟုတ်တော့ဘူး.....”(တွယ်တာသည် ငိုနေရာမှအားယူပြီးအော်၍ပင်ပြောနေလေသည်)
“စိတ်ချပါ ငါကလည်းဒီကျောင်းမှာဆက်မတတ်တော့ပါဘူးး” (သဲဆုလည်း တွန့်သွားသောအင်္ကျီစကိုဆွဲချ၍အခန်းထဲမှထွက်ပြီးကောင်းခန့်ကိုခေါ်ကာထွက်သွားလေတော့သည်။)အခန်းထဲတွင်တော့ -
“တွယ်တာ ငိုချင်ရင်ငိုချလိုက် ထိန်းမထားနဲ့ ငါတို့ဘဲရှိတာ”(၀ဿန်)
“ဟုတ်တယ် တွယ်တာ သူပြောသွားတာတွေအာရုံထဲထည့်ထားမနေနဲ့”(နန်း)
“သူပြောတာ တစ်ချို့အရာတွေကမှန်နေတာလဲလေဟာ”
“ကံဘဲလေဟာ သူပြောတာလည်းဖြစ်ချင်မှဖြစ်နိုင်မှာလေ ငို၀အောင်ငို ပြီးရင်တော့ထပ်မငိုနဲ့တော့”(နန်း)
“ငါလေ သူ့ကိုစိတ်တိုတုန်း ဆွဲပြီးလုပ်ပလိုက်ချင်တယ်”(၀ဿန်)
“ထားပါတော့ဟာ မေ့လိုက်တော့ ငါလည်းမငိုတော့ဘူးဟုတ်ပြီလား”(တွယ်တာ)
“မငိုနဲ့တော့ လာနင့်အကြိုက်မာလာရှမ်းကောသွားစားကြမယ်”(နန်း)
(မာလာရှမ်းကောသွားစားဖို့ စာသင်ခန်းအပြင်သို့ထွက်အလာ တီချယ်မြတ်နှင့်တွေ့လေသည်။)
“ဟေးးဒီကလေးတွေ ဘယ်လဲ”
“မာလာရှမ်းကောသွားစားမို့တီချယ်”(၀ဿန်)
“တီချယ်လိုက်အုံးမလား”(နန်း)
“မလိုက်တော့ပါဘူးကွယ် ရှင်တို့တီချယ်မှုံမလာတော့ ဂျူတီက ကျမတစ်ယောက်ထဲလေ”
“အော် တီချယ်ကဘာလို့မလာတာလည်း တီချယ်မြတ်”(တွယ်တာ)
“မသိပါဘူးကွယ်မနက်က ဒီနေ့ကျောင်းမလာဘူးလို့ဘဲဖုန်းဆက်တာ”
“အော်.....ဟုတ်ဟုတ် သမီးတို့သွားအုံးမယ်တီချယ်”(တွယ်တာ)
“အေးအေး ဂရုစိုက်သွားကြ ကလေးတွေ”
“ဟုတ် တီချယ်”(၀ဿန်)
“ဟုတ်ကဲ့”(နန်း)
“သွားပြီနော် တီချယ်”(တွယ်တာ)
(သူငယ်ချင်းသုံးယောက် စားချင်တာများစားသောက်ပြီးနောက် 4နာရီထိုးခါနီးဖြစ်၍ နန်းနဲ့၀ဿန်မှာ ကားferry သို့ မောင်ကတော့အိမ်သို့ပြန်သွားကြလေသည်။)
______________________
အိမ်တွင် ~
“သမီးပြန်လာပြီလား နောက်ကျလိုက်တာ”
“ဟုတ် ပြန်လာပြီ မေကြီး သူငယ်ချင်းတွေနဲ့မုန့်သွားစားနေလို့”
“အော်.....အေးးအေးး”
“တွယ်တာအတွက် ထမင်းမခူးထားနဲ့တော့သိလား ဗိုက်ပြည့်နေလို့မစားတော့ဘူး စာလုပ်ပြီးအိပ်တော့မယ်”
“အေးပါ အေးပါ စာလုပ်တာညဥ့်မနက်စေနဲ့အုံးနော် သမီးကအိပ်ရေးမ၀ရင်ခေါင်းမူးတတ်တယ်”
“ချစ်စု ရော့ဒီမှာချောကလက်ကိတ်၀ယ်လာတယ်”
“ရေးးးဒါမှတို့မကြီးကွ”
“ည ၇နာရီကျရင် သံပုရာရည်တစ်ခွက်လာပို့ပေးနော်”
“ဟုတ် မမတွယ်တာ”
(မောင်လည်းအပေါ်ထပ်သို့တက်သွားလေသည်။ထမင်းစားချင််စိတ်မရှိတာကတစ်ကြောင်း တကယ်လည်းအိမ်စာတွေပါတာကတစ်ကြောင်း ထမင်းဆင်းမစားတော့ဘဲအခန်းအောင်းဘဲနေလိုက်တော့သည်။)
“ဒေါက်....ဒေါက်” (တံခါးခေါက်သံ)
“မမတွယ်တာ ချစ်စုပါ သံပုရာရည်လာပို့တာ”
“အော် ဟုတ်ပြီ ၀င်ခဲ့ချစ်စု”
“ရော့ ဒီမှာမမတွယ်တာ”
“မမတွယ်တာ တို့ မမလေး တို့ ခေါ်ရတာဆိုတာမရှည်ဘူးလားဟေချစ်စုငါလည်းကြားရတာတစ်မျိုးဘဲ မမ လို့ဘဲခေါ်ရင်ခေါ်ပါဟယ်”
“ဟီးးချစ်စုအကျင့်ပါနေလို့ပါ မမတွယ်....အယ်....မမ”
“ချစ်စုသွားပြီနော် မမ”
“အေး အေး”
မောင်လည်းတစ်နာရီမျှစာလုပ်ပြီး သဲဆုနဲ့ပြဿနာဖြစ်တဲ့အကြောင်းများကိုတွေးရင်း ဆက်ခနဲဖုန်းကိုကောက်ယူလိုက်လေသည်။အကြောင်းကား -
“ငါ့ကိုသဲဆုပြောသွားတာ တီချယ်ကငါ့ကို Fri လက်ခံထားတယ်လို့ပြောသွားတယ် ဟုတ်လားမသိဘူး၊ ဖုန်း internet ဖွင့်ဖွင့်ခြင်း ကျလာသော noti
*Shwe Hmone accepted your friend request* ဟ!!! ဟုတ်သားဘဲ Tr က မနေ့ထဲလက်ခံထားတာဘဲငါလိုင်းမသုံးတော့မသိလိုက်ဘူးဘဲ” ဟုတစ်ယောက်ထဲရေရွတ်နေလေသည်။ထို့နောက် တီချယ့် messager လေးကြည့်သောအခါ 1 days ago ဟုသာတွေ့လေသည်။ဟင်းးးတီချယ်ကမနေ့ထဲကလိုင်းမတတ်တာဘဲဟုတွေးပြီး တီချယ်အကောင့်ထဲမွှေနှောက်ကာ တီချယ့်ပုံလေးအချို့ကို ဖုန်းထဲ save လိုက်ကာ အိပ်စက်ခြင်းဆီသို့ ~
_____________________
Save လိုက်သမျှပုံတွေကို Album သီးသန့်နဲ့ထားရတဲ့မြတ်နိုးရာလေး🤎15.12.2024 (Sun) 7:40 pm

YOU ARE READING
ကျောက်စိမ်းမြေမှ သံယောဇဉ် (Ongoing)
Romanceချစ်တယ် မောင့်အညိုရောင်လေး🤎 𝐁𝐚𝐬𝐞𝐝 𝐨𝐧 𝐚 𝐭𝐫𝐮𝐞 𝐬𝐭𝐨𝐫𝐲 ❤️🩹