(ည၇:၀၀နာရီ၌အလုပ်များပြီး၍ ရေမိုးချိုးကာထမင်းစားပြီးနောက် တွယ်တာမောင်တစ်ယောက်သည် သူလိုချင်သောဥယျာဉ်လေးနဲ့ဒါန်းလေးပြီးသွား၍ အစ်ကိုနှစ်ယောက်နဲ့အတူဓာတ်ပုံများရိုက်ထားသည့်ဓာတ်ပုံများကို တင်ရန်အတွက်fb သို့တတ်လာလေသည်။ “မြတ်နိုးရာ ကမ္ဘာငယ်လေး💗” ဟူသောcaption နှင့်အတူပုံလေးတွေတင်ပြီးနောက် ၅ မိနစ်အကြာ တတ်လာသောnoti များထဲတွင် Shwe Hmone ဟူသော noti နှင့်အတူ လက်မ react အားတွေ့လေသည်။)
“ဟင် တီချယ်ကလက်မကြီးနဲ့....ဟယ်သွားပြီ သူပုံပို့ထားတာ ငါစာပြန်ဖို့မေ့နေတာဘဲ မဖြစ်ဘူးစာသွားပို့ရအုံးးမယ်ဟူးးးး”
“ဟီးးးတီချယ်”(တွယ်တာ)
“ဘာလဲ”(မှုံနံ့သာမေ)
“တီချယ်ကလည်း ဖြေးဖြေးထူးပါ”
“ငါ့ဘာသာဘယ်လိုထူးထူးပေါ့ နင်နဲ့ဘာဆိုင်”
“ဆိုင်တာပေါ့ တွယ်တာ့နှလုံးသားလေး လန့်သွားတာဘဲ တီချယ်လူဆိုးမရယ်”
“သေပေါ့”
“လာချော့တဲ့သူကို အဲ့လို စကားကြမ်းကြမ်းကြီးတွေမပြောပါနဲ့ ချယ်ချယ်ရယ်😔”
“ဘာလာချော့တာလည်း”
“နေ့ခင်းက စာမပြန်လို့ ချယ်စိတ်ကောက်နေမှန်းသိပါတယ် အဲ့ကြောင့်လာချော့တာ စာကမပြန်ချင်လို့မဟုတ်ပါဘူး နေ့ခင်းက အိမ်ကဥယျာဉ်အသေးလေးအတွက် အပြင်မှာပန်းလေးတွေနဲ့လိုတာလေးတွေထွက်၀ယ်ရင်းစာပြန်ဖို့မေ့သွားတာပါချယ်ချယ်ရယ်”
“မေးလို့လား”
“မမေးလည်းဖြေရမှာဘဲ စိတ်ဆိုးတဲ့သူကဆိုးနေတာကို😌”
“စာပြန်ဖို့ကျသတိမရဘူး သူ့လူတွေနဲ့ပုံတင်ဖို့ကျသတိရတယ် သွား ၃၂ ချောင်းကိုဖြီးနေတာဘဲ”
“ဟေးးးဟိုးထားဟိုးးထားး တီချယ်အဲ့တာ တွယ်တာ့အစ်ကိုတွေနော်”
“တို့ကဘာပြောနေလို့လဲ”
“တီချယ်ပြောချင်နေတာသိလို့ကြိုပြောပြထားတာ
ကဲပါ စိတ်မဆိုးပါနဲ့တော့နော် တီချယ်စိတ်ဆိုးရင် တွယ်တာစိတ်ထဲတစ်မျိုးကြီးဘဲ ငိုချင်သလိုခံစားရတယ် နော် နော် နော် နော် နော် ချယ်ချယ်နော်🥺”
“အင်းပါ မဆိုးတော့ပါဘူးးစိတ်ထဲတော့အဆင်မပြေဘူးး အလေးမထားသလိုခံစားလိုက်ရလို့”
“ဟုတ်ပါတယ် တွယ်တာမှားတာပါ တကယ်တောင်းပန်ပါတယ် နောက်ဆိုအလေးထားပြီးစာလည်းပြန်ပါ့မယ်နော်”
“ဟွန့်ပြီးကော နောက်တစ်ခါဆိုရင်တော့တကယ်မခေါ်တော့ဘဲနေမှာနော်”
“ဟုတ်ပါပြီ ဗျာ နောက်တစ်ခါမဖြစ်စေရပါဘူးနော် ခုတော့စိတ်မကောက်နဲ့တော့နော်”
“အင်းပါ စိတ်ကောက်တာကတွေ့တဲ့သူတိုင်းကောက်တာမဟုတ်ဘူးနော် အထူးခံမို့ကောက်ခံရတာ ဂုဏ်ယူလိုက်ပါ😝”
“အော် စိတ်ကောက်ခံရတာ ဂုဏ်ယူစရာပေါ့”
“ဒါပေါ့😕 ဒါနဲ့ချွဲစိန်ကပန်းစိုက်ရတာဝါသနာပါတာလား”
“ဟုတ်တယ်တီချယ် ပန်းလေးတွေစာအုပ်လေးတွေနဲ့နေရရင်ကို တွယ်တာ့စိတ်ကိုကြည်နူးစေသလိုခံစားရလို့လေ”
“အော်”
“တီချယ်တို့နေ့ခင်းကဘာရုပ်ရှင်သွားကြည့်တာလဲ”
“လက်သည် ဆိုတဲ့ရုပ်ရှင်သွားကြည့်တာလေ”
“အော် ကောင်းလား recommend လေးပေးပါအုံး”
“မကြည့်နဲ့ ကြည့်ချင်ရင်နောက်တစ်ခါမှ တို့နဲ့သရဲကားသွားကြည့်ကြမယ်”
“ဟင့် တွယ်တာက ကျန်တာသာမကြောက်တာ သရဲတော့ကြောက်တယ်နော် တီချယ်☹️”
“ဟားဟားပိုတောင်ကြည့်ချင်သွားပြီ နောက်တစ်ခေါက်သရဲကားနှစ်ယောက်ထဲသွားကြည့်မယ်”
“ဟင့်.....သက်သက်နှိပ်စက်တာ😭😭 တော်ပြီ
တီချယ်လူဆိုးမကိုစိတ်ကောက်တယ်”
“ကောက်ပေါ့”
“အိပ်တော့မယ်”
“အိပ်ပေါ့”
“အိပ်မှာ ဒါဘဲ”
_____________________
တွယ်တာမောင် လည်း ချော့များချော့မလားဆိုပြီးစပြီးစိတ်ကောက်ကြည့်ရာ မချော့တော့ တကယ်စိတ်ကောက်ပြီးအိပ်သွားလေသည်။(တစ်ယောက်ထဲစိတ်ကောက်တစ်ယောက်ထဲစိတ်ပြေနေရသောအိမ်ကသမီးလေးပါ🤣)တစ်ဖက်တွင်လည်း တီချယ်တစ်ယောက်ထဲပွစိပွစိပြောနေလေသည်။
“ဟယ် ဒီဟာလေးအိပ်တောင်အိပ်သွားပြီတော့တကယ်စိတ်ကောက်သွားတာဘဲ ငါစတာလွန်သွားလို့လား ...???? ဟွန်းးးလွန်လည်းမလွန်ပါဘူးး နှစ်ယောက်ထဲသရဲကားကြည့်ချင်လို့သူ့ကိုခေါ်တာကို သူကဘာစိတ်ကောက်စရာရှိလို့လည်း သူသရဲကြောက်တတ်တိုင်းစိတ်ကောက်ချင်နေတယ် ကောက်ပေါ့မခေါ်ဘူးးးကြည့်ထား အဲ့သရဲသူ့ကိုများများခြောက်ပါစေတော်😒” (တီချယ်မှုံနံ့သာမေတစ်ယောက်ပြုံးပြီးပြောနေလေသည်။တွယ်တာမောင်တစ်ယောက်တော့ သူ့အချစ်တော်၏မေတ္တာပို့မှုများကြောင့် ညဘက်အိမ်မက်ထဲတွင်သရဲဘဲခြောက်ခံနေရမလား အိမ်မက်ဆိုးဘဲမက်နေမလား မသိနိုင်တော့ချေ။)

YOU ARE READING
ကျောက်စိမ်းမြေမှ သံယောဇဉ် (Ongoing)
Romanceချစ်တယ် မောင့်အညိုရောင်လေး🤎 𝐁𝐚𝐬𝐞𝐝 𝐨𝐧 𝐚 𝐭𝐫𝐮𝐞 𝐬𝐭𝐨𝐫𝐲 ❤️🩹