Part - 21

848 33 5
                                        

“‌တွယ်တာ သမီးရေ ထတော့လေ တွယ်တာ”
“......”
“ဒီကလေးမှ ပြန်လည်းမထူးဘူး ဟင်တံခါးကြီးလည်းလော့မချထားဘူး”

တွယ်တာ့အမေလည်းတံခါးလော့မချထား၍ အခန်းထဲသို့၀င်လာခဲ့လေသည်။

“သမီး တွယ်တာ ထတော့လေ”
“.....”
“ကလေးမ ဟင် အသားတွေပူချစ်နေတာဘဲ ခေါ်လို့လည်းမရဘူးး ဟာ မဖြစ်သေးပါဘူးး”
“ကိုဇော်ရေ ကိုဇော်!!!! သား ထူးအောင် ထူးမောင်!!!”
“ဗျာ အန်တီခင် ဦးဇော်ကကိစ္စရှိလို့ထူးမောင်နဲ့ထွက်သွားတယ်”
“သား ညီမ အဖျားတွေတက်ပြီး ခေါ်လို့မရတော့ဘူးး ဆေးရုံပို့ရမယ်”
“ဗျာ ဒါဆိုသားကားသွားထုတ်လိုက်အုံးမယ်”
“အင်းး”
“သမီး သမီးလေး ဘာမှမဖြစ်ရဘူးနော် မေကြီးဆေးရုံပို့ပေးမယ်နော်”
“အန်တီ ကားထုတ်လာပြီ ညီမ‌လေးကိုသားပွေ့ခဲ့မယ်နော်”
“ဟုတ်ပြီ အန်တီ အိတ်နဲ့ဖုန်းယူလိုက်အုံးမယ်”
“ဟုတ် သားတို့ကားပေါ်ကစောင့်နေမယ် ချစ်စု အကို့ကိုတံခါးလိုက်ဖွင့်ပေး”
“ဟုတ် ကိုကိုလေး”
“အန်တီဘယ်ဆေးရုံလည်း”
“သွားနေကြ ခိုင်” ဆေးရုံဘဲသွားကြတာပေါ့”
“ဟုတ် အန်တီခင်”

“ခိုင်” ဆေးရုံဟာ ဒေါက်တာသိင်္ဂီခိုင်၏အမေပိုင်သောဆေးရုံပင်ဖြစ်သည်။ဒေါက်တာသိင်္ဂီခိုင်၏အမေဖြစ်သူမှာနာမည်ကြီးသားဖွားမီးယပ်ပါရဂူဆရာ၀န်တစ်ယောက်ဖြစ်ပေသည်။သူမ၏အငယ်ဆုံးသမီးလေးဒေါက်တာသိင်္ဂီခိုင်မှာလည်း မိခင်ခြေရာလိုက်နင်းနိုင်သော နာမည်ကြီးနှလုံးခွဲစိတ်ဆရာ၀န်တစ်ယောက်ဖြစ်ပေသည်။ဒေါက်တာသိင်္ဂီခိုင်၏ဖခင်ဖြစ်သူဟာ‌ခိုင့်အသက် ၁၀ နှစ်ထဲပင်နှလုံးရောဂါဖြင့်ကွယ်လွန်သွားခဲ့‌လေသည်။ဒေါက်တာအသက်ဟာ ၃၆ နှစ်ဟုပင်မထင်ရလောက်အောင်နုနယ်လွန်းလှသည်။ဒေါက်တာသိင်္ဂီဟာ တွယ်တာမောင်၏မိသားစု ဆရာ၀န်ဟုပြောရလောက်အောင်ပင် တွယ်တာမောင်အပေါ်ဂရုစိုက်ပေးလွန်းသည်။တွယ်တာမောင်တို့နှင့်ရင်းနှီးသည်မှာ ၄ နှစ်ခန့်မျှကြာလေပြီ။

“အမသူဇာ”
“ဟင် သိင်္ဂီ”
“အမ ဘာဖြစ်လို့လဲ”
“အမ ဘာမှမဖြစ်ပါဘူး သမီးလေးခေါ်မရတော့လို့”
“ဟယ်!!! စိတ်မပူနဲ့နော် သိင်္ဂီလိုက်သွားလိုက်မယ်”
“ကူညီပါအုံး သိင်္ဂီရယ်”
“စိတ်မပူနဲ့နော် ထိုင်နေ အမသူဇာ”

ကျောက်စိမ်းမြေမှ သံယောဇဉ် (Ongoing)Where stories live. Discover now