Part - 5

1K 44 1
                                        

နောက်တစ်နေ့ ~

မောင်သည် ကျောင်းထဲသို့ကားမောင်း၍၀င်လာသောအခါ ကျောင်းရှေ့အုတ်ခုံ၌ -
“ဟဲ့ ၀ဿန်နင်ဘာလုပ်နေတာလဲ”
“နင့်ကိုစောင့်နေတာလေ”
“သူက”
“အော် သူကငါတို့သူငယ်ချင်းအသစ် နာမည်က
နန်းသစ္စာ တဲ့”
“အော် အွန်း ငါ့နာမည် တွယ်တာမောင်ပါ”
“နန်း ဒါငါပြောနေတဲ့ တွယ်တာဆိုတဲ့တစ်‌ယောက်”
“အော် ဟုတ်”
“ဟဲ့.....၀ဿန်ကော နန်းကော ကားပေါ်တတ် ကန်တင်းသွားမယ်”
“ဟုတ်”
“ကဲရပြီ မိတွယ်တာ မောင်းတော့”
ကန်တင်းစားသောက်ဆိုင်တွင် ~
“နန်း လွတ်လွတ်လပ်လပ်နေနော် ငါ့ကိုရှိန်မနေနဲ့ နင့်ကိုကြည့်ရတာ တဟုတ်ဟုတ်နဲ့ ငါပါနေရတာတစ်မျိုးကြီးဖြစ်လာတယ် ၀ဿန်လိုပေါတောတောနေစမ်းပါဟ”(တွယ်ဝာာ)
“အေးပါ ငါနည်းနည်းစိမ်းနေသေးလို့ပါ” (နန်း)
“နန်းက ဘယ်ကလဲ” (တွယ်တာ)
“ငါကမှော်ဘီက”(နန်း)
“ဟမ်ဒါဆို ငါနဲ့တူတာပေါ့ ငါလည်းမှော်ဘီကဘဲ”(၀ဿန်)
“တွယ်တာကကော” (နန်း)
“တွယ်တာက အင်းစိန်က”(တွယ်တာ)
“ကဲကဲစားစား မနက်ပိုင်းမြန်မာစာအတန်းချိန်ရှိတယ်” (၀ဿန်)
စားသောက်ပြီးအခန်းထဲပြန်အရောက်တွင် -
“ဟဲ့ တွယ်တာငါတို့အတန်းမှာတစ်ယောက်ထိုင်နေတယ်”
“အော် ထိုင်ပါစေ အကျယ်ကြီးကို၀ဿန်ရယ်”
“ဟွန်းးးမထိုင်စေချင်ပါဘူးးသူ့ကိုမနေ့ထဲကကြည့်ရတာမဟုတ်ဘူး”
“အမလေးဟဲ့ ကျောင်းကခုမှစတတ်တယ် ၀ဿန်တို့ကြည့်မရတဲ့သူကပေါ်လာပြီ ဟားဟား ကဲပါလာသွားထိုင်ကြမယ်”
(၀ဿန်တစ်ယောက် မောင်ကအတင်းဆွဲခေါ်၍ပါသွားလေသည်။နန်းကတော့အူကြောင်ကြောင်လေးဖြင့်လိုက်သွားသည်။ထို့‌နောက် တွယ်တာ၊၀ဿန်နှင့်နန်းတို့မှာ ခုံ၌၀င်ထိုင်လိုက်လေသည်။)
“တွယ်တာ”
“ဟင်”
“ငါ့နာမည်က သဲဆုမြတ်ပါ ငါဒီမှာထိုင်လို့ရတယ်မလား အနှောင့်အယှက်များဖြစ်လားဟင်”
“ထိုင်ပြီးနေပြီမလား ဘာလို့ခုမှ”(ဟဲ့ ၀ဿန်စကားမဆုံးခင် မောင်ကလက်ကိုတစ်ချက်ရိုက်လိုက်လေသည်)
“ရပါတယ် ထိုင်ပါ ဘာမှမဖြစ်ပါဘူးး”
“ဟီးးကျေးဇူးပါ တွယ်တာ”
“အင်း ရပါတယ်”
“ငါကနင့်ကိုမနေ့ထဲကခင်ချင်နေတာ ကျောင်းထဲကိုနင်ကား‌မောင်းပြီး၀င်လာထဲလိုက်ကြည့်‌နေမိတာ မိုက်တယ်နင်ကလုံး၀အထာကျတယ်”
“ကျေးဇူးပါ ဟာ”
“နောက်ပိုင်းကျရင် ငါ့ကိုနင့်ကားနဲ့လိုက်စီးဖို့‌ခေါ်နော် ငါလည်း နင်‌မောင်းတာစီးဖူးချင်လို့”
“အေးပါ”
(၀ဿန်မှာတော့ သဲဆုမြတ်ကို မျက်စောင်းတထိုးထိုးဖြင့်ကြည့်နေလေသည်။)
_______________________
ဤသို့ဖြင့်မောင်တို့ကျောင်းတတ်ရသည် နှစ်ပတ်ခန့်ပင်ရှိနေလေပြီ။ကြာချိန်နှစ်ပတ်အလျှောက်မောင်သည်ဆရာ/ဆရာမတွေနှင့်ဆက်ဆံရေးကောင်းသူမို့ အလွန်ပင်ရင်းနှီးနေလေပြီ။သို့ပေမယ့် မောင်ခုထိမ၀င့်မရဲဖြစ်နေကာ နာမည်ပင်မမေးရဲသေးသောသူမှာ သူမ၏အမြတ်တနိုးတန်ဖိုးထားရသောသံယောဇဉ်နွယ်ကြိုးလေးပင်ဖြစ်သည်။တွေ့ရတာသိပ်မကြာသေးပေမယ့် မောင်ပေးထားတဲ့နာမည်အလျှောက်မောင့်နှလုံးသားထဲတွင်ခိုင်မာ‌စွာအမြစ်တွယ်နေလေပြီ။ဤအချင်းအရာကားမောင်မှလွဲ၍မည်သူမှမသိ။နန်းနှင့်၀ဿန်မှာလည်းရိပ်မိရုံမျှသာရှိသည်။ထိုနည်းတူစွာသဲဆုမြတ်မှာလည်း မောင့်အတိုင်းပင်ဆရာ/ဆရာမတွေအားအတင်းရင်းနှီးမှုရယူရန်ကြိုးပမ်းနေလေသည်။နန်းနှင့်၀ဿန်မှာ မောင့်အတွက်သူငယ်ချင်းကောင်းများပင်ဖြစ်ကြသည်။မောင့်ဖြစ်တည်မှုကိုအားပေးကြသည်။လက်ခံပေးကြသည်။‌သို့သော်မောင့်အပေါ် သူတို့အလိုမကျ‌သောအရာမှာ မောင်သည်အရမ်းအားနာတတ်ခြင်းပင်ဖြစ်သည်။
“တွယ်တာ” (၀ဿန်)
“ဟင်”
“နင် ဟိုတစ်ယောက်ကိုသိပ်အလျှော့မပေးနဲ့နော်”
“အေးပါဟာ”
“နင်အားနာတတ်မှန်းငါကောနန်းကောသိတယ် သူကနင်အားနာတာကိုအခွင့်ကောင်းယူနေတာ”
“မပြောပါနဲ့ဟယ် ထားလိုက်”
“တွယ်တာ နင်အဲ့လိုဆက်လုပ်တီချယ်ကသူ့ဆီပါသွားတော့မှာနော်” (နန်း)
“အော် နန်းရယ် ငါတီချယ့်ကိုသတိထားမိရုံဘဲရှိပါသေးတယ် မချစ်မိပါဘူးး ပြီးတော့တီချယ်ကငါပိုင်တာမှမဟုတ်တာဟ”
“ဒါ‌မဲ့နင် တီချယ့်ကိုမြင်ရင် တောက်ပသွားတဲ့မျက်လုံးအ‌ရောင်တွေ တီချယ့်ကိုကြည့်တဲ့အကြည့်တွေငါတို့သိတယ်နော်”(၀ဿန်)
“မဟုတ်ပါဘူးဟယ် ဒီတိုင်းကြည့်ရုံပါ ငါလည်းအချစ်သစ်ထပ်မရှာချင်တော့ပါဘူးဟာ သူ့မှာလည်းကောင်လေးရှိရင်ရှိမှာပေါ့”
“အေးပါ နင်အဆင်ပြေရင်လည်းပြီးတာပါဘဲ”(နန်း)
“အင်းပါ စိတ်ပူပေးလို့နင်တို့နှစ်ယောက်လုံးကိုကျေးဇူးတင်ပါတယ်”
“ရပါတယ် ဟာ” (၀ဿန်)
(ထိုအချိန်တွင် သဲဆုအခန်းထဲသို့၀င်လာလေသည်)
“တွယ်တာ toilet သွားရအောင် လိုက်ခဲ့ပါလား”
“အင်း အင်း”
“ငါလိုက်သွားပေးလိုက်အုံးမယ် နော်”
(နန်းနဲ့၀ဿန်မှာ အားနာတတ်သောတွယ်တာ့ကိုကြည့်ရင်းခေါင်းခါ၍သက်ပြင်းချနေမိတော့သည်။Toilet မှပြန်အလာ မောင်သည်သူ့တီချယ်အားတွေ့သောကြောင့် ရင်ဘက်ထဲမှအကောင်ငယ်လေးဟာတဒုတ်ဒုတ်ဖြင့်ခုန်နေလေသည်။ထိုအချိန်တွင်....)
“တွယ်တာ လာ ခဏလိုက်ခဲ့”
“ဟင်”(သဲဆုမှာမောင့်လက်ကိုဆွဲသွားလေသည်)
“တီချယ်”(သဲဆု)
“ဟင်ခလေး”
“တီချယ်ကချစ်စရာလေးနော်”
“ဟားဟားကျေးဇူးပါကွယ် နောက်မှမုန့်၀ယ်ကျွေးမယ်”
“ဟီးပြီးကော တီချယ်တကယ်၀ယ်ကျွေးရမှာနော်”
“ဟုတ်ပါပြီရှင် ၀ယ်ကျွေးမှာပေါ့”
“ဒါနဲ့ တီချယ့်နာမည်လေးပြောပြလို့ရလား”
“အင်းးးရပါတယ်ကွယ် တီချယ့်နာမည်က မှုံနံ့သာမေပါရှင့်”(မောင့်ကိုကြည့်၍ပြုံးစိစိဖြင့်ပြောလေသည်။မောင်သည်လည်းတီချယ့်နာမည်ကိုသိလိုက်ရ၍ခုန်နေသောနှလုံးများသည်ပို၍ပင်ခုန်သွား‌လေသည်။ထို့ကြောင့် မောင်သည်လက်သီးဆုပ်၍သူ၏လက်ညှိုးလေးအားကိုက်လိုက်လေသည်။မျက်လုံးလေးများလည်း နဂိုထက်အရောင်ပိုလက်သွားလေသည်။ဤအချက်များကိုမေတစ်ယောက် မောင့်ကိုသေချာကြည့်နေသဖြင့် မောင့်လှုပ်ရှားမှုများကိုမြင်လိုက်ရသည်။)
“တီချယ့်အကောင့်လေး သမီးကိုပေးပါလား”
“အင်း ခလေး ခဏနော်”
“ဟုတ်”
“ဒုက္ခဘဲ လိုင်းမကောင်းဘူးကွယ်”
“ဟင့် သမီးမှာလည်းဖုန်းကပါမလာဘူး”
ထိုအချိန်မှတိတ်ဆိတ်နေသောမောင်သည် -
“တီချယ်အကောင့်က Shwe Hmone မလား အင်္ကျီခရမ်းရောင်လေးနဲ့လေ”
“အင်းဟုတ်တယ်ခလေး”
“နင်ဟာငါ့တောင်မပြောဘူး”
“နင်ကမေးမှမမေးတာကို”
“ကဲကျေးဇူးရှင်လေး”
“ရှင်တီချယ်” (သဲဆု)
“သမီးမဟုတ်ဘူး တွယ်တာကိုခေါ်တာ”
“ဗျာ”
“အကောင့်တွေ့တာတောင်ကျမကိုလာမအပ်ဘူးပေါ့ ဘာလဲကျမနဲ့ခင်ရမှာကြောက်တယ်ပေါ့”
“ဟင် မဟုတ်ပါဘူးအဲ့လိုမဟုတ်ပါဘူး ခုအပ်လိုက်မယ်လေနော်”
“အင်းပြီးကော ညကျလိုင်းဖွင့်ပြီးလက်ခံလိုက်မယ်”
“ဟုတ်”
“တီချယ်သမီးတို့သွားတော့မယ်နော်”(သဲဆု)
“အေးအေးသမီး”
“တီချယ် တွယ်တာသွားလိုက်ပါအုံးမယ်”
“ဟုတ်ပါပြီရှင့်”
အခန်းသို့ပြန်ရာလမ်း၌ ~
“တွယ်တာရယ် ငါလေတီချယ့်ကိုအရမ်းသဘောကျတာဘဲ”
“ဟင်”(သဲဆုထံမှမထင်မှတ်ထားသောစကားကြောင့်တွယ်တာရင်ထဲစိုးရိမ်ပူပန်မှုများကြီးစိုးသွားလေသည်)
“ဘာဖြစ်တာလည်းဟ”
“ဘာမှမဟုတ်ပါဘူး နင်က Lesbian လား”
“အင်း ဟုတ်တယ်လေ ငါက lesbian နင်ကကော”
“ငါက bisexual ပါ” (တွယ်တာလည်းလိုရင်းတိုရှင်းဘဲဖြေလိုက်လေသည်)
အခန်းထဲပြန်ရောက်သည့်အချိန်မှစ၍ မောင်သည်ငူငူငိုင်ငိုင်ဖြစ်နေလေသည်။ထိုအရာကိုနန်းနဲ့၀ဿန်မှာလည်းသတိထားမိလေသည်။သို့ပေမယ့်ဘာမှမမေးဖြစ်ခဲ့ပေ။‌မောင်သည်အိမ်သို့ပြန်ရောက်လျှင်လည်းနေမကောင်းသည်ဟုဆိုကာ ထမင်းပင်မစားဘဲ အိပ်ယာထဲဘဲလှဲအိပ်နေလေသည်။‌မောင့်စိတ်ထဲတွင်တော့ -
“ချီးးးဘဲကွာ ငါ ငါထိန်းထားရင်းနဲ့ကို တီချယ့်ကိုသဘောကျမိသွားပြီထင်တယ်ဟာ။ဒါပေမယ့်လေ ဒါပေမယ့် တီချယ့်ကိုချစ်တဲ့သူက ငါ့သူငယ်ချင်းအရင်းကြီးလေဟာ ငါဘာလို့ပြိုင်လုရက်ပါ့မလဲ။တကယ်ချစ်ရင်နောက်ဆုတ်ပေးရတယ်တဲ့။ခုကငါ့သူငယ်ချင်းအရင်းကြီးဖြစ်နေတော့ ငါပိုတောင်ရှောင်ပေးသင့်သေးတယ်မဟုတ်လားးး”
မောင်၏အိပ်ယာထက်‌ရှိခေါင်းအုံးလေးတွင်မောင့်မျက်ရည်များဖြင့်စိုရွှဲနေပေသည်။မောင်၏ရင်ဖွင့်သံများကိုလည်း မောင့်အခန်းထဲမှဒြပ်မဲ့အရာ၀တ္ထုများမှအပအခြားသူမကြားနိုင်ပေ။
__________________________
ချစ်မိတာနဲ့နာကျင်ရခြင်းဆိုတဲ့အရာက အရင်ပေါ်လာတတ်တယ်။

13.12.2024 (Fri) 6:15pm

ကျောက်စိမ်းမြေမှ သံယောဇဉ် (Ongoing)Where stories live. Discover now