တွယ်တာ ဒီနေ့ဆေးရုံဆင်းရတော့မှာဆိုတော့ ဖေကြီး၊မေကြီး၊ကိုကြီး၊ကိုငယ်၊ချစ်စုတို့ ရဲ့စနောက်သံစကားပြောသံတို့က ဖုံးလွှမ်းနေလေတော့သည်။တွယ်တာမောင်ရဲ့မိသားစုထံမှအချစ်ခံရမှုဟာ အားကျဖွယ်ကောင်းလွန်းလှသည်။မနေ့ကအားလုံးအဖို့ သူတို့၏အချစ်ရဆုံးတွယ်တာအား စိတ်ပူနေခဲ့ရသော်လည်း ဒီနေ့တွင်မူဆေးရုံမှဆင်းရမည်ဖြစ်၍အားလုံး ပျော်ရွှင်နေကြသည်။ထို့နောက်ထိုသူတို့ဆီသို့ တက်ကြွသောခြေလှမ်းများဖြင့် တံခါးပေါက်မှ၀င်လာသူမှာ ဂျူတီကုတ်အဖြူရောင်လေးနဲ့ အန်တီဒေါက်တာပင်
“ကဲ ပေါက်စ အိမ်ပြန်တော့မယ်ပေါ့”
“ဒါပေါ့ အန်တီရဲ့ ကြည့်တွယ်တာကောင်းသွားပြီလေ”
“ဟုတ်ပါပြီ နေကောင်းသွားပြီဆိုပေမယ့် ထပ်ဖြစ်မှာဆိုးလို့မပေါ့နဲ့နော််ကြားလား”
“ဟုတ်ကဲ့ပါ အန်တီရဲ့ ဟွန်းအန်တီဒေါက်တာကိုလွမ်းရတော့မယ်”
“အမလေးတော် အရင်ကဆိုလွမ်းတိုင်းအိမ်ကိုလာနေကြမဟုတ်ဘူးလား”
“ဟုတ်တော့ဟုတ်တယ်လေ အဲ့တုန်းကတော့ အဲ့တုန်းကပေါ့လေ ဟဲဟဲ ခုလိမ္မာနေပါပြီ ဒါနဲ့မနက်ဖြန် hotpot လေးမမေ့နဲ့နော်ဟီး”
“ဟောတော် ရှင်လေးကျမကိုလွမ်းတာလား hotpot ကိုလွမ်းတာလားပြော မှန်မှန်ပြောစမ်း”
“နှစ်ခါလုံးဘဲ အန်တီဒေါက်တာကိုတော့ပိုလွမ်းမှာပေါ့ hotpot ၀ယ်ကျွေးမယ့်သူဆိုတော့"
“ဟားးဟားးအတတ်ကလေး”
“ချောက်ကလက်ကျွေးအုံးလေ”
“ရော့ပါရှင် နောက် ၁၀ ခုဘဲကျန်တော့တယ် ခြွေခြွေတာတာစားနော် ကုန်သွားရင်တော့ တို့လည်းမတတ်နိုင်ပေါင်”
“ရပါတယ် ကုန်သွားရင်ဖေကြီးသွား၀ယ်ပေးမယ်ပြောထားတာနော်”
“ဟေ!!!! ဘာကြီးကိုလဲ”
“ချောကလက်လေ ဖေကြီး”
“ချောကလက်တော့ သိတယ်လေ”
“ကုန်သွားရင်ဖေကြီးဘဲ စင်ကာပူထိသွား၀ယ် ကျွေးမယ် ပြောထားပြီတော့ တွယ်တာကဒူဘိုင်းက ချောကလက်ပါစားချင်တာ ဖေကြီးအဲ့တော့ကတိအတိုင်း၀ယ်ကျွေးနော်”
“နေ....နေ....နေပါအုံးဘယ်တုန်းက ကတိပေးမိတာတုန်း ငါလည်းမပြောမိပါဘူးကွ”
“မနေ့ညကျလေ အိပ်မက်ထဲမှာဖေကြီး”
“ဟာ!!!ဒီကလေးမ”
“ဟီးးး”တွယ်တာမောင်၏စနောက်နေသောစကားများကြောင့် ဆေးရုံလူနာခန်းထဲတွင် အကုန်လုံးပွဲကျကာ ရယ်မောနေကြလေတော့သည်။

YOU ARE READING
ကျောက်စိမ်းမြေမှ သံယောဇဉ် (Ongoing)
Romanceချစ်တယ် မောင့်အညိုရောင်လေး🤎 𝐁𝐚𝐬𝐞𝐝 𝐨𝐧 𝐚 𝐭𝐫𝐮𝐞 𝐬𝐭𝐨𝐫𝐲 ❤️🩹