“မေကြီး”
“ဟယ် ငါ့သမီးလေးဒီနေ့သိပ်လှနေပါလား”
“ဟီးးဒီနေ့ သမီးတို့ welcome ပွဲလေမေကြီးရဲ့”
“ဟုတ်သား မေကြီး မေ့နေတာ ဒါနဲ့သမီးက Queen Selection ထဲမပါဘူးလား”
“မပါချင်ပါဘူးမေကြီးရယ် ပြီးတော့ဟိုနေ့ကတွယ်တာ တီချယ်နဲ့အပြင်သွားတဲ့အချိန် selection 7 ယောက်ရွေးသွားတော့တွယ်တာလည်းမပါတော့တာ”
“အော်..ရော့ဒီမှာသမီးအတွက် ထမင်းကြော်ထားတယ် ကြက်ဥနဲ့”
“ဟီးးဟုတ် ဖေကြီးနဲ့ကိုကြီးတို့ကော”
“အလုပ်ပေါ်လာလို့ ဒီနေ့စောစောထွက်သွားတယ်”
“အော်....”ဘောင်းဘီ အင်္ကျီအပွတို့ဖြင့်အမြဲ ဗိုလ်ဆန်ဆန်နေတတ်သော်လည်း ရင်ဖုံးအင်္ကျီနှင့်ထဘီကို၀တ်ဆင်ပြန်ရင်လည်းအလွန်ပင်ကြည့်ကောင်းလှပေသည်။
“မေကြီး တွယ်တာသွားပြီနော်”
“အေးအေး သမီးကားကိုဖြေးဖြေးမောင်းနော်”
“ဟုတ်မေကြီး သွားပြီနော်တာ့တာ”🎶 မေ... အမှောင်ထဲက ငွေကြယ်များထက်
မင်းမျက်၀န်းများလင်းပါလား....
မေ... စံပယ်ပွင့်ထက်...
ဖြူစင်လွန်းတဲ့ အသားလေး၀င်းနေတယ်...🎶“ဟယ်လို ၀ဿန်”
“အေးး နင်ပွဲကိုလာမှာလား”
“လာမှပေါ့ဟ ခုတောင်လမ်းမှာလေဘာဖြစ်လို့လဲ”
“ဘာမှမဖြစ်ပါဘူး နင်ရောက်တော့မှာလား”
“အင်း နောက် ၁၀ မိနစ်နေရင် ရောက်ပြီလေ”
“ငါတို့ တံတားပေါ်မှာကားပိတ်နေလို့ နည်းနည်းနောက်ကျမယ်လို့ နန်းတို့ကားလည်းတံတားပေါ်မှာဘဲ အဲ့တာလှမ်းပြောတာ”
“အေးပါ အေးပါ ပွဲက ၉ နာရီမှစမှာ အေးဆေးခုမှ ၈နာရီတောင်မထိုးသေးဘူး”
“အေးအေး အုတ်ခုံမှာထိုင်စောင့်နေနော် တွယ်တာ”
“အေးပါ ငါထိုင်စောင့်နေမယ်”
“အေးအေး ပြီးရော ဒါဘဲနော်”
“အွန်း ငါကားမောင်းနေလို့ နင်ဘဲဖုန်းချလိုက်တော့နော်”
“အေးးအေးး”
တီ......တွယ်တာလည်းကျောင်းသို့ရောက်သောအခါ သူ့သူငယ်ချင်းနှစ်ယောက်အား အုတ်ခုံလေးတွင်ထိုင်စောင့်နေလေသည်။အရပ်အရမ်းမရှည်သော်လည်းမပုပေ။ပုံတော်ဖိနပ်အပြာရင့်ရောင်အထူဖြင့် အညိုရောင်၀မ်းဆက်၀တ်ဆင်ကာဆံပင်တစ်လွှာစည်းထားသော တွယ်တာမောင်မှာမူမြင်ရသူအဖို့ရိုးရိုးယဥ်ယဥ်လေးဖြင့် မှင်သက်စွာငေးကြည့်ဖွယ်ကောင်းလွန်းလှသည့် ရပ်၀န်းလေးဖြစ်ပေသည်။

YOU ARE READING
ကျောက်စိမ်းမြေမှ သံယောဇဉ် (Ongoing)
Romanceချစ်တယ် မောင့်အညိုရောင်လေး🤎 𝐁𝐚𝐬𝐞𝐝 𝐨𝐧 𝐚 𝐭𝐫𝐮𝐞 𝐬𝐭𝐨𝐫𝐲 ❤️🩹