Part - 6

297 14 1
                                    

နောက်တစ်နေ့ ~
“သမီး ကျောင်းသွားတော့မို့လား”
“ဟုတ်ဖေကြီး”
“သမီးလေး မနက်စာမစားသွားတော့ဘူးလား”
“ဟုတ်မေကြီး ဒီနေ့အတန်းချိန်မနက်ပိုင်းရှိလို့ ဟိုရောက်မှဘဲမှီရင်စားလိုက်‌တော့မယ်”
“အော် အေးအေးသမီး”
“တွယ်တာသွားပြီနော် တာ့တာ့”

ကျန်ခဲ့သော မိဘနှစ်‌ပါး၏စားပွဲဝိုင်းတွင် -

“ခင် သတိထားမိလား”
“ဘာကိုလည်း ကိုဇော်”
“ဒီလိုလေ လွန်ခဲ့တဲ့၂နှစ်သူ့ဆရာမဆုံးပြီးထဲက
နော် သမီး‌လေးမျက်နှာမှာသိပ်အရယ်အပြုံးမရှိတော့တာ ခုနောက်ပိုင်းတက္ကသိုလ်ပြန်တတ်မှ အပြုံးတွေပြန်အသက်၀င်လာတာ‌လေ”
“ဟုတ်တယ်ခင်လည်းအဲ့တာပြောမယ်ပြောမယ်နဲ့မေ့နေတာ သမီးလေးကိုလေပျော်စရာလေးတွေနဲ့ဘဲကြုံစေချင်တယ် ကိုဇော်ရယ်”
“ဘုရားရှိခိုးရင်များများဆုတောင်းပေးပေါ့ ခင်ရယ် လာလာ စိတ်မကောင်းဖြစ်မနေနဲ့ ခုစားစရာရှိတာစား ကိုလည်းအလုပ်သွားရအုံးမယ်”
“အင်းပါ ကိုဇော်ရယ်”
______________________
ကျောင်း၌ -
“တွယ်တာ နေမကောင်းဘူးလား” (၀ဿန်)
“ကောင်းပါတယ် ဟာ”
“နင်...ငို” (နန်း)
🎵မေ... အမှောင်ထဲက ငွေကြယ်များထက်
     မင်းမျက်၀န်းများလင်းပါလား....
     မေ... စံပယ်ပွင့်ထက်...
     ဖြူစင်လွန်းတဲ့ အသားလေး၀င်းနေတယ်...🎶
တွယ်တာ့ဖုန်း မြည်သံ‌ကြောင့်‌ ပြောလက်စကားများရပ်သွား‌လေသည်။
“ဟယ်လို တွယ်တာ”
“အေး သဲဆုပြောလေ”
“ငါနေမကောင်းလို့ကျောင်းမလာနိုင်ဘူးးအဲ့တာနကင်လက်မှတ်လေးထိုးပေးထားပါနော်”
“အေးပါ အေးပါ ထိုးပေးထားမယ်”
“ကျေးဇူးပါ”
“ရပါတယ် အချင်းချင်းတွေဘဲကို”
“အေးအေး ဒါဘဲနော် နောက်နေ့မှတွေ့မယ်အချစ်လေး”
“အေးပါ”
တူ ......တူ......တူ (တစ်ဖက်မှဖုန်းချသွားလေသည်)
“ဘာလို့လဲဟဲ့”(၀ဿန်)
“သဲဆုနေမကောင်းလို့ကျောင်းမလာနိုင်လို့တဲ့ လက်မှတ်လေးထိုးပေးပါလို့လှမ်းပြောတာ”
“ကောင်းတယ် သူမလာတာ”(နန်း)
“ဟုတ်တယ် ငါတို့နင့်ကိုပြောစရာမေးစရာတွေအများကြီးရှိတယ်”
______________
တစ်ဖက်တွင်တော့-
“သဲ သူငယ်ချင်းကိုလက်မှတ်ထိုးခိုင်းလို့ရလား”
“ရတယ် ကို ထိုးပေးထားမယ်တဲ့”
“ရရင်လာလေ ကိုယ်တို့တွေသွားကြမယ်”
“ဟုတ် ကို”
(သဲဆုမြတ်မှာ ရည်းစားရှုပ်သောကောင်မလေးဖြစ်သည်။တီချယ့်ကိုလည်းတွယ်တာသဘောကျနေမှန်းသိ၍ သူလည်းသဘောကျသည်ဟုပြောဆိုခဲ့ခြင်းဖြစ်သည်။တွယ့်တာအားလိုက်ပြိုင်နေတတ်‌သောကောင်မလေးဟုပြောလျှင်ပိုမှန်လိမ့်မည်။ထိုအချက်များကိုတွယ်တာတို့သုံးယောက်မသိပေ။သဲဆုသည်တွယ်တာ့အားလိုက်ပြိုင်နေသူဖြစ်သည်။)
______________
ကျောင်းအခန်းထဲ၌ -
“တွယ်တာ နင်ငါတို့မေးသမျှကိုမှန်မှန်ပြောနော်”
“ဘာကြီးလဲ ၀ဿန်ရဲ့”
“တီချယ့်ကိစ္စ”
(တွယ်တာ့မှာသိသာသာမျက်နှာပျက်ရွင်းသွားလေသည်)
“လာပါ ငါတို့ကန်တင်းသွားရအောင်”(တွယ်တာ)
“အင်း”(နန်း)
“ဟိုရောက်မှဆက်ပြောကြတာပေါ့”(၀ဿန်)
(ထိုသို့ထွက်လာစဉ်ဂိတ်ပေါက်သို့အရောက်-
“တွယ်တာ”
“ဗျာ တီချယ်မြတ်”
“ဘယ်ကိုလည်း မြန်မာစာအချိန်မဟုတ်ဘူးလား”
“ဟီးးအတန်းပြေးလာတာ ကန်တင်းသွားမို့တီချယ်”
“အေးပါ အေးပါ သိပ်အတန်းတွေမပြေးနဲ့တီချယ်ကြီးသိရင်ဆူ‌နေအုံးမယ်”
“ဟုတ် တီချယ်မြတ်”
ထိုအချိန်တွင် ~
“ဟာတီချယ်မှုံ ဂျူတီလာစောင့်တာလား”(၀ဿန်)
“ဟုတ်တယ်ကလေး ဂျူတီစောင့်ရင်းအိပ်ငိုက်လာလို့ကော်ဖီသွားဖျော်နေတာ ကလေးတို့ကကန်တင်းလား”
“ဟုတ်တယ်တီချယ် ဘာစားမလဲ သမီးတို့၀ယ်ကျွေးမယ်လေ”(နန်း)
“ဘာမှမစားပါဘူးရှင်”
“ဟုတ်ဒါဆိုသမီးတို့သွားလိုက်အုံးမယ်နော်တီချယ်”(နန်း)
“အေးအေးခလေး”
“တီချယ်မြတ်သွားပြီနော်”(၀ဿန်)
“အေးပါ သွားသွား”
(ထိုစကားဝိုင်းတွင်တိတ်ဆိတ်နေသူမှာ တွယ်တာ
တွယ်တာဟာသူ့တီချယ်ကို စကားတစ်ခွန်းမှ၀င်မပြောဘဲပြုံးရုံမျှသာပြုံးပြပြီးထွက်လာလေသည်။)

ကျောက်စိမ်းမြေမှ သံယောဇဉ် (Ongoing)Where stories live. Discover now