Intro

1.3K 30 4
                                    

တီချယ်ကလေ သိပ်ကိုဟန်ဆောင်ကောင်းတာဘဲ

တွယ်တာ ကိုမချစ်ရင် မင်းကိုတို့မချစ်ဘူးလို့ အစထဲက ပွင့်ပွင့်လင်းလင်း ပြောခဲ့ပေါ့ တီချယ်ရယ်....

ဒါပေမယ့်လေ တီချယ့်ကိုတွယ်တာ မမုန်းဘူးသိလား
ဘယ်တော့မှလည်း မုန်းသွားမှာမဟုတ်ဘူး တီချယ်...

"မုန်းခိုင်းတိုင်း မမုန်းနိုင်ဘူး" ဆိုတဲ့
သီချင်းလိုဘဲပေါ့....

{ တွယ်တာမောင် }

"မောင်" တဲ့ မောင့်ကိုကျမဘယ်တော့မှမခေါ်ဖြစ်ခဲ့တဲ့နာမ်စားလေးပေါ့.....

မောင်ကလေ"တွယ်တာမောင်"ဆိုတဲ့ နာမည်နဲ့လိုက်အောင် ကျမအပေါ်ကိုဆိုအရမ်းတွယ်တာလွန်းတယ်.....
မောင်နဲ့တွေ့မှ ကျမကမိန်းကလေးတစ်ယောက်အပေါ်
ပထမဆုံးချစ်ခဲ့မိတာပါမောင်။

ဒါပေမယ့်လေ တို့ကြောင့်နဲ့ တို့မိဘတွေပတ်၀န်းကျင်မှာ မျက်နှာငယ်ရမှာမလိုလားဘူး မောင်....
ဒါကြောင့် မေမေတို့စိတ်တိုင်းကျ သဘောတူတဲ့အတိုင်း ဇွဲနဲ့လက်ထပ်မှဖြစ်မယ် မောင်....

တို့ကမောင့်အပေါ်ဆို အမြဲနာကျင်မှုတွေဘဲပေးနေတဲ့သူမို့မုန်းလိုက်ပါမောင်.....
တို့ကမောင့်ရဲ့အမုန်းနဲ့ဘဲထိုက်တန်ပါတယ် မောင်....

{မှုံနံ့သာမေ}

fic ထဲမှဇာတ်ကောင်နာမည်များနှင့် နေရာဒေသများသည် မည်သူတစ်ဦးတစ်ယောက်ကိုမှထိခိုက်လိုစိတ်မရှိပါ။ထို့ကြောင့်အကြောင်းအရာတိုက်ဆိုင်မှုတစ်စုံတစ်ခုရှိခဲ့ပါက အနူးညွတ်တောင်းပန်အပ်ပါတယ် .....

12.12.2024

ကျောက်စိမ်းမြေမှ သံယောဇဉ် (Ongoing)Where stories live. Discover now