Part - 13

263 10 0
                                    

တနင်္ဂနွေနေ့ ~
"သမီးတွယ်တာ ထတော့လေ ၅နာရီထိုးတော့မယ်သမီးရဲ့"
"နည်းနည်းလေးထပ်အိပ်ချင်သေးလို့ပါ မေကြီးရယ်"(အိပ်ချင်မူးတူးလေသံဖြင့် ပြန်ဖြေနေလေသည်)
"အိပ်တာနောက်ကျလို့လားသမီး ဖုန်းတွေလျော့သုံးလေ"
"မဟုတ်ပါဘူးးမေကြီးရယ် ညကအိမ်မက်ဆိုးတွေမက်လို့အိပ်မပျော်တာပါ ပြီးတော့ခုလာနှိုးတာအစောကြီးကို မေကြီးကလည်း"
"အိပ်ချင်ရင်ခဏပြန်အိပ် ဒါပေမယ့်ကို၀င်းနိုင်နဲ့‌မယုငယ် တို့မင်္ဂလာဆောင်သွားဖို့ရှိတယ်နော် နောက်မကျစေနဲ့နော် ၆ နာရီအရောက်သွားရမှာ ဘောင်းဘီကြီးကိုးယို့ကားယားလည်း၀တ်မလာနဲ့"
"ဟုတ်ကဲ့ပါ မေကြီးရယ်မြန်မာ၀တ်စုံကြီးလည်းမ၀တ်ချင်ဘူး‌နော် မြန်မာ၀တ်စုံကြီး၀တ်ရမယ်ဆိုလိုက်ဘဲနေမှာနော်"
"အမလေးမယ်မင်းကြီးမရယ် ဟိုနှစ်ယောက်ကဖြင့် သူတို့ရဲ့ဖူးစာရှာပေးတဲ့မြှားနက်မောင်လေးကို မပါပါအောင်ခေါ်ခဲ့ပါတဲ့ "
"ဟွန်း အဲ့ဆိုတွယ်တာကဂါ၀န်ဘဲ၀တ်မှာနော်"
"အေးးဟယ် အေး ဘောင်းဘီကြီး၀တ်မလာရင်ပြီးတာဘဲ ၀တ်ချင်တာ၀တ်"

(၀င်းနိုင်နဲ့ယုငယ်တို့အတွဲဟာ တွယ်တာ့ကိုကြီးနဲ့ကိုငယ်ရဲ့သူငယ်ချင်းများလည်းဖြစ်သည်။၀င်းနိုင်ဟာ ယုငယ်ကိုတက္ကသိုလ် first yr မှစ၍ချစ်ခင်မိခဲ့ရာ third yr ရောက်တဲ့အထိဖွင့်မပြောရဲခဲ့ပေ။တစ်‌နေ့ မောင်တို့အိမ်တွင်သူတို့သူငယ်ချင်းသုံးယောက်ဆုံကြရာ ၀င်းနိုင်မှယုငယ်ကိုသဘောကျကြောင်းပြောနေကြစဥ် မောင်ကြားသွားပြီး ကလေးပီပီ သူကူညီမယ်ဟုဆိုကာ ယုငယ်အားကိုကြီး၀င်းနိုင်မှသဘောကျနေကြောင်းသွားပြောလေသည်။ ကျေးဇူးတင်စရာကောင်းသောအချက်မှာ ယုငယ်မှာလည်း၀င်းနိုင်ကိုသ‌ဘောကျနေပြီး မိန်းကလေးပီပီ ယောက်ျားလေးဘက်မှဖွင့်ပြောအလာကို စောင့်နေသူဖြစ်သည်။ထိုအုံ့ပုံးအချစ်တွေကိုဖွင့်ထုတ်ပေးပြီး မြှားနတ်မောင်လုပ်ပေးသူမှာတွယ်တာမောင်ဖြစ်သောကြောင့် သူတို့နှစ်ဦးမှာတွယ်တာ့ကိုအလွန်ခင်တွယ်ကြလေသည်။ကျောင်းပြီးသွားတော့အလုပ်ကိုယ်စီနှင့်မို့ သူငယ်ချင်းအုပ်စုအဆက်အသွယ်သာရှိကြပြီးအမြင်မှာမတွေ့ဖြစ်ကြပေ။ခုလည်းထိုသူနှစ်ဦး၏မင်္ဂလာဆောင်မို့သာလူစုံတက်စုံဖြင့်မြင်ရတော့မည်ဖြစ်သည်။)

ကျောက်စိမ်းမြေမှ သံယောဇဉ် (Ongoing)Where stories live. Discover now