“ဟဲ့ တွယ်ဝာာ နင့်မျက်နှာကြီးကဘာဖြစ်နေတာလဲ တစ်မနက်လုံးစာသင်နေတာလဲ စိတ်မပါသလိုဘဲ”
“ဘာမှမဖြစ်ပါဘူး၀ဿန်ရာ ဒီလိုပါဘဲ”
“ဘာကိုဘာမှမဖြစ်တာလည်းနင့်မျက်နှာကိုကြည့်တာနဲ့တင် သိသာနေတာကို”
“အေးလေ ၀ဿန်ရယ် ညကအိပ်မပျော်ဘူးလား”
“အင်း”
“ဘာလို့အိပ်မပျော်ဝာာလည်း”(နန်း)
“ဒီလိုကွာ မနေ့ကငါပြောတဲ့ဒေါက်တာလေ မနေ့ကအဲ့ဒေါက်တာမွေးနေ့မို့ ဘုရားသွားတာ အဲ့မှာတီချယ်နဲ့တွေ့တာဘဲ”
“အင်း အဲ့တော့”
“ဒီမနက်ကွာ တီချယ်ကငါ့ကိုတွေ့တော့ရှောင်သွားတယ် ငါစာတွေပို့ထားတာလည်း၀င်မဖတ်ဘူး မနေ့ညထဲကဖုန်းတွေခေါ်တာလည်းမကိုင်ဘူး”
“ဒါဆို tr ကအထင်လွဲသွားပြီးသ၀န်တိုနေတာထင်တယ်နော်”(၀ဿန်)
“အေး ဖြစ်နိုင်တယ်”(နန်း)
“သ၀န်တိုတာက အသာထားအုံး အထင်လွဲတာကအရင် ငါဘာလုပ်ရမလဲ”
“ရှင်းပြပေါ့”
“အေးလေ လိုက်ရှင်းပြပေါ့ ဟိုဒေါက်တာနဲ့နင်နဲ့ကတကယ်ဘာမှမဟုတ်တာသေချာလား”
“သေချာပါတယ် နန်းရာ”
“တကယ်နော်”
“တကယ်ပါ ၀ဿန်ရယ် အန်တီမှာချစ်ရသူရှိတယ် အခုအဲ့လူကအန်တီနားမှာမရှိဘူး သူကအန်တီကိုဂရုစိုက်ပေးဖို့မှာခဲ့တယ်။ အဲ့ကြောင့်ငါကစောင့်ရှောက်နေတာ အဲ့တာဘဲ”
“အဲ့တာဆိုလည်း သေချာလိုက်ရှင်းပြပေါ့”
“အင်း ဟုတ်တယ်နော် လာ ခုသွားမယ် ၁ နာရီထိုးတော့မယ် AM (မြန်မာ့ရေးရာ) အချိန်လစ်လိုက်တော့မယ်”
“ဟဲ့၈လပိုင်း ၅ရက်နေ့ စာမေးပွဲနော်”(နန်း)
“အေးဆေး ၁ လတောင်လိုသေးတယ်”(တွယ်တာ)
“ဟို အပတ်ကမှ welcome ပွဲပြီးတယ် နောက်လစာမေးပွဲတဲ့ အမလေးဟူးးး”(၀ဿန်)
“နောက်မှဟူးး စောစောကတီချယ်ကန်တင်းဘက်သွားတာတွေ့လိုက်တယ် လာ”တွယ်တာမောင်တို့သူငယ်ချင်းသုံးယောက်သည် botany ဆောင်ဘက်မှ ချစ်သူလမ်းကြားတွင် တီချယ်အလာအားထိုင်စောင့်နေကြသည်။ခဏအကြာ သူတို့စောင့်မျှော်နေသူမှာ သူတို့မသိသောတစ်စုံတစ်ယောက်နှင့်စကားပြောကာလာနေလေသည်။
“တီချယ် ပြောစရာလေးရှိလို့”
“အင်း ပြောလေတွယ်တာမောင်”
“ဟို ဟို မနေ့ကကိစ္စရှင်းပြမလို့ပါ အခြားသူတွေနဲ့မို့”
“အခြားသူမဟုတ်ပါဘူး ဒါတို့ချစ်သူ”
“ဟင်!!!!”
“ဟုတ်တယ် အဲ့ကြောင့်ပြောစရာရှိရင်ပြောပါ မပြောရင်ဖယ်ပါ တို့အတန်း၀င်ရအုံးမယ်”
“ဟင့်အင်း ပြောစရာမရှိတော့ပါဘူးတီချယ် ဟိုအစ်ကို..”
“ယောကျာ်းလေးမဟုတ်ဘူး မိန်းကလေး ပြီးတော့ တို့တစ်ခါထဲမိတ်ဆက်ပေးလိုက်မယ် မောင့်နာမည်ကသီရိကိုကိုတဲ့ မောင် ဒါက မေတို့မေဂျာကတပည့်လေး တွယ်တာမောင် တဲ့”
“ဟုတ်တွေ့ရတာ ၀မ်းသာပါတယ် မေ့ကိုခင်သလို ကျွန်တော့်ကိုလည်းခင်နိုင်ပါတယ်”
“ဟုတ်ကဲ့”
“ဒါဆို တို့သွားတော့မယ်”
“ဟုတ်ကဲ့ပါ တီချယ်”

YOU ARE READING
ကျောက်စိမ်းမြေမှ သံယောဇဉ် (Ongoing)
Romanceချစ်တယ် မောင့်အညိုရောင်လေး🤎 𝐁𝐚𝐬𝐞𝐝 𝐨𝐧 𝐚 𝐭𝐫𝐮𝐞 𝐬𝐭𝐨𝐫𝐲 ❤️🩹