Part - 26

390 17 5
                                    

ချစ်ရသူကို ရင်ခွင်ထဲထည့်ကာနိုးထရ‌သောမနက်ခင်းတိုင်းဟာ စိတ်ကြည်လင်စေသည်။တွယ်တာလည်းတီချယ့်အားဖက်ထားရာမှအသာလေးလွှတ်၍ထမည်အလုပ်

"ချွဲစိန် ဘယ်လဲ"
"မနက်စာပြင်မလို့လေ တီချယ်"
"မီးဖိုချောင်မ၀င်ရဘူးလို့ပြောထားတယ်လေ ဘာလည်းအဖြေရပြီးလို့စကားနားမထောင်တာလား"
"‌ဟော အဲ့လိုမဟုတ်ရပါဘူးဗျာ မောင့်အညိုရောင်လေးပင်ပန်းနေမှာဆိုးလို့ပါ"
"မေးအုံးမယ် ဘာလို့တို့ကိုအညိုရောင်လေးလို့ခေါ်တာလည်းချွဲစိန် မြတ်ပြောဖူးတာတို့ကို နွယ် လို့ခေါ်တယ်လို့လည်းပြောဖူးတယ်"
"နွယ်ဆိုတာက စစချင်းတွေ့ထဲကချစ်မိသွားလို့နှလုံးသားထဲရစ်နှောင်သွားလို့ နွယ် လို့ခေါ်တာဗျ။အညိုရောင်လေးဆိုတာကတော့ မောင့်အကြိုက်ဆုံးအရောင်လေး မောင်သဘောအကျရဆုံးရပ်၀န်းလေးကအသားညိုညိုလေးမို့ အညိုရောင်လေးလို့ခေါ်တာဗျ"
"အော်...ဟိဟိ သဘောကျတယ်"
"ဘုရင်မသဘောကျရင်ကျေနပ်ပါပြီဗျ"
"ချွဲစိန်"
"ဗျာ..."
"မနေ့က မင်းခန့်ကလက်ဆွဲပြီးဘာပြောတာလည်း"
"ရည်းစားစကား"
"ဘာ!!!!"
"အမလေး လန့်တောင်လန့်တယ် ဖြေးဖြေးအော်ပါ"
"ဘာလို့လက်ကိုင်ခံရတာလည်း ပြီးတော့တို့ကကောဘာလဲ"
"wait wait ရွှေစိတ်တော်မညှိုးပါနဲ့ရှင်းပြပါမယ်။မနေ့ညကမင်းခန့်ကလက်ကိုလာဆွဲပြီးရည်းစားစကားပြောတာမှန်တယ် ဒါပေမယ့်သူကအခြားယောကျာ်းတွေလိုမဟုတ်ဘူး လူကောင်းလေးမောင့်အပေါ်နားအလည်နိုင်ဆုံးလူတစ်ယောက်ဘဲ မနေ့ကသူ‌ဖွင့်ပြောတော့ မောင့်မှာလည်းမောင်ချစ်ရတဲ့ဟောဒီကမောင့်အမျိုးသမီးလေးရှိတယ်လို့ပြောလိုက်တယ်"
"ဟင်!!! တကယ်"
"တကယ်ပေါ့"
"အဲ့တော့သူကဘာပြန်ပြောလဲ"
"သူဖွင့်ပြောတာတွေကိုစိတ်ထဲမထားပါနဲ့တဲ့ သူငယ်ချင်းလိုဘဲသဘောထားပေးပါတဲ့"
"အော်....ဒါပေမယ့် ဘာဘဲဖြစ်ဖြစ်သူနဲ့ရောတာမကြိုက်ဘူး ဟိုသူနဲ့တင်မဟုတ်ဘူး တို့ကလွဲပြီးအခြားသူနဲ့ပြုံးတာကအးမကြိုက်ဘူး"
"ဟောဗျာ"
"ဟုတ်တယ် အရှင်းဆုံးပြောရရင် ဟိုဒေါက်တာသိင်္ဂီခိုင် သူနဲ့လည်းတွဲသွားတွဲလာလုပ်တာမကြိုက်ဘူးး"
"အဲ့တာ‌မောင့်ဒေါက်တာလေ"
"ဘာ!!!!!"
"အားလားလားနာတယ် တီချယ်ရဲ့ လိမ်ဆွဲထားတာ‌လေးလွှတ်ပါအုံး အမျိုးသမီးရယ်"
"နောက်တစ်ခါဆိုနားကြောပါပြတ်မယ်ဘာမှတ်"
"ဟုတ် မောင့်အညိုရောင်လေးမကြိုက်ရင်ရှောင်ပါ့မယ်ဗျာ ခုတော့မျက်နှာသစ်ကြမယ်ထ"
"ချွဲစိန်အရင်သွားသစ်နှင့် အဲ့မှာသွားပွတ်တံအသစ်အဆင်သင့်ရှိတယ်"
"ဟုတ် အိုနာလိုက်တာလက်သံကပျင်းချက်"

ကျောက်စိမ်းမြေမှ သံယောဇဉ် (Ongoing)Where stories live. Discover now