တီတီတီ....(နာရီနှိုးစက်သံ)
“ရားးးးခေါင်းကိုက်လိုက်တာ ဟင် ၈:၀၀ နာရီတောင်ထိုးသွားပြီ သွားပြီ ငါတီချယ့်ကိုစောင့်နေမယ် ပြောထားတာ နောက်ကျတော့မယ်ဒုက္ခပါဘဲ”
(မောင်လည်းတစ်ယောက်ထဲအလိုမကျမှုများဖြင့် ပွစိပွစိပြောကာပြင်ဆင်စရာရှိတာများပြင်ဆင်နေလေသည်။ညကအသောက်များသွားကာ လူမှန်းမသိအောင်မမူးပေမယ့်လည်း ဘေးမှအကူမပါဘဲလမ်းမလျှောက်နိုင် တစ်ယောက်ထဲလျှောက်လျှင်ယိုင်ထိုးနေလေသည်။ညက ၁၁ မှအိမ်ပြန်ရောက်သောကြောင့်ဒီမနက်လည်းအိပ်ယာထနောက်ကျရပေသည်။ပြင်ဆင်ပြီးနောက်ကျောင်းသွားရန်အောက်သို့ ပြေးဆင်းလာချိန်တွင် ~
“သမီးတွယ်တာ နံနက်စာမစားတော့ဘူးလား”
“မစားတော့ဘူးမေကြီး နောက်ကျနေပြီမို့”
“ဒါဆိုလည်း သံပုရာရည်လေးတော့သောက်သွားခေါင်းကိုက်နေတယ်မဟုတ်လား”
“ဟုတ်”
(သံပုရာရည်သောက်လိုက်လို့စိတ်နည်းနည်းကြည်သွားပေမယ့်ခေါင်းကိုက်မပျောက်သေးပေ။လူကလည်းအိပ်ချင်နေသလိုလိုဖြင့် နုံးနေသေးသည်။)
“သွားပြီနော် မေကြီး”
“အေးအေးသမီး ဂရုစိုက်မောင်း”
“ဟုတ် မေကြီး”
_____________________
(မောင်အရင်ထက်အလာနောက်ကျနေသဖြင့်ကားကိုအမြန် မောင်းလာလေသည်။ နောက်ကျနေသည့်ကြားမှလူကြီးလမ်းကြောင်းရှိ၍ကားလမ်းကထပ်ပိတ်နေလေသည်။နောက်ဆုံးတော့ကျောင်းသို့ရောက်လာခဲ့လေသည်။နာရီကြည့်လိုက်သော် ၉နာရီအတိပင်ဖြစ်နေလေသည်။မောင်သည်ခုမှသက်ပြင်းချနိုင်လေသည်။မောင်သည်ကျောက်စိမ်းဆောင်အောက်တွင်ကားကိုရပ်ခဲ့ကာ ခရေလမ်းအုတ်ခုံတွင်ထိုင်နေသောသူငယ်ချင်းနှစ်ယောက်ဆီသို့လျှောက်လာလေသည်။အုတ်ခုံသို့ရောက်သော်)
“ဟူးးတော်သေးတာပေါ့”
“ဟဲ့ နင့်ရုပ်ကလည်းဘာဖြစ်”(နန်း)
“နင်မဟုတ်မှ အရက်နာကျနေတာလား”(၀ဿန်)
“အေး ညကနည်းနည်းများသွားတာ သိသာနေလို့လား”(တွယ်တာ)
“အရမ်းကြီးတော့ မသိသာပေမယ့် အရက်သမားအချင်းချင်းမို့သိတယ် ဟားးဟားး နန်းကတော့သိမှာမဟုတ်ဘူး ဟုတ်တယ်မလားနန်း”(၀ဿန်)
“အေးဟုတ်တယ် မျက်နှာမလန်းတာဘဲသိတာ ဘာဖြစ်နေမှန်းမသိဘူး”(နန်း)
“ဟားးဟားး”(တွယ်တာ)
“လာလေ ကန်တင်းသွားကြမယ် ငါဗိုက်ဆာနေပြီ”(၀ဿန်)
“ငါကောဘဲ”(နန်း)
“မရသေးဘူး ပြီးမှသွားမယ် ငါတစ်စုံတစ်နွယ်ကိုစောင့်နေတာ”(တွယ်တာ)
“ဟမ်”(၀ဿန်)
“ဟေ ငါတို့နားကြားမမှားပါဘူးနော်”(နန်း)
“အေးဟုတ်တယ် မမှားပါဘူးး ငါတီချယ့်ကိုစောင့်နေတာ ညကငါ bar မသွားခင်တီချယ်မြတ်နဲ့စကားပြောရင်း ငါ့ရဲ့နွယ်လေးအကြောင်းမေးတော့.....အင့်ဟယ်ဖျန်းးးးအင့်ဟယ်ဖျန်းးး”(တွယ်တာမှစကားပြောနေရင်း၀ဿန်နှင်းနန်းအားတစ်ယောက်တစ်ချက်ရိုက်လိုက်လေသည်။)
“ဟ နာတယ်ဟ”(နန်း)
“အေးလေ ဟဲ့အစုတ်ပလုတ်မ ဘာလို့ငါတို့ကိုရိုက်တာလည်း”(၀ဿန်)
“ကိုယ့်အပစ်ကိုယ်မသိကြဘူးပေါ့လေဟုတ်လား မနေ့ကနင်တို့နှစ်ကောင် ငါ့ကိုတီချယ်မြတ်နဲ့ပေါင်းပြီးဝိုင်းရယ်နေကြတာလေ ငါမမေ့ဘူးနော်သိဖို့”(တွယ်တာ)
“ဟီးဟီးး သူငယ်ချင်းကလည်း
ငါတို့ကချစ်လို့ စတာ”(နန်း)
“ကဲပါ ရိုက်ပြီးပြီဆိုတော့ ကျေနပ်လိုက်တော့ ခုတော့ညကနင့်နွယ်နဲ့စကားပြောတဲ့အကြောင်းဆက်ပြောအုံးနားထောင်ရတာတန်းလန်းကြီး”(၀ဿန်)
“အင်းး ညကတီချယ်မှုံနေမကောင်းဘူးဆိုပြီးတီချယ်မြတ်ပြောလို့သိရတာ အဲ့တာဒီထက်သိချင်ရင် တီချယ်မြတ်က ရှင့်ရဲ့နွယ်လိုင်းတတ်နေတယ်စကားသွားပြောဆိုလို့ သွားပြောရင်းနဲ့ နေမကောင်းတာစိတ်မချဘူးအဆောင်လာခေါ်ရမလားမေးတော့ ရပါတယ် မခေါ်ပါနဲ့တဲ့ ဒါပေမယ့်စိတ်မချလို့ကျောင်းထိပ်မှာစောင့်နေမယ်ပြောထားတာ အဲ့တာဘဲ”
“အော်....လက်သွက်ချက်”(နန်း)
“ပထမခြေလှမ်းအောင်မြင်ခြင်း”(၀ဿန်)
“ဟူးးးး၉ခွဲတော့မယ် ဘာလို့မလာသေးတာလဲမသိဘူးး”(တွယ်တာ)
“ဟဲ့တွယ်တာ ဟိုမှာလာနေပြီဟဲ့”(နန်း)
(ထိုအချိန် ဂိတ်၀မှစက်ဘီးလေးနင်းရင်း၀င်လာသောတွယ်တာမောင်၏သံယောဇဥ်နွယ်ကြိုးလေး)
“တီချယ်”
“အော် ကလေးတကယ်စောင့်နေတယ်ပေါ့”
“စောင့်နေတာပေါ့ နေမကောင်းခါစမို့ တစ်ယောက်ထဲစိတ်မချပါဘူးပြောထားတာကို”(တွယ်တာ)
“ဟုတ်တယ် တီချယ်ရေ တီချယ်နောက်ကျနေလို့ စိတ်ပူပြီးသူမျှော်နေတာ သစ်ကုလားအုတ်ဖြစ်တော့မယ်”(၀ဿန်)
“ဟာ နင်ကလည်း ဘာတွေလျှောက်ပြော”(တွယ်တာ)
“မဟုတ်လို့လား နန်းရေ နော်”(၀ဿန်)
“အေးလေ ခုမှလာရှက်နေတယ်”(နန်း)
“နင်တို့နော်”(တွယ်တာ)
“ဟားဟား တော်ကြတော့ကလေးတွေ မစနဲ့တော့ ဟိုမှာဟိုတစ်ယောက်မျက်နှာကခရမ်းချဉ်သီးအရှုံးပေးနေရပြီ ပြီးဝောာ့ထပ်ပြောကအုံးမယ်ကျမက ၉ခွဲမှာလာတာရှင့် သူ့ဘာသာအချိန်မမေးဘဲအစောကြီးလာစောင့်ပြီးစိတ်ပူနေတာ”(တီချယ်မှုံနံ့သာမေ)
“ဟားဟားဟားး ပေးပေးတီချယ့်စက်ဘီး သမီးတို့ယူပြီးသွားနှင့်မယ်”(၀ဿန်)
(၀ဿန်နဲ့နန်းမှာ တီချယ့်စက်ဘီးယူပြီးရှေ့မှထွက်သွားလေသည်။ မောင်ကတော့သူ့သူငယ်ချင်းနှစ်ယောက်အား မိမိကိုတီချယ်နဲ့နှစ်ယောက်ထဲထားခဲ့သောကြောင့်စိတ်ထဲတွင်မေတ္တာပို့နေလေသည်။တွယ်တာမောင်မှာ တီချယ်နှင့်ဘေးချင်းကပ်လျှောက်နေရသဖြင့် ကြောက်သလိုလိုဖြစ်နေသောကြောင့် လက်များကိုပွတ်နေလေသည်။ထိုအချိန်တွင် တီချယ်မှ မောင့်လက်အားယူ၍ တီချယ့်လက်သို့ချိတ်လိုက်လေသည်။)
“ဘာဖြစ်နေတာလဲ လက်တွေအေးစက်နေတာဘဲ”
“ဘာ ဘာမှမဖြစ်ပါဘူးး တီချယ်”
“လိမ်တာတို့မကြိုက်ဘူးးနော်”
“ဟို....ဟိုလေ တီချယ့်ကိုကြောက်လို့”
“တို့ကကြောက်စရာကြီးဖြစ်နေတာလား ဟင်”
(ချွဲချွဲနဲ့နဲ့လေးဖြင့်ဆိုလာလေသည်။မောင်လည်းလက်သီးဆုတ်၍သူ့လက်ညှိုးအားသူကိုက်နေလေသည်။နဂိုထဲကမှကြွေချင်နေသော တွယ်တာမောင့် အဖို့ကြွေကျယုံမှအပအခြားမတတ်နိုင်ပေ။)
“မဟုတ်ပါဘူးး တီချယ်က ချစ်စရာလေးပါ”
“ချစ်စရာလေးဆို တို့ကိုဘဲချစ်ရမယ်နော်”
“ဟုတ် ဗျာတီချယ်.....”
“အမလေးဖြေးဖြေးပြောပါ လန့်လိုက်တာ တို့ပြောတာက တို့ကိုချစ်စရာလေးဆိုတော့ အခြားဆရာမတွေထဲမှာ တို့ကိုဘဲပိုချစ်ရမယ်လို့ပြောတာပါ”
“အော်ဟုတ်.....ဟုတ်ကဲ့ပါတီချယ်”
“ကဲတို့သွားပြီနော် နောက်မှထပ်တွေ့မယ်”
“ဟုတ်တီချယ်”
“ကလေးတို့နှစ်ယောက်က စက်ဘီးကို ဟိုးအခန်းရှေ့မှာရပ်ထားပေးနော် သော့ကိုဖြုတ်ပြီးရှင်တို့တီချယ်မြတ်ကိုပေးလိုက်နော်”
“ဟုတ် တီချယ်”(နန်း/၀ဿန်)
“စက်ဘီးထားပြီးရင်ကန်တင်းသွားမယ်နော်”(နန်း)
“တွယ်တာ တစ်ဝိုင်းနော် တစ်ဝိုင်း”(၀ဿန်)
“အေးပါကွာ အေးအေး”(တွယ်တာ)
စက်ဘီးသွားထားစဉ် ~
“ဟယ် တွယ်ဝာာ သမီးနေမကောင်းဘူးလား”(တီချယ်မြတ်)
“ကောင်းပါတယ် တီချယ်မြတ်”(တွယ်တာ)
“မသိဘူးလေ သမီးမျက်နှာကြီးရဲနေတော့ နေများမကောင်းလို့လား လို့”(တီချယ်မြတ်)
“နေမကောင်းတာ မဟုတ်ဘူးတီချယ်ရေ ရှက်လာတာ.... ရှက်လာတာ”(၀ဿန်)
“ဟေ ဘယ်သူနဲ့တွေ့ပြီးအဲ့လောက်ရှက်လာရတာလဲ”(တီချယ်မြတ်)
“တီချယ်မှုံနံ့သာမေ နဲ့ဟိဟိ”(နန်း)
“ဟဲ့တိုးတိုးပြောကြပါဟ” (တွယ်တာ)
“ဟားဟားဒီမိန်းမငါ့သမီးကိုဘယ်လိုလုပ်လိုက်လို့အဲ့လောက်မျက်နှာတွေရဲတွတ်ပြီး ရှက်နေရတာလဲမသိ”(တီချယ်မြတ်)
“ဘာမှ ဘာမှမလုပ်လိုက်ပါဘူးးတီချယ်မြတ် ဗိုက်ဆာနေလို့သွားတော့မယ်နော်”(တွယ်တာလည်းရှက်ရှက်ဖြင့်ကန်တင်းသို့ထွက်လာလေသည်။)
“ရော်......ဒီကလေးမတစ်ယောက်လဲ တော်တော်ရှက်တတ်တာဘဲ”(တီချယ်မြတ်မှာပြုံးပြီးပြောနေလေသည်။)
ကန်တင်းသို့ရောက်သောအခါ တွယ်တာမောင်မှာ နန်းနှင့်၀ဿန်အား မနက်ကတီချယ်နဲ့ဖြစ်လာသောအကြောင်းအရာများကိုပြန်ပြောပြနေလေသည်။
“ဝါးးးတီချယ်ကအဲ့လိုချွဲနေတော့ ချစ်ဖို့ကောင်းနေမှာပေါ့နော်”(နန်း)
“ဟိ ငါတောင်တွေ့ချင်လာပြီ”(၀ဿန်)
“ဟွန့် နင်တို့ရှေ့ချွဲခိုင်းစရာလားး ငါကလေငါတစ်ယောက်ထဲရှေ့မှာချွဲတာမြင်ချင်တာ”(တွယ်တာ)
“အမလေးဟယ် ပိုကိုပိုလွန်းတယ်”(၀ဿန်)
“ကဲပါ မြန်မြန်စားကြတော့ 1 နာရီ PT ရှိတယ်”(နန်း)
“ဟုတ်သား”(၀ဿန်)
တစ်ဖက်တွင်လည်း ~
“ဟိုမိန်းမ တို့ကလေးကိုဘာလုပ်လိုက်လဲပြော ဟိုမှာမျက်နှာကြီးကိုနီရဲလို့”(တီချယ်မြတ်သူသူ)
“အမလေးမြတ်ရယ် ရှင့်ကလေးကိုဘာမှမလုပ်ပါဘူးသူ့လက်တွေပွတ်နေလို့ လက်ကိုလှမ်းဆွဲလိုက်တာ အဲ့မှာသူ့လက်တွေကအေးစက်နေကောဘဲ ဘာလို့အေးနေတာလဲလို့မေးလိုက်တော့ သူကငါ့ကိုကြောက်လို့တဲ့လေ အဲ့တော့ငါက “တီချယ်ကကြောက်စရာကြီးဖြစ်နေတယ်ပေါ့လို့” ပြောလိုက်တော့ မဟုတ်ပါဘူးချစ်စရာလေးပါတဲ့။အဲ့တော့ငါလည်းစချင်တာပေါ့
“ချစ်စရာလေးဆို တို့ကိုဘဲချစ်ရမယ်နော်” လို့ပြောလိုက်တော့ မျက်နှာကခရမ်းချဉ်သီးမျက်နှာဖြစ်သွားတာဘဲဟေ့” (တီချယ်မှုံနံ့သာမေ)
“ဟားးဟားဟားဟားး အမလေးရယ်ရတာအူတောင်နာတယ်ဟယ်”(တီချယ်မြတ်)
“နင်ဟယ် ကလေးကိုအဲ့လောက်မရီပါနဲ့”(တီချယ်မှုံ)
“အမလေး ချက်ချင်းကလေးတဲ့ဟယ် အံ့ဩပါ့ ဒါနဲ့နော် နင်ကအဲ့လိုမျိုးတွေအကျိုးပေးတယ်နော်”(တီချယ်မြတ်)
“ဘာကိုလဲဟ”(တီချယ်မှုံ)
“ဒီလိုလေ နင့်ကိုသဘောကျတဲ့သူတော်တော်များက Tomတွေလေ”(တီချယ်မြတ်)
“အော် အဲ့တာကတော့ ကျောင်းတုန်းထဲကဟေ့ ဒါပေမယ့်မိန်းကလေးပုံစံနဲ့နူးနူးညံ့ညံ့ သဘောကျတာဆိုလို့ တွယ်တာမောင်ကတော့ပထမဆုံးဘဲ”(တီချယ်မှုံ)
“နင့်ဘဲဘဲကတွယ်တာ့အကြောင်းသိရင်တော့ အရင်လူတွေလိုဘဲနင့်ကိုမခေါ်ခိုင်းမပြောခိုင်းဖြစ်နေအုံးမယ်”(တီချယ်မြတ်)
“ဟင်းးးသူမသိစေနဲ့ပေါ့မြတ်ရာ တွယ်တာကအရင်လူတွေလိုငါ့ကိုစိတ်ရှုပ်အောင်သဘောကျတာကိုအတင်းထုတ်မပြောဘူး သူ့ဘာသာသူအေးဆေးလေးဘဲနေတာ ပြီးတော့စတွေ့ထဲကလည်းသူဘဲငါ့ကိုအမြဲကူညီနေတာ ကားနဲ့လိုက်လိုက်ပို့တယ်ဆိုတဲ့ကလေးက သူပေါ့”(တီချယ်မှုံ)
“အော် ကံကြမ္မာကဆန်းကြယ်သားနော် အေးပါဟာနင်လည်းနင့်အကြောင်းနင်သိတာဘဲ ကလေးကိုတော့ဒဏ်ရာမပေးမိစေနဲ့ပေါ့”(တီချယ်မြတ်)
“အေးပါ ငါလည်းမပိုမိအောင်အတတ်နိုင်ဆုံးထိန်းမှာပါ”(တီချယ်မှုံ)
ဆရာမများနားနေခန်းတွင်သက်ပြင်းချသံ စိတ်မကောင်းဖြစ်သံများနှင့်တိတ်ဆိတ်သွားလေသည်။
__________________________
(ဇာတ်ကောင်ရဲ့အသဲယားရင် လက်သီးဆုတ်ပြီးလက်ညှိုးကိုကိုက်တတ်တဲ့အကျင့်ကစာရေးသူရဲ့အကျင့်ဘဲ စာရေးသူလည်းအသဲယားရင် အမြဲလက်သီးဆုတ်ပြီးလက်ကိုကိုက်တတ်တယ်😹)21.12.2024 (Sat) 10:00 Am

YOU ARE READING
ကျောက်စိမ်းမြေမှ သံယောဇဉ် (Ongoing)
Romanceချစ်တယ် မောင့်အညိုရောင်လေး🤎 𝐁𝐚𝐬𝐞𝐝 𝐨𝐧 𝐚 𝐭𝐫𝐮𝐞 𝐬𝐭𝐨𝐫𝐲 ❤️🩹