နောက်တစ်နေ့တွင် ~
“ဟွန်းး တီချယ်ကလည်းချေလိုက်တာနော် အပ်ထားတာတောင်လက်မခံဘူး။တော်ပြီမအပ်တော့ဘူးး”
မောင်သည် တော်ရုံတန်ရုံမည်သူ့ကိုမျှအရင်စပြီးအဖတ်မလုပ်တတ်ပေ။တစ်ယောက်ထဲသီးသန့်အနေများသည်။လူများလူရှုပ်သည်ကိုမကြိုက်။ဆူညံသောပတ်၀န်းကျင်ကိုလည်းမကြိုက်တတ်ပေ။ယခုတွင်လည်း တီချယ့်ကိုfriအပ်ထားတာ တစ်ရက်တောင်မပြည့်သေးဘဲ fri လက်မခံသည်ဟုဆိုကာအပ်ထားသောfriend request အားပြန်ဖြုတ်လိုက်လေသည်။ထို့နောက်မောင်သည်မေ့မေ့ပျောက်ပျောက်ဖြင့် နေကာကျောင်းတတ်ရန် တနင်္လာနေ့သို့ပင်ရောက်လာလေသည်။
__________________
“မေကြီးရေ တွယ်တာကျောင်းသွားတော့မယ်”
“အံမယ် ငါ့သမီးကမြန်မာ၀မ်းဆက်တွေဘာတွေ၀တ်လို့ပါလား”
“ဟုတ်တယ်မေကြီးရယ် ကျောင်းမှာမြန်မာ၀မ်းဆက်ဘဲ၀တ်ရမယ်တဲ့လေ ဘောင်းဘီတွေဘာတွေ၀တ်မရဘူး”
“ဟားးဟားး သမီးတော့နေရခက်နေတော့မယ်”
“ဟုတ်ပမေကြီးရယ် တွယ်တာစိတ်ညစ်”
“ဒါနဲ့ ဖေကြီးကော”
“သမီးအဖေကြီး အလုပ်ပေါ်လာလို့ကုမ္ပဏီကိုအစောကြီးထဲကသွားပြီ”
“အော်....ဖေကြီးကုမ္ပဏီလည်းမရောက်တာကြာပြီသွားရအုံးမယ်”(မနက်စာစားရင်းတစ်ယောက်ထဲရေရွတ်နေလေသည်။)
“အချိန်စာရင်းနဲ့အခန်းလည်းရှာရမှာဆိုတော့ တွယ်တာသွားတော့မယ်နော် မေကြီး”
“ဟုတ်ပြီသမီးလေး ကားဂရုစိုက်မောင်းနော်”
“ဟုတ်မေကြီးး”
“ဘိုင့်ဘိုင့် မွ”
(မောင်သည်မြန်မာ၀မ်းဆက် ၀တ်ရသည်ကိုတစ်စက်ကလေးမှမကြိုက် စိတ်ကိုကျဉ်းကျပ်စေသည်ဟုခံစားရသည်။ဒါကြောင့်ပင် စိတ်ပေါ့ပါးစေသောဘောင်းဘီ၊ဂါ၀န် တို့သာ၀တ်ဖြစ်သည်။ခုတော့မြန်မာ၀မ်းဆက်ဖြင့်ကျောင်းကိုသွားရတော့မည်)
___________________
ကျောင်းသို့ရောက်စဉ် ~
ပထမဆုံးနေ့ဖြစ်၍ ကျောင်း၌ကျောင်းသားများစွာဖြင့်စည်ကားနေလေသည်။အချို့မှာသူငယ်ချင်းတွေခုမှပြန်တွေ့ရသောကြောင့် စကားများဖောင်ဖွဲ့နေကြသည်။အချို့ကျပြန်တော့လည်း တက္ကသိုလ်ဟူသည့်အတိုင်း ကိုယ်စီကိုယ်စီအတွဲလေးများဖြင့်၀င်လိုက်ထွက်လိုက်ဖြင့်ရှုပ်နေကြသည်။မောင်သည် တစ်ယောက်ထဲအူကြောင်ကြောင်ဖြင့် ခရေလမ်းကအုတ်ခုံ၌ထိုင်နေစဉ် -
“ဟေ့ ဒီမှာခဏထိုင်လို့ရလား အခြားမှာလူတွေပြည့်နေလို့”
“ဟုတ် ရပါတယ်”
“ဒါနဲ့ you နာမည်က”
“တွယ်တာမောင်ပါ တွယ်တာလို့လည်းခေါ်လို့ရပါတယ်”
“I နာမည်က ၀ဿန်မိုး”
“တွယ်တာကဘယ်မေဂျာကလည်း”
“zool က”
“ဒါဆို ၀ဿန်လည်းတူတူဘဲ zool ကဘဲ အဖော်မရှိသေးတာနဲ့ကွက်တိဘဲ တူတူထိုင်လို့ရပြီ”
“ဟုတ် ၉ နာရီလည်းထိုးတော့မှာဆိုတော့အတန်းလိုက်ရှာကြမလား”
“ရှာကြမယ်လေ ၀ဿန်လည်းအဆောင်မသိသေးဘူး”
“နင်ကနီးနီးလေးနဲ့ဝေးနေတယ် Zool ဆောင်ကရှေ့ကကျောက်စိမ်းဆောင်မှာတဲ့ အို့စ်!! Sorry နော် နင်လို့သုံးလိုက်မိတယ် stateကျောင်းတုန်းထဲက အကျင့်ပါနေလို့”
“ရပါတယ် တွယ်တာရဲ့ သူငယ်ချင်းတွေဘဲရင်းရင်းနှီးနှီးပေါ့”
“အင်းအင်း လာငါတို့သွားကြမယ်”
(မောင်တို့လည်း စာသင်ခန်းရှာရန်၀င်လာလိုက်လေသည်)

YOU ARE READING
ကျောက်စိမ်းမြေမှ သံယောဇဉ် (Ongoing)
Romanceချစ်တယ် မောင့်အညိုရောင်လေး🤎 𝐁𝐚𝐬𝐞𝐝 𝐨𝐧 𝐚 𝐭𝐫𝐮𝐞 𝐬𝐭𝐨𝐫𝐲 ❤️🩹