Part - 11

254 14 0
                                    

မောင်လည်းစနေနေ့ကျောင်းပိတ်ရက်ဖြစ်၍ အစောကြီးမထဘဲအိပ်နေလေသည်......ထိုအချိန်တွေ messager မှစာတွေဆက်တိုက်၀င်သံကြားလိုက်ရသည်။
"ဟ ‌ခုမှ ၉:၀၀ နာရီဘဲရှိသေးတယ် ဘယ်သူကအဲ့လောက်တောင်ပို့နေတာလဲမသိ"(ဟုပွစိပွစိပြောကာ ဖုန်းယူကြည့်လိုက်စဉ် Shwe Hmone ဟူသော messager noti ကြောင့် တွယ်တာမောင်၏အိပ်ချင်နေသောမျက်လုံးများပင်ပြူးရလေသည်။)
"ညက စာပို့မယ်ထင်ပြီးစောင့်နေတာ"
"စာလည်းမပို့ဘူးး"
"သက်သာပြီလားလို့တောင်မေးဖော်မရဘူး"
"နေကောင်းသွားပြီဆိုတော့လည်း ဂရုတောင်မစိုက်တော့ဘူးပေါ့ စိတ်လည်းမပူတော့ဘူးထင်ပါတယ်"
(တီချယ်တစ်ယောက်ထဲစာတွေဆက်တိုက်ပို့နေလေသည်။မောင်လည်း စာတွေဖတ်ပြီးပြုံးနေရင်းစာပြန်လိုက်လေသည်။)
"ဟယ် တီချယ်ရယ် အဲ့လိုမဟုတ်ပါဘူးး ညကတွယ်တာစာလုပ်နေတာ အဲ့တာနောက်ကျသွားလို့ပါ"
"နောက်ကျသွားလည်းစာပို့ထားလို့ရပါတယ် ခုကမပို့ချင်မှန်းသိသာတယ်"
"ဟော မဟုတ်ရပါဘူးဗျာ နောက်တစ်ခါဆိုနေ့တိုင်းစာလာပို့မယ်နော်ဟုတ်ပြီလား တီချယ်လူဆိုးမ"
"ဟွန့် ပြီးကော သူများကိုများလူဆိုးမတဲ့ ငရဲကြီးပါစေတော်😒"
"ဟားဟားရပါတယ် ကြီးပ‌‌စေပေါ့ ငရဲကြီးရင်ငရဲလေးနိုင်တယ် လူဆိုးမရဲ့"
(မောင်လည်း messager ရဲ့ nickname နေရာလေးတွင် "တီချယ်လူဆိုးမ💕" ဟုမှတ်ထားလိုက်လေသည်။)
"ဟဲဟဲ ရပြီ တီချယ်လူဆိုးမ ဆိုတာ တွယ်တာရဲ့မူပိုင်နာမည်ဖြစ်သွားပြီနော်"
"အွန်းးပါ ဒါနဲ့ခု တွယ်တာဘာလုပ်နေတာလဲ"
"ကျောင်းနှစ်ရက်‌တောင်ပိတ်ထားတော့ တီချယ့်ကိုလွမ်းနေတာ"
"သွားပါ အပိုတွေပါ ကျောင်းကအချောလေး‌တွေကိုလွမ်းနေတာမလား"
"ဟုတ်တယ်လေ ကျောင်းကဒေါ်မှုံနံ့သာမေဆိုတဲ့ ‌ဆရာမချောချောလေးကိုလွမ်းနေရတာ လွမ်းဖျားတောင်ဖျားတော့မလားမသိ🥺"
"ဟွန့် အချွဲလေး စကားတွေသိပ်တတ်"
"အဲ့အချွဲလေးက တီချယ့်ကိုဘဲချွဲတာပါနော်"
"ဟုတ်ပါပြီ အဲ့တာကြောင့်လဲချစ်နေရတာ"
"တွယ်တာကပိုချစ်တာပါနော်"
"ဟုတ်ပါပြီ ဟုတ်ပါပြီ"
"ဟီးးဒါဆိုမျက်နှာသစ်လိုက်အုံးမယ်နော် တီချယ်"
"ခုမှနိုးတာပေါ့ ငပျင်း‌လေး"
"ဟီးတီချယ်ကလည်း ညကစာလုပ်လိုက်လို့ အိပ်တာနောက်သွားလို့ပါ"
(မောင့်နည်းတူစွာ messager ရဲ့ nickname နေရာလေးတွင် "အချွဲလေး💗" ဟုတီချယ့်ဘက်မှမှတ်ထားလိုက်လေ)
"ကဲအချွဲလေးဆိုတာလည်း တို့မူပိုင်နာမည်ဖြစ်သွားပြီနော် ဟွန်းးးအခြားသူတွေကိုလျှောက်မချွဲရဘူးနော် ဒါဘဲတို့အပြင်သွားမို့"
"အာ ဟုတ်ပါပြီဗျာ စိတ်ချဒီအချွဲ‌လေးက တီချယ့်ကိုဘဲချွဲမှာဟုတ်ပြီလား တွယ်တာလာခေါ်ပေးရအုံးမလားတီချယ်"
"ရတယ် ရတယ် မလာနဲ့တော့ မြတ်နဲ့အခြားသူငယ်ချင်းတွေလည်းပါတယ်"
"အော်....ဟုတ် ဒါဆိုဂရုစိုက်သွားနော် ဘိုင့်ဘိုင့်"
"omm bb"
(မောင်လည်းလုပ်စရာရှိတာများလုပ်၍အောက်ထပ်သို့ဆင်းလာလေသည်။အလုပ်ပိတ်ရက်ဖြစ်မိသားစုများလူစုံတတ်စုံ)
"ဖေကြီး တွယ်တာပြောထားတဲ့ ဒါန်းနဲ့ဥယျာဉ်ကိစ္စ ကဒီနေ့ပြင်လို့ရလား"
"ရတယ်လေသမီးလေး သမီးကိုကြီးနှစ်ယောက်လဲအားနေတာဆိုတော့လုပ်ပေါ့"
"ဟီးးးဟုတ်ဖေကြီး အားးမုန့်ဟင်းခါးနံ့လေးကမွှေးနေတာဘဲ သွားစားလိုက်အုံးမယ် ကိုကြီး ကိုငယ် ပြီးရင်ပန်းဆိုင်သွားကြမယ်‌နော်"
"အေးအေးအငယ်မ"(ထူးမောင်/ထူးအောင်)
A few minute ~
"ကိုကြီး ကိုငယ်သွားကြမယ်"
"အေးအေး"(ထူးအောင်/ထူးမောင်)
"ဖေကြီး မေကြီးသွားလိုက်အုံးမယ်နော်"
"အေးအေးသမီး"
"ကားကိုဂရုစိုက်မောင်းနော် သမီးတွယ်တာ"
"ဟုတ်ကဲ့မေကြီး"
(မောင်လည်း ဂိုထောင်နားတွင် ပန်းဥယျာဉ်သေးသေးလေးထားချင်ကြောင်းနဲ့အိမ်ရှေ့တွင်လည်းဒါန်းလေးထားချင်ကြောင်း သူ့အစ်ကိုနှစ်ယောက်‌အားပြောပြနေလေသည်။)
"အော်အငယ်မရယ် စောစောမပြောဘူးး ကိုကြီးတို့ကြို၀ယ်ပေးထားမှာပေါ့"(ထူးမောင်)
"အေးလေ အငယ်မရယ် ဒါန်းက ကိုကြီးသူငယ်ချင်းဆိုင်ရှိတယ်"(ထူးအောင်)
"ဟုတ်လား အဲ့ဆိုလှမ်းပြောထားပေး ပန်းဥယျာဥ်ဆိုင်ကအပြန်၀င်ယူလိုက်ကြမယ်"(တွယ်တာ)
"ဟုတ်ပြီ ဒါန်းက ဘာအရောင်လိုချင်တာလည်း"(ထူးအောင်)
"အင်းးး အပြာလေးနဲ့ခရမ်းနုလေးကိုရော‌စပ်ထားတာ"(တွယ်တာ)
"အေးအေး"(ထူးအောင်မှာသူငယ်ချင်းဆိုင််ဖုန်းဆက်၍မှာစရာရှိတာများမှာနေလေသည်။)
"အံမယ် ငါ့ညီမကအရောင်နုတွေတော့ခံစားတတ်သားဘဲ"(ထူးမောင်)
"အော် မိန်းကလေးဘဲလေဗျာ"(တွယ်တာ)
"အော် ယောကျာ်းကြီးမှတ်လို့"(ထူးမောင်)
"ကိုကြီးနော်"(တွယ်တာ)
( "ရွှန်းသိင်္ဂီ" ဟူသော ဆိုင်းဘုတ်ရှေ့အရောက် မောင်တို့ကားလေးရပ်လိုက်လေသည်။)
"အန်တီရေ အန်တီ"(တွယ်တာ)
"ရှင် လာပါပြီ"(ထားမြတ်သိင်္ဂီ)
"ဟီးးအန်တီ"(တွယ်တာ)
"ဟယ်သမီး တွယ်တာ သမီးသူငယ်ချင်းဆီလာတာလား"(ထားမြတ်သိင်္ဂီ)
"မဟုတ်ပါဘူးး အန်တီဆီလာတာ ပန်းတွေလာ၀ယ်တာ အန်တီတွယ်တာ့အသံကိုမမှတ်မိ‌ဘူးပေါ့ စိတ်ကောက်လိုက်ရ"(တွယ်တာ)
"အမလေးတော် မကောက်ပါနဲ့အိမ်ကတစ်ယောက်တောင်မနည်းချော့နေရတာ"
"စန္ဒာကစိတ်ကောက်တတ်တယ်ပေါ့ ဟုတ်လား"
"ဟုတ်ပါ့ အရမ်းကောက်တာ တွယ်တာရေ"
"ဟားး အော်မိတ်ဆက်ပေးရအုံးမယ် ကိုကြီး ကိုငယ် ဒါတွယ်တာ့သူငယ်ချင်းရဲ့ဇနီး ‌ပန်းပျိုးသူဥယျာဉ်ဆိုင်ပိုင်ရှင် ဒေါ်ထားမြတ်သိင်္ဂီ တဲ့"(တွယ်တာ)
"ဟုတ်တွေ့ရတာ ၀မ်းသာပါတယ်အန်တီ"(ထူးမောင်/ထူးအောင်)
"အန်တီ ဟိုဘက်ကတစ်ယောက်က တွယ်တာ့ကိုကြီး ထူးမောင်တဲ့ ဒီဘက်ကတစ်ယောက်ကတော့ တွယ်တာ့ကိုငယ် ထူးအောင်တဲ့ ၅မိနစ်ခြားအမြွှာညီကိုတွေလေ"(တွယ်တာ)
"အေးပါ အန်တီလည်းတွေ့ရတာ၀မ်းသာပါတယ် ခဏထိုင်ကြအုံးနော် မောင့်ကိုသွားခေါ်လိုက်အုံးမယ် အပူသောက်မလား အအေးသောက်မလား ကလေးတို့"(ထားမြတ်သိင်္ဂီ)
"အအေးဘဲပေးအန်တီ"(တွယ်တာ)
(ဒေါ်ထားမြတ်သိင်္ဂီထွက်သွားပြီးနောက်)
"ဟီးအန်တီသိင်္ဂီခေါ်တဲ့ မောင်ဆိုတာကလေယောကျာ်းလေးမဟုတ်ဘူး မိန်းကလေးမိန်းကလေး သိလား"(တွယ်တာ)
"ဟေ ငါ့ညီမကတော့ နောက်ကျကျန်ခဲ့ပြီဟေ့"(ထူးအောင်)
"ဟုတ်ပ သူများတွေက အဖြစ်ရှိကုန်ပြီနော် ခေါ်တာတောင် မောင်တဲ့ ငါ့ညီမဘဲအဖြစ်မရှိသေးတာ"(ထူးမောင်)
"ကြိုးစားနေပါတယ် ကိုကြီးတို့ရာ"(တွယ်တာ)
(မောင့်အစ်ကိုနှစ်ယောက်ပြောသောစကားများမှာလှောင်ခြင်းအလျဉ်းမရှိ။သူတို့ညီမကိုလည်းသူများတွေနဲ့နည်းတူပျော်ရွှင်မှုတွေရှိစေချင်သောကြောင့်ဖြစ်သည်။ခဏအကြာ)
"ဟေးတွယ်တာ"(စန္ဒာ)
"ဟာ သူငယ်ချင်း မယက ကြီး"(တွယ်တာ)
"အင့်ဟယ် ဖျန်းးး နင်နဲ့ငါတွေ့တာနဲ့ကိုအပေါက်အလမ်းက မတည့်ဘူး"(စန္ဒာ)
"စတာပါ စန္ဒာရယ်"(တွယ်တာ)
"ကဲဆို နင်ဒီကို ဘာလာလုပ်တာလည်း"(စန္ဒာ)
"ငါ့အိမ်မှာ ဥယျာဉ်သေးသေးလေးလုပ်ချင်လို့ အဲ့တာနင့်အန်တီဆီကပန်းတွေလာ၀ယ်တာ မိတ်ဆက်ပေးရအုံးမယ်စန္ဒာ ဒါ ငါ့ကိုကြီး ထူးမောင်/ဒါကတော့ ကိုငယ် ထူးအောင် တဲ့"(တွယ်တာ)
"ဟုတ်တွေ့ရပါတယ် စန္ဒာ့ကိုလည်းညီလေးတစ်ယောက်လို အယ်မဟုတ်ပါဘူး ညီမလေးတစ်‌ယောက်လိုသဘောထားပြီးအမြင်မ‌တော်တာရှိရင်ဆုံးမလို့ရပါတယ်ဗျ"(ရွှန်းလဲ့စန္ဒာ)
"ကိုကြီး ကိုငယ် ဒါကတော့ စောစောကအန်တီသိင်္ဂီ‌ခေါ်တဲ့မောင် အန်တီရဲ့အိမ်သူသက်ထား ရွှန်းလဲ့စန္ဒာတဲ့"(တွယ်တာ)
"ဟုတ်တွေ့ရတာ ၀မ်းသာပါတယ်ဗျ"(ထူးမောင်)
"ဟုတ် အိမ်ကအငယ်မ ကိုလည်းသင်တန်းလေးဘာလေးပို့ချပြီးသင်ပေးပါအုံးနော် အပ်ပါတယ်"(ထူးအောင်)
"ဗျာ....ဟုတ်"(စန္ဒာတစ်ယောက်နားမလည်မှုများစွာဖြင့်)
"ကဲ အငယ်မ ပန်းသွားရွေးမယ်လေ"(ထူးမောင်)
"တွယ်တာမလိုက်တော့ဘူး စန္ဒာနဲ့စကားပြောမလို့ ကိုကြီးနဲ့ကိုငယ်ဘဲ ၀န်ထမ်းကောင်မလေးတွေကို အဆင်ပြေတာသာ သွားရွေးပြီးထည့်ခိုင်းလိုက်တော့ပန်းမျိုးက‌တော့ ဒီမှာရှိသမျှမျိုးအစုံနော်"(တွယ်တာ)
"ဟုတ်ပြီ ဟုတ်ပြီ"(ထူးအောင်)
(ထူးမောင်နဲ့ထူးအောင်လည်း ၀န်ထမ်းများနှင့်အတူ ပန်းတွေသွားရွေးနေလေသည်။)
"ဟဲ့ စောစောကသင်တန်းလေးဘာလေးပို့ချပေးပါဆိုတာဘယ်ဟာလည်း"(စန္ဒာ)
"အေးးအဲ့တာပြောပြမလို့အန်တီသိင်္ဂီကော အန်တီ့ပါခေါ်လိုက်အုံးအကြံလေးဘာလေးတောင်းရအောင်"(တွယ်တာ)
"အေးအေးး အချစ်ရေ......ဒီကိုလာပါအုံး တွယ်တာကအကြံလေးတောင်းစရာရှိလို့တဲ့"(ရွှန်းလဲ့စန္ဒာ)
"လာပြီ......မောင်ရေ"(ထားမြတ်သိင်္ဂီ)
"အမလေးး ငါ့ကိုပုရွက်ဆိတ်တွေချီတော့မယ်ထင်တယ် ဒီနားမှာအချိုတွေများနေလို့"(တွယ်တာ)
"ကဲပြောသမီး ဘာတွေအကြံတောင်းချင်တာလဲ"
"ဒီလိုဗျာ...&$#...&$#....&$#&$#.....&$#&$#&$#"
(တွယ်တာလည်း တီချယ်နဲ့အကြောင်းတွေ တီချယ့်ကိုသဘောကျကြောင်းတွေအကုန်တိုင်ပင်လိုက်တော့သည်။)
"အင်းးးဒါဆိုသမီးပြောပုံတွေအရဆို သမီးတီချယ်လည်းသမီးကိုစိတ်၀င်စားပုံရှိတယ်"(ထားမြတ်သိင်္ဂီ)
"အွန်းး ငါ့အချစ်ပြောတာဟုတ်တယ် နင်တကယ်ချစ်တာသေချာရင် အဲ့အချစ်ကနင့်ကိုမနာကျင်စေဘူးဆိုရင်တော့ နင်ရှေ့ဆက်တိုးဖို့ဘဲလိုတယ်"(ရွှန်းလဲ့စန္ဒာ)
ကလောင်.....(မောင့်ဖုန်းmessagerမှမြည်သံ)
မောင်လည်းဖုန်းထုတ်ကြည့်ရင်းပြုံးလိုက်လေသည်။
"ဘာတွေ‌ပြုံးနေတာလည်း တွယ်တာမောင်"(စန္ဒာ)
"ပြောရင်းဆိုရင်း သူ့ပုံပို့လာလို့"(တွယ်တာ)
"ဟ မိုက်လှရီလား ငါ့သူငယ်ချင်းအခြေနေကောင်းနေပြီ"(စန္ဒာ)
"ဟင်"(တွယ်တာ)
"ဟုတ်တယ် သမီး မိန်းကလေးတစ်ယောက်က သူ့ရဲ့ပုံတွေကို Social Media ပေါ်မတင်ဘဲ လူတစ်ယောက်ဆီပို့တယ်ဆိုရင် အဲ့လူကသူ့ရဲ့အရေးပါဆုံးသူဖြစ်နေလို့ဘဲ"(ထားမြတ်သိင်္ဂီ)
"ဟင်...."
"ဟုတ်တယ် ကြိုးစားသူငယ်ချင်း နင့်မှာအခွင့်အလမ်းတွေရှိနေပြီ"(စန္ဒာ)
"ကံကြမ္မာသာမျက်နှာပေးရင် အဆင်ပြေမှာပါ"(တွယ်တာ)
"အငယ်မ ကိုကြီးတို့ရွေးလို့ပြီးပြီ"(ထူးမောင်)
"အကုန်ကားပေါ်တင်ထားတယ်နော်"(ထူးအောင်)
"ဟုတ် ကိုကြီး ကိုငယ် အားလုံး ဘယ်လောက်ကျလည်း"(တွယ်တာ)
"‌ငွေလည်း၀န်ထမ်းကလေးတွေကိုရှင်းခဲ့ပေးပြီးပြီ"(ထူးမောင်)
"အော်.....ဒါဆိုပြန်ကြမယ်လေ"(တွယ်တာ)
"အင်းးး ဒါဆိုအန်တီနဲ့ရွှန်းလဲ့ကျွန်တော်တို့ပြန်လိုက်ပါအုံးမယ် ခွင့်ပြုပါအုံးဗျ"(ထူးမောင်/ထူအောင်)
"ကောင်းပါပြီရှင့်"(ထားမြတ်သိင်္ဂီ)
"ဟုတ်ကဲ့ဗျ"(ရွှန်းလဲ့စန္ဒာ)
"ကဲ အန်တီသိင်္ဂီ တွယ်တာပြန်အုံးမယ်နော် နောက်မှအလည်လာခဲ့မယ်"(တွယ်တာ)
"ဟုတ်ပါပြီ ရှင်"(ထားမြတ်သိင်္ဂီ)
"စန္ဒာ ငါပြန်ပြီနော် နင်အန်တီကိုအရမ်းမဆိုးနဲ့"(တွယ်တာ)
"အေးပါဟ Goodluck သူငယ်ချင်း"(ရွှန်းလဲ့စန္ဒာ)
(ရွှန်းလဲ့စန္ဒာမှာ မောင်နှင့် bar သွားရင်းခင်မင်ခဲ့သောသူငယ်ချင်းဖြစ်သည်။မောင်နဲ့စန္ဒာတို့ခင်လာသည်မှာ ၃ နှစ်ကျော်မျှရှိချေပြီ။စန္ဒာသည်မောင်နှင့်စိတ်တူ ကိုယ်တူ bi ဖြစ်တာချင်းလည်းတူ အခြားအရာအကုန်တူနေသော်လည်း မတူသောအချက်မှာစန္ဒာကမိမိချစ်ရသူကိုလူအများကြားတွင်တရား၀င်လက်တွဲခွင့်ရခဲ့လေသည်။တစ်ချိန်က မောင်နဲ့အတူဆိုးမိုက်ပေတေခဲ့သမျှ သူမအိမ်သူသက်ထားချစ်ဇနီးဒေါ်ထားမြတ်သိင်္ဂီ၏အချစ်များနှင့်ထိန်းချုပ်မှုအောက်သို့ရောက်သွားသောအခါ ထိုအကျင့်များပျောက်ခဲ့ရသည်။‌ပြိုင်ဘက်မရှိ‌ဆိုးပေနေသောသူက တွယ်တာမောင်တစ်ယောက်သာကျန်ခဲ့လေသည်။အသေအချာတစ်ခုကတော့ မောင့်ရဲ့အကျင့်တွေကိုဖျောက်ပေးမည့်သူမှာ တွယ်တာမောင်တစ်ယောက်ကျောက်စိမ်းဆောင်မှာတွေ့ခဲ့သော "ကျောက်စိမ်းမြေမှသံယောဇဉ်"ကြိုးလေးဖြစ်ပေသည်။သို့သော်ခုအချိန်တွင်တော့ တွယ်တာမောင်ကိုထိန်းမည့်သူသည် တွယ်တာမောင်က မိမိအားစာမပြန်သောကြောင့် စိတ်ကောက်နေလေတော့သည်။မောင်လည်း တီချယ်ပို့ထားသောပုံကိစ္စအား စာပြန်ရန်ပင်မေ့လျော့ကာ ဥယျာဉ်ကိစ္စ/ဒါန်းကိစ္စများဖြင့်အလုပ်ရှုပ်နေလေသည်။)
_________________________
(ရှင်ရဲ့လူဆိုးမကို ချော့ပေအုံးတော့တွယ်တာမောင်ရေ🤭အဲ့လူဆိုးမကလေအပြင်မှာတစ်ခါစိတ်ကောက်ရင် နှစ်ရက်/သုံးရက်လောက်ကြာတယ်🥹)

22.12.2024 (Sun) 2:00 pm

ကျောက်စိမ်းမြေမှ သံယောဇဉ် (Ongoing)Where stories live. Discover now