🎶 မေ... အမှောင်ထဲက ငွေကြယ်များထက်
မင်းမျက်၀န်းများလင်းပါလား....
မေ... စံပယ်ပွင့်ထက်...
ဖြူစင်လွန်းတဲ့ အသားလေး၀င်းနေတယ်...🎶Ringtone သံနှင့်အတူ ဖုန်း၀င်လာသော Nickname ပိုင်ရှင်လေးမှာ Tr လူဆိုးမ💕
“ဟယ်လို တီချယ်”
“ကလေး ခုဘယ်မှာလည်း”
“တွယ်တာ ကန်တင်းမှာတီချယ်”
“အော် ၁၂ နာရီကျရင် ခန်းမပြင်ရမယ်နော် အဲ့တာတီချယ်ကြီးက ကလေးတို့ first yr တွေအကုန်ခန်းမကိုလာခဲ့တဲ့ တက်ရမယ့်အချိန်တွေ အကုန်လုံးစာကို တီချယ်ကြီး ခွင့်တိုင်ပေးပြီးပြီတဲ့”
“ဟုတ် တီချယ် တွယ်ဝာာအကုန်လုံးကို ခေါ်လာခဲ့မယ်”
“အေးအေးကလေး ဒါဘဲနော်”
“ဟုတ် တီချယ်”
“ဟဲ့ တွယ်ဝာာဘာတဲ့လဲ”(နန်း)
“မြန်မြန်ပြော ငါလည်းသိချင်နေပြီ”(၀ဿန်)
“အော် ဒီလိုဟ welcome ပွဲအတွက် ခန်းမပြင်ဆင်ဖို့ ကူလုပ်ပေးရအောင်တီချယ်ကြီးက ငါတို့တက်ရမယ့်အတန်းတွေအတွက်ခွင့်တိုင်ပေးထားတယ်တဲ့”
“အော်....”
“ဟိဟိ ပျော်လိုက်တာအတန်းပြေးရပြီ”
“ပျော်မနေနဲ့၀ဿန်မ မြန်မြန်စားပြီးရင်အတန်းထဲကလူတွေသွားခေါ်ရအုံးမယ်”
“ဟိုတစ်ယောက်ကိုဖုန်းဆက်လိုက်လို့ရတယ်လေ သူခေါ်လာမှာပေါ့”
“မခေါ်ချင်ပါဘူးနန်းရယ် သူ့ကိုငါကြည့်မရဘူး”
“အေးပါ အေးပါ"
“ဟားဟားး ငါ့သူငယ်ချင်းသူတော်ကောင်းမကြီးကိုကြည့်မရအောင်လုပ်နိုင်တဲ့ သူပေါ်လာသေးတာဘဲ”
“အပေါက်လေးပိတ်ပြီးစားတော့ ၀ဿန်”တွယ်တာမောင်ကြည့်မရတဲ့ သူ ဆိုတာကတွယ်တာတို့ရဲ့အတန်းထဲက Hyper မကြီး နေခြည်ပေါ့နော်။တွယ်တာနဲ့ရင်းနှီးသမျှတီချယ်တိုင်းကို လိုက်ကပ်တဲ့သူပေါ့။ခုလည်း တွယ်တာကြည့်မရ ရတဲ့အကြောင်းအရင်းက တီချယ်မှုံနံ့သာမေ ကိုလိုက်ကပ်နေလို့ဘဲ။
“ဦးလေး စတော်ဘယ်ရီမစ်ရှိတ်တစ်ခွက် လုပ်ထားပေး အပြန်၀ယ်ယူမယ် ပိုက်ဆံတစ်ခါထဲရှင်းခဲ့မယ်နော်”
“အေးအေးတူမကြီး”
“လာဟိုနှစ်ယောက် အခန်းထဲကလူတွေကိုသွားပြောရအောင်”
“တွယ်တာ မစ်ရှိတ်ကဘာလုပ်ဖို့လည်း”(နန်း)
“တီချယ့်အတွက်လေ”
“တီချယ်က စတော်ဘယ်ရီကြိုက်လို့လား”
“အွန်းး ဟိုသူ့အစ်ကို၀မ်းကွဲမင်္ဂလာဆောင်နေ့ထဲကပြောထားတာ စတော်ဘယ်ရီကြိုက်တာတဲ့”
“အော် ဒါနဲ့မနေ့က နင်နဲ့တီချယ်နဲ့ နှစ်ယောက်ထဲသွားတဲ့အကြောင်းလေးပြောပြပါအုံး”
“ဘာမှအထူးအစမ်း မပါ ပါဘူးဟယ်”
“မပါလည်း ပြောပြဟာ သိချင်တယ်”
“ဒီလိုဟာ $#$&$#&$#$&$#&$&$#&$#&&$
အဲ့တာဘဲ”

YOU ARE READING
ကျောက်စိမ်းမြေမှ သံယောဇဉ် (Ongoing)
Romanceချစ်တယ် မောင့်အညိုရောင်လေး🤎 𝐁𝐚𝐬𝐞𝐝 𝐨𝐧 𝐚 𝐭𝐫𝐮𝐞 𝐬𝐭𝐨𝐫𝐲 ❤️🩹