Part - 3

380 18 1
                                    

“မေကြီးရေ မေကြီးရေ”
“ဟေ မေကြီးမီးဖိုချောင်မှာ သမီးရေ”
“ဟုတ် ဖေကြီးရော”
“သမီး‌ဖေကြီး အိမ်အနောက်ကဂိုထောင်မှာ”
“တွယ်တာကားသော့သွားပေးလိုက်အုံးမယ် မေကြီး”
“အေးအေး သမီး”
(မောင်သည် ခြံထဲတစ်လျှောက်ဆင်းပြီးဖခင်ဆီသို့သွားလေသည်။မောင့်တို့ခြံ၀န်းသည်ပေ၈၀×၁၂၀ ခန့်ကျယ်၀န်းသည်။‌ထိုခြံ၀န်းထဲရှိ အရှေ့ဘက်တွင်သပ်ရပ်၍နေချင်စဖွယ်နှစ်ထပ်အိမ်‌ကလေးရှိပြီး အနောက်ဘက်တွင်ဂိုထောင်ရုံကြီးတစ်ခုရှိတယ်ဖြစ်သည်။‌အိမ်‌ရှေ့‌၀ရံတာ‌ကိုတော့ သစ်ခွပန်းလေးများဖြင့်အလှဆင်‌ထား‌လေသည်။အိမ်၏အရောင်လေးကိုတော့ မောင်အကြိုက်ဆုံးအပြာရောင်လေးသုတ်ထားသည်။)
“ဖေကြီးရေ ဒီမှာကားသော့လာပေးတာ”
“အော် အေးသမီး”
“ဖေကြီးဒီမှာဘာလုပ်နေတာလဲ”
“လွတ်နေတဲ့ ဒီနေရာလေးမှာဘာဆောက်ရင်ကောင်းမလဲစဉ်းစားနေတာ သမီးဘာဆောက်ချင်လဲ”
“အင်းးးးတွယ်တာက ပန်းလေးတွေနဲ့ဥယျာဥ်သေးသေးလေးလိုချင်တာ”
“ဟယ် ဒီကလေးမ ပေါက်ပေါက်ရှာရှာ ပန်းတွေဆိုတာရှေ့မှာဘဲအလှထားတာလေ ဘယ်လိုဖြစ်လို့အနောက်မှာထားချင်ရတာလဲ”
“ဟွန့် ဖေကြီးကလည်းတွယ်တာက သူများနဲ့မတူတာမျိုးလိုချင်တာ ဒါမဲ့လေရှေ့မှာဒန်းလေးထားချင်သေးတယ် သိလား ကျန်တာလှအောင်သမီးစီစဥ်လိုက်ပါ့မယ်‌ နော်နော်နော်”
“အေးပါ အေးပါ”
“ဒါနဲ့ ကိုကြီးနဲ့ကိုငယ်ကို တွယ်တာမနက်ထဲက
မတွေ့မိဘူးနော် ဖေကြီး”
“ဟုတ်တယ်ကွယ် ဒီနေ့ဖေကြီးကားကလည်းပျက် ကုမ္ပဏီမှာလည်း ကားအသစ်တွေ၀င်မှာဆိုတော့ သူတို့ကိုအရင်လွှတ်ထားရတာ”
“အော်.....ဟုတ်”
“သမီးအစ်ကိုနှစ်ယောက်ကို ဘာလို့မေးတာလည်း သမီး အပြင်သွားမလို့လား”
“ဟုတ်ပါဘူး ကားကဖေကြီးယူသွားမှာဆိုတော့ ဘယ်မှမသွားရဘဲ တွယ်တာဒီနေ့အိမ်တွင်းအောင်းရမှာလေ”(မောင်ကရှုံမဲ့မဲ့လေးဖြင့်ပြောလေသည်)
“ဟားဟုတ်ပါပြီကွာ ကဲဖေကြီးသွားတော့မယ်”
“ဟုတ်ဖေကြီး ခုတော့ဒီနေရာလေးနည်းနည်းရှင်းထားလိုက်အုံးမယ် ပန်းပင်လေးတွေအတွက် ဟီးးး”
“အေးပါကွာ အေးပါ”
____________________
ကိုကြီးနဲ့ကိုငယ် ဟာ မောင့်ဖခင်၏တူ မွေးဖွားချိန် ၅မိနစ်ခန့်သာကွာ‌သောအမွှာညီကို (ထူးမောင်နဲ့‌ထူးအောင်) ဖြစ်သည်။ထိုညီကိုနှစ်ယောက်တွင် ထူးမောင်သည် အကြီးဖြစ်ပြီး ထူးအောင်သည်အငယ်ဖြစ်သည်။ဦးဇော်မြတ်အောင်ရဲ့Moonstar ကားကုမ္ပဏီမှာ ၀င်ရောက်ကူညီလုပ်ကိုင်ပြီး မောင်တို့အိမ်‌တွင်အတူနေထိုင်သူများလည်းဖြစ်သည်။မောင်နှင့်မွေးချင်းအရင်းမဟုတ်သော်လည်းအသက် ၁၀ နှစ်မျှသာကွာပြီးမောင်အပေါ်အလိုလိုက်အကြိုက်‌ဆောင်ကာမောင်ဆိုးသမျှကိုလည်းသည်းခံကြပေသည်။တစ်အိမ်လုံးက၀ိုင်းသလိုလိုက်ထားသဖြင့် မောင်သည် မိသားစုများအပေါ်‌တွင်ဆိုးချင်တိုင်းဆိုးတတ်တဲ့မိန်းကလေးတစ်ယောက်ပင်ဖြစ်နေတော့သည်။
____________________
မောင်ကျောင်းသို့သွားနေစဉ် ~

ကျောက်စိမ်းမြေမှ သံယောဇဉ် (Ongoing)Where stories live. Discover now