Part - 18

341 15 0
                                    

ထမင်းစားသောက်ပြီးနောက် ချစ်စုကပန်းကန်တွေသိမ်းသွားသဖြင့် မေ လည်း ဧည့်ခန်းထဲသို့ထွက်လာလေသည်။မောင်ကတော့ ရေခဲသေတ္တာထဲမှာ အအေးဘူးယူကာထိုင်သောက်၍ကျန်ခဲ့လေသည်။

"အန်တီ"
"အော် ဆရာမလေး လာပါ ဆရာမလေးထိုင်"
"ဟုတ် ဟိုလေ မေ့ကို ဆရာမလေးလို့မခေါ်ပါနဲ့လား အန်တီ မေ နားထောင်ရတာတစ်မျိုးကြီးဘဲ ဟီးး"
"ဟော ဟုတ်ပါပြီ ဒါဆို သမီးမေလို့ဘဲခေါ်မယ်လေ"
"ဟုတ် အန်တီ"
"ဒါနဲ့ သမီးမေအသက်က"
"မေက ၅ လပိုင်းက ၃၀ပြည့်တာပါ အန်တီ"
"ဟေ ၃၀ ပြည့်ထားတာလား နုလိုက်တာ အန်တီက ၂၅ လောက်ဘဲထင်နေတာ သမီးရဲ့"
"အန်တီကလည်းမြှောက်နေရောဘဲ အန်တီကို မေကအန်တီလို့ခေါ်တာလွန်နေပြီထင်တယ်နော် အန်တီအသက်က၄၀လောက်ဘဲရှိအုံးမယ်ထင်တယ်"
"ဘယ်ကသာ သမီး‌ရယ် အန်တီလည်းဒီနှစ် ၅၀ ပြည့်မှာ"
"ဟင် တကယ်ကြီးလား အန်တီလည်း ၅၀ လို့‌ တောင်မထင်ရအောင် နုနေတာဘဲကို"
"ဟားးဟားဟုတ်ပါပြီ နောက်လည်းအိမ်မှာအမြဲထမင်းစားလို့ရတယ်သိလား"
"လာမှာလာမှာ မေကကျောင်းကပေးတဲ့အဆောင်မှာနေရတာဆိုတော့ အိမ်ထမင်းအိမ်ဟင်းနဲ့ကဝေးနေတာ"
"ဟုတ်လား သမီးတို့ကဘယ်ဇာတိမို့လို့လဲ"
"သမီးက စစ်ကိုင်းတိုင်းရွှေဘိုကလေ ဟီးးအညာသူလေးပေါ့"
"အမလေး အညာသူပေမယ့် ညိုချောလေးပါတော်"
"ဟီးး နောက်ဆိုအန်တီကိုမုန့်တွေ အများကြီး၀ယ်ကျွေးမယ်"
"ဟောဘာလို့လည်း"
"မေ့ကို ညိုချောလေးလို့ပြောလို့လေ"
"ဟားဟား"

မောင်လည်းထမင်းစားခန်းအပေါက်၀တွင်ရပ်ကာ အမေဖြစ်သူနှင့်ဆရာမဖြစ်သူတို့ နှစ်ဦးသားရင်းနှီးစွာရယ်မော၍စကားပြောနေသည်ကိုပြုံး၍ပင် ရပ်ကြည့်နေမိသည်။ထို့နောက်တစ်ကိုယ်ထဲကြားအောင်တိုးတိုးတိတ်တိတ်ရေရွတ်မိသည်။

"ငါ့ရဲ့ရွှေဘိုသူလေးက အသက် ၃၀ ပေမယ့် ချစ်စရာလေး ဟိဟိ"
"ဟင် မမလေး ဘာပြောလိုက်တာလည်း"
"နင့်ကိုဘာမှမပြောပါဘူးး စပ်စုမရယ်"
"မသိပါဘူးး မမလေးအသံကြားလိုက်လို့ ချစ်စု ကိုတစ်ခုခုများခိုင်းလိုက်လားလို့မေးကြည့်တာပါ"
"မရှိပါဘူး လုပ်စရာရှိတာသွားလုပ်သွား"
"ဟုတ် မမလေး"
"ဒင်းနဲ့လည်း ငါမှာအေးဆေးကိုမကြူးရဘူး ဟင်းး"

ကျောက်စိမ်းမြေမှ သံယောဇဉ် (Ongoing)Where stories live. Discover now