Part - 2

402 19 1
                                    

"ကျောင်းသာရေးရာဌာန" ဟူသောဆိုင်းဘုတ်နှင့်အတူ တွယ်တာမောင်တစ်ယောက် ကျောင်းအပ်ရန် ဖောင် ထုတ်ယူနေသည်။မောင်သည် ရန်ကုန်အနောက်ပိုင်းတက္ကသိုလ် သတ္တဗေဒဌာနမှ ပထမနှစ်ကျောင်းသူဖြစ်သည်။ရုပ်ရည်အရမ်းချောမောလွန်းလှသည်မဟုတ်သော်လည်း အသင့်အတင့်ရှိသည်။မောင်၏အဓိကကျသောအချက်မှာ ၇ တန်းနှစ်မှစ၍ ကောင်မလေးများကိုစတင်စိတ်၀င်စားခဲ့သူဖြစ်သည်။‌မောင်သည်ကိုယ့်ကိုယ်ကိုယ် lgbt ဟုမခံယူခင်ကတည်းက ကျောင်းသူများ/ဆရာမများ၏အချစ်တော် ၅၂၈တစ်မျိုး/၁၅၀၀ တစ်ဖုံဖြင့်အချစ်ခံရသူဖြစ်သည်။မောင်က မိမိသဘောကျသောသူအားမိမိကိုယ်တိုင်လိုက်စရာမလို။ထိုသူနှင့်တစ်လနီးပါးရင်းနှီးမှုရယူပြီးလျှင် ထိုသူသည်မောင့်အားသဘောကျနေကြောင်း လုပ်ရပ်နှင့်သော်လည်းကောင်း စကားနှင့်သော်လည်းကောင်း ဖွင့်ပြောလာတတ်သည်။ဤအချင်းအရာများကိုကြည့်လျှင် မောင်သည်ငယ်စဥ်ထဲရည်းစားကိုထည်လဲတွဲလာခဲ့သူဖြစ်သည်။သို့သော်မိန်းကလေးသီးသန့်တွဲသူမဟုတ်ပေ ယောကျာ်းလေးများနှင့်လည်းထည်လဲတွဲသူဖြစ်သည်။၉တန်းနှစ်မှစ၍မောင်သည် မိမိတို့အတန်းကိုသင်ရသည့်Mathsဆရာမလေး "ဒေါ်ပန်းဧကရီ" ကိုသဘောကျမိရာမှစ၍ မောင်သည်အချစ်ရေးမှာတည်ငြိမ်သူဖြစ်လာခဲ့သည်။သို့သော်မောင်နှင့်ပန်းတို့၏အချစ်ရေးမှာမဖြောင့်ဖြူးခဲ့ပေ။ကံကြမ္မာကနည်းမျိုးစုံဖြင့်ခွဲခဲ့ရာ နောက်ဆုံးတွင်မူသေကွဲဖြင့်ကွဲခဲ့ရလေသည်။ထိုအချိန်မှစ၍မောင်သည်အိမ်တွင်းအောင်းပြီး အပျော်များပျောက်ဆုံးခဲ့ရသည်။‌သို့ပေမယ့်‌ယခုအချိန်‌တွင်တော့ မောင့်အပြုံးတွေပြန်လည်အသက်၀င်နိုင်အောင်လုပ်ပေးနိုင်သူတစ်ဦးရှိလေပြီ။သို့ပေမယ့် ကံကြမ္မာကကော မောင့်ကိုထပ်ရက်စက်အုံးမှာလား??မောင့်အပြုံးတွေတစ်ဖန်ပြန်တောက်ပအောင်လုပ်ပေးနိုင်သူမှာမည်သူနည်း??
___________________
"အမ ဒါပထမနှစ်ဖောင်ထုတ်ရမယ့်နေရာလားမသိဘူး ခ"
"ဟုတ်တယ် ညီမလေး ဖောင်ထုတ်မလို့လား"
"ဟုတ်တွယ်တာ ကျောင်းအပ်ဖို့ပါ ဖောင်လေးထုတ်ချင်လို့ပါ အမ"
"ရော့ ဒါညီမလေးလိုချင်တဲ့ဖောင် ဒီမှာသေချာကြည့်ပြီးဖြည့် မသိတာရှိအမလာမေး"
"ဟုတ် ကျေးဇူးတင်ပါတယ် ခ"

ကျောက်စိမ်းမြေမှ သံယောဇဉ် (Ongoing)Where stories live. Discover now