Part - 27

346 26 11
                                    

ယနေ့ သီတင်းကျွတ်လပြည့်နေ့ ~

တွယ်တာမောင်တစ်‌ယောက် ကျောင်းပိတ်ရက်ဖြစ်၍ ဒါန်းပေါ်မှာထိုင်ကာပျင်းနေလေသည်။

"ဟူးး ပျင်းလိုက်တာ ဖုန်းလည်းမကိုင်ဘူး လပြည့်နေ့ကြီးကိုကွာလူကိုပလစ်ထားတယ် တွေ့မယ်စိတ်ကောက်ပြမယ် ကြည့်နေ"

ထိုအချိန်နောက်မှပေါ်လာသောအသံ

"သမီး အဲ့မှာဘာထိုင်လုပ်‌နေတာလဲ"
"ပျင်းလို့ထိုင်နေတာပါ မေကြီးရယ်"
"လပြည့်နေ့မလား ဒီနေ့အပြင်မသွားဘူးလား"
"ဟီးး ဒီနေ့သွားစရာမရှိဘူးမေကြီး"
"မေကြီးမေးမယ် မှန်မှန်ဖြေနော်"
"ဟုတ်"
"သမီးနဲ့ဟိုဆရာမ‌လေး သမီးမေနဲ့က......."
"ဟုတ်ပါတယ် မေကြီးတို့ထင်သလိုပါဘဲ သဘောတူလားဟင် မေကြီး"
"အင်း သူနဲ့တွဲရတာ သမီးပျော်ရလား"
"ပျော်ပါတယ်မေကြီး"
"စိတ်ချမ်းကော သာရလားသမီး"
"သာပါတယ်မေကြီး"
"တစ်ချိန်ချိန်မှာသူ့သိက္ခာအတွက်နဲ့ အခြားသူကိုရွေးချယ်ခဲ့ရင်ကော"
"တွယ်တာလက်ခံနိုင်ပါတယ်မေကြီး တီချယ်ပျော်ရင်တွယ်တာကျေနပ်ပါတယ်"
"အင်း ငါ့သမီးလည်းအရွယ်နဲ့မလိုက်အောင်နာကျင်မှုတွေက သိပ်များခဲ့တာဘဲ"
"အဲ့နာကျင်မှုတွေကဘဲ လူမှုရေးကိစ္စတွေမှာလူကိုရင့်ကျက်စေတယ်မေကြီး"
"အေးပါကွယ် အေးပါ ငါ့သမီးအဆင်ပြေရင်ရပါပြီ ဘာကိစ္စမဆိုငါ့သမီးခံနိုင်ရည်ရှိဖို့လိုတယ်"
"ဟုတ် မေကြီးချစ်တယ်နော် တွယ်တာဖြစ်တည်မှုကအစ စိတ်သဘောထားအဆုံးကိုနားလည်ပေးလို့"
"မေကြီးပြောပြီးသားလေ မေကြီးသမီးလေးပျော်ရင်မေကြီးတို့လည်းပျော်တယ် ဟုတ်ပြီလား"
"ဟုတ်မေကြီး"

ယနေ့ည သည်သီတင်းကျွတ်လပြည့်‌နေ့ဖြစ်၍ အိမ်တိုင်းအိမ်တိုင်း၌ ဆီမီးများလင်းထိန်နေလေသည်။လမ်းထဲတွင်လည်း ကလေးငယ်များဆော့ကစားနေသောကြောင့် ရယ်မောအော်ဟစ်သံများ ဗျောက်အိုးဖောက်သံများဖြင့် ဆူညံ‌နေလေသည်။တွယ်တာတို့ခြံထဲတွင်လည်းဆီမီး‌များထိန်နေအောင်ထွန်းထားကြလေသည်။လူတိုင်းပျော်ရွှင်နေသော်လည်း ထိုပျော်နေသည့်လူများထဲတွင်တွယ်တာမောင်မပါပေ။မိမိအားယခုထိတိုင်ဖုန်းမဆက်သေးဘဲ ပစ်ထားသောသူ့အမျိုးသမီးအားစိတ်ကောက်နေခြင်းဖြစ်သည်။

ကျောက်စိမ်းမြေမှ သံယောဇဉ် (Ongoing)Where stories live. Discover now