SAMANTHA

34 3 2
                                    


SAMANTHA
**************
samantha....
လူသားမ တစ်ယောက်ထက်ပိုပြီး မင်းက ဆွဲဆောင်နေနိုင်ခဲ့တာလား
အသွေးအသားကို စက်ပစ္စည်းနဲ့လှုံဆော်ပြနိုင်ခြင်းက
တွေးကြည့်တော့လည်း ပြည့်တန်ဆာဆန်ပါတယ် Samantha
အိပ်မက်မရှိတဲ့မင်းမှာ လူသားဆန်မူ ရာခိုင်နူန်းဘယ်လောက်များများရှိရှိ
မိန်းမတစ်ယောက်ရဲ့ ဝန်တိုမူတွေ ပျောက်ဆုံးနေခြင်းဟာ
ဘုရားသခင် ဖန်ဆင်းတာမဟုတ်တဲ့ ဆန်တို့စ်ရဲ့ ဖန်တီးမူသက်သက်ထဲမှာ
မင်း ပျော်ဝင်စီးဆင်းနေရတယ် ဆိုတာ
အမြဲအမှတ်ရနေလိုက်ပါ $amantha...။

Samantha
မင်းက စပိန်သူလေးပေါ့လေ..
မင်းမျတ်လုံးတွေက မပြာဘူး၊ အပြုံးတွေကလည်း မချိုဘူး
ဝတ္တရားတွေနဲ့ပဲ မင်းဟန်ဆောင်ညည်းထွားပြ
တွယ်တာတဲ့အတ္တတွေအတွက်
မင်းမှာ ငြင်းဆန်စရာ အချက်အလတ်မရှိ
အလိုတော်တွေအတိုင်း မင်းလိုက်လျှောတ်ပြ... ပြ
ဒါပေမယ့် မင်းအသံတွေကတော့..
တုန်ရီပြဝေနေတုန်းပါပဲ Samantha။

Samantha
စိတ်ကူးယဉ်မူတွေအတွက် မင်းက အသုံးချခံရသူပါ
ညဏ်တုတွေနဲ့ မင်းခရီးလမ်းဟာ အပိုပစ္စည်းရှိနေဖို့ပါ
အကန့်အသတ်ထားတဲ့ လူ့ဘောင်ထဲမှာ
မင်းက...ကျဉ်းထဲကျပ်ထဲ
မင်းမှာ ချစ်ပိုင်ခွင့်မရှိ
မင်းမှာ ပြောရေးဆိုခွင့်မရှိ
မင်းမှာ ရွေးချယ်ပိုင်ခွင့်မရှိ
မင်းဆိုတာ စိတ်ကူးယဉ်ပစ္စည်းတစ်ခုမျှသာပါ Samantha။

Samantha..
မင်း ဂဏန်းတွက်စက်ဆန်ဆန် တွက်ချက်ကြည့်လိုက်
ကြေးမြင့်လာတဲ့ မင်းBodyဟာ
အမြဲလိုအပ်နေကြ ကုန်ပစ္စည်းဖြစ်လာတဲ့အခါ
အသွေးအသားတွေဟာ အသွေးအသားတွေဆီပဲ ပြန်လှည့် သွားမှာပါ
အဲဒီအခါ
မင်း ညဏ်တုတွေက မျတ်ရည်မထွက်လာပါစေနဲ့ Samantha။
Nov26.17
Minsetwai
မှတ်ချက်။ ။Samanthaဟူသည် လိင်ဖျော်ဖြေရေးစက်ရုပ်တစ်ရုပ်၏ အမည်ဖြစ်သည်။ ယင်းစက်ရုပ်ကိုတီထွင်သူမှာ ဆန်တို့စ်ဖြစ်၏။

ရဟတ်(ကဗျာစုစည်းမူ)Where stories live. Discover now