မျတ်စိနာခြင်း

15 3 8
                                    


မျတ်စိနာခြင်း
---------------
ကြံဖန်မိတတ်တဲ့ အပူတွေကြောင့်
မျတ်စိတစ်ဘက်ကနာ
အာလူးကပ်လိုက်၊ ကွမ်းရွက်အုပ်လိုက်၊ မန်းကျည်းစေ့သွေးလူးလိုက်
ကောင်းလာအောင် မွမ်းမံကြည့်လည်း
ခိုးလို့ခုလုထဲမှာ အဆင်မပြေစွာ
မျောပါနေရတာ။

တစ်ချို့က မျတ်လုံးချင်းဆုံရင်
မနှစ်မြို့သလို မဲ့
အပြင်ထွက်ဖို့ကြောက်လန့်နေသူအတွက်
စာလည်း ဖတ်မရ၊ ရုပ်ရှင်လည်း ကြည့်မရ
ပျင်းရိငြီမွေ့ခြင်းတွေပဲ အုပ်ဆိုင်းသထက် အုပ်ဆိုင်းလာတာ
နာကျင်ခြင်းတွေ ဘယ်အရပ်ကလာ...။

မျတ်စိဟာ ပေါ်က်ထွက်တော့မယ့် ဗုံးလို
နာတယ်။
ခေါ်င်းငုံလိုက်တိုင်းမှာ နာတယ်...
မျတ်ရည်ပူတစ်ချို့မှာ စိတ်လည်းပျက်တယ်
မနက်စောစောထ ရေသောက်၊ ရေချိုး
မပျောက်ဘူး။ အမြစ်တွယ်သထက်တွယ်
ဝဋ်လည်သထက်လည် ရင်း..
စာမျတ်နှာတစ်ချို့ ကို
မျတ်စိနာလို့ အမှောင်ထဲ ခဏတွန်းပို့ထားရတယ်။

မျတ်စိနာတာ ပျောက်တဲ့နေ့
ကျွန်တော်ကြိုက်တဲ့ supernatural ကြည့်မယ်
ကဗျာရေးမယ်
ဝထ္ထူဖတ်မယ်
အပြင်ထွက်ပြီး coffeeသောက်မယ်
ဂိမ်းတွေဆော့မယ်
Facebook ကြည့်မယ်...
အခုတော့ ခဏလေးပေါ့
မျတ်စိထဲက နာတယ်...။
May1.2018
Minsetwai

ရဟတ်(ကဗျာစုစည်းမူ)حيث تعيش القصص. اكتشف الآن