ဘာတွေမှန်းမသိတာကို လျှောတ်ရေးလိုက်တယ်

16 2 0
                                    


ဘာတွေမှန်းမသိတာကို  လျှောတ်ရေး
လိုက်တယ်
**************************

ဘာတွေမှန်းမသိတာကို
လျှောတ်ရေးလိုက်တယ်
ဆားရေစိမ်ခံထားရတဲ့ မျတ်စိတစ်စုံနဲ့.... ညနဲ့ငါ၊
အအိပ်မက်တဲ့ ပင်လယ်က
တုံးလုံးပက်လက်ရှိနေဆဲ
SDကဒ်လေးပျက်သွားတာကိုတော့..
သေလုပက်လက်ဝမ်းနည်းမယ်...

အဝေးမှာ လှေတစ်စင်း
အဝေးမှာ လတစ်စင်း
အဝေးမှာ နေမင်း
အဝေးမှာ ကြယ်တံခွန်
အဝေးမှာ ငါရဲ့မျတ်လုံးတစ်စုံ
အဝေးမှာ ငါရဲ့ပင်လယ်
အဝေးမှာ ငါရဲ့လှိုင်းလုံး
အဝေးမှာ ငါရဲ့တိမ်ဖြူ
အဝေးမှာ ငါ
အရာအားလုံးက အဝေးမှာသာ...။

လှိုင်းကြီးလှေအောက်
တောင်ကြီးဖဝါးအောက်
ပြီးတော့ ပိုက်ကွန်တွေနောက်...
ကွန်ယက်တွေ
ချိတ်ဆက်ခြင်းတွေအောက်
အားလုံးမှာ ဝေဒနာကြီးတယ်
ဒီလိုနဲ့ မီးခိုးကို အရောင်တွေခြယ်
ပန်းရောင်
အနီရောင်
ကြက်သွေးရောင်
ကြပ်ခိုးတွေ ယားယံစေတယ်
သွေးခြေဥနေတဲ့စိတ်နဲ့
အိမ်အပြန်လမ်းကို
ရည်မှန်းချက်တွေ ခင်းလိုက်တယ်
ချနင်းသွားလိုက်ကြပေါ့..။

ဘာတွေမှန်းမသိတာကို
လျှောတ်ရေးထားတယ်
ငါးအရိုးစူးမှာစိုးလို့ ငါးမစားဘူး
ဆိုတဲ့ကောင်တွေ
နားရှိလို့ ကြားခဲ့ရတဲ့စကားတွေနဲ့
အချုပ်ခန်းထဲ
သူ့ဟာသူ ပိတ်လှောင်နေတယ်
မီးစက်သံကို zoonဆွဲကြည့်တယ်
ငါ့ဆံပင်က ခြင်္သေနဲ့တူလာသတဲ့..
လွဲမှားမူတွေနောက်မှာ
မလွဲမှားမူတစ်ခုတော့
ရှိကေါင်းရှိမယ်ဆိုရင်
ဟော့ဒီကွန်ပျူတာကို အရေခွံလဲပေးပါ
ငါ့ရဲ့ဖုန်းအဟောင်းက
အိမ်ကဘုရားစင်ပေါ်မှာ
ဟော့ဒီမှာက အရက်သမားတွေ
ချစ်ခင်နေကြတာ
သူတို့ကိုလည်း အရေခွံလဲလိုက်ပါ..
မကြားချင်ယောင်ပဲ
ဆောင်ထားလိုက်တော့တယ်
လူတစ်ယောက်ကနေ
လူတစ်ယောက်ဖြစ်လာချိန်ထိ....။

ဘာမှမရနိုင်ဘူးလို့ထင်တဲ့နေရာမှာ
ဘာမှမရနိုင်တာတွေရတယ်
ဘီယာဗူးက ၂၀၀မဲတွေချည်း
လှိမ့်ပိတ်ပေါ်က်သတဲ့
ပုဇွန်ထုတ်တစ်ချို့ဟာ
ဒီနေရာမှာရှိတယ်...
အိမ်သာက ချုံပုတ်ပဲ
ဆင်ဝယ်ပြီး ချွန်းမဝယ်တဲ့သူတွေ...
ပြီးတော့ ငါမအိပ်ဘူး
ရေးချင်တာရေးဖို့အတွက်
အမိုက်အမဲတွေ စုပုံဝပ်ဆင်းနေဆဲ..

ဒါဟာ အပြာကားတစ်ခုလား
ဒါဟာ အင်္ဂါဂြိုလ်လား
ဒါဟာ လွတ်လပ်ပေါ့ပါးနေတဲ့
လေပူဖောင်းလား
ဒါမှမဟုတ် လူတစ်ယောက်ရဲ့
ကယောင်ခြောက်ခြားနိုင်မူလား
ဒါမှမဟုတ်
အသစ်တွေ
ပြန်လည်ဆောက်တည်ပြနိုင်ဖို့လား
ဒါမှမဟုတ်...
ဒါမှမဟုတ်.....
ဒါမှမဟုတ်....
ဒီလိုပဲ....အဲဒီဘာမှမဟုတ်တာကို
အဟုတ်လုပ်ပြီး
ဟော့ဒီကဗျာ ဘာမှန်းမသိအောင်
လျှောတ်ရေးနေမိတော့တာပါပဲ.....။

1:30AM
Aug5.18
Minsetwai

ရဟတ်(ကဗျာစုစည်းမူ)Nơi câu chuyện tồn tại. Hãy khám phá bây giờ