"ဟင်းလင်းဖွင့်ခြင်း"

11 3 0
                                    

"ဟင်းလင်းဖွင့်ခြင်း"

Ops! Esta imagem não segue nossas diretrizes de conteúdo. Para continuar a publicação, tente removê-la ou carregar outra.

"ဟင်းလင်းဖွင့်ခြင်း"

ငါတို့ ဟာ လူဖြစ်လျှက်နဲ့ 
လူ့ အခွင့်အရေးနဲ
့ဝေးခဲ့ ကြရတဲ့ကောင်တွေ
ငါတို့ ဟာ လူမဆန်တဲ့ စီဟွးရေးစနစ်ကြား
ဖိနှိတ်ခံရမူ ၊ သွေးခွဲခံရမူ စသည့်
စီးဟွးရေးစနစ်ထဲမှာ
နပမ်းသတ်နေရတဲ့ကောင်တွေ...
ခေတ်ဆိုး၊စနစ်ဆိုးရဲ့
လျော့တိလျော့ရဲပညာနို့ ကို
စို့ ခဲ့ရတဲ့ကောင်တွေ....။

မီးလောင်တိုက်သွင်းခံထားရတဲ့ 
ငါတို့ စိတ်ဓါတ်တွေ…
ပြောင်းလဲမူအနည်းငယ်လေးနဲ့
ချွေးသိပ်ခံကြရ
ငါတို့ ဟာကျိန်စာမိထားတဲ့ 
လူမျိုးစုတစ်စုလိုမျိုး..
ပင်ပင်ပန်းပန်းနဲ့ ဝတ္တရားတို့ကို
ကျေပွန်အောင် ပေးဆပ်နေကြရ....
ဆင်းဆင်းရဲရဲနဲ့ လုပ်ကိုင်ရှာဖွေရမူထဲ
လူတန်းစား ကွာဟမူအကြီးကြီးကြောင့်
ငါတို့ ဦးနှောက်တွေမီးခိုးအူထွက်..
စိတ်တွေဟာ..
ကျပ်ညှပ်နေတဲ့ ဘက်စ်ကားထဲမှာ
သွတ်သွင်းမီးကင် ထားသလိုပါပဲ..
ပိတ်စို့ ခံထားရတဲ
့ပျော်ရွှင်မူအားလုံးကိုလည်း
တစ်နေ့မှာ အဆုံးသတ်ဖို့
ငါတို့ အခွင့်အရေးကိုစောင့်ကြည့်
ရုန်းကန်နေကြရ
သံချေးတတ်သွားရတာက များပြန်တယ်။

ငါတို့ ၇ဲ့ မနက်တွေ ရောင်နီ မလတ်အောင်
မောက်မာရင့်သီးတဲ့စကားလုံးတွေနဲ့..
မနက်စာကျွေး ချစားဆဲ
အိမ်မက်…
မျော်လင့်ချက်…
လိုလားမူ…
တောင့်တမူ…
ဆန္ဒအာလုံး…
လူတစ်ဦးတစ်ယောက်ရဲ့
တစ်ကိုယ်စာအတွေးထဲ
ပြားပြားဝပ်ဆင်းနေရဆဲ.....။

သူတို့ ဟာ ငါတို့ ရဲ့ မပြည့်စုံမူအတွတ်
သူတို့ရဲ့  ဇီးစေ့လောက်
ကျေးဇူးတရားအတွက်
ငါတို့ကို ကြိုးရှည်ရှည်လှန်ပြီး
ပစ်ဒဏ်ခတ်ကြဆဲ
မသိမသာ အတားမြစ်ခံထား ရတဲ့ 
ငါတို့ရဲ့ လူမူရေးအသိတရားတွေ
သူတို့ရဲ့ အလိုက်မသိမူကြောင့်
ပျက်စီး ယိုယွင်းနေရဆဲ...။

ငါတို့ တွေ စည်းကမ်းတွေကို
တကယ်မမုန်းတီးပေမယ့်
မုန်းတီးခဲ့ကြရလေပြီ။

ငါတို့ ရဲ့ ခံစားချက်. ဥပဏ္ခောပြုခံထားရတဲ့ နေ့ရက်တိုင်းမှာ
ငါတို့ကို ကျွေးခဲ့ဖူးတဲ့
ထမင်းတစ်လုတ်အတွက်
ငါတို့ရဲ့ ဆွေစဉ်မျိုးဆက်ဟာ
သူတို့ရဲ့ဆွေစဉ်မျိုးဆက်ကို

အလုပ်အကျွေးပြုကြရပြန်သည်
ငါတို့ သမိုင်းဟာမရိုင်းသော်လည်း
ငါတို့ ဟာ လူရိုင်းကြီးများသဖွယ်
ရိုင်းချင်ယောင် ဆောင်ကြရလေပြီ
တဒင်္ဂ သော့ခလောက်ဖွင့်ပြတဲ့လက်ကို
လှောင်ချိုင့်တံခါးချိုးပြတဲ့လက်ထက်
ပို ချစ်မြတ်နိုးပြရလေပြီ...။

သံခြေကျင်ဝတ်နဲ့တော့..
ငါတို့ပျံသန်းနိုင်မည့် ခရီးမှာလည်း
အကြောင်းတရားတို့က အမြစ်ပြန်တွယ်ရလေပြီ။

ငါတို့ အတောင်ပံတွေချိုးခံခဲ့ ရဖူးတယ်……။
ငါတို့ ခြေထောက်တွေချိုးခံခဲ့ ရဖူးတယ်……။
ငါတို့ မျတ်လုံးတွေ ဖောက်ထုတ်ခံရဖူးတယ်…။
ငါတို့ နားတွေပိတ်ဆို့ ခံရဖူးတယ်………။ ။

ဒုက္ခိတတွေနဲ့ ခရီးဆက်နေတဲ့သူတို့မှာလည်း
ခပ်ဝေးဝေးကို မရောက်နိုင်ပဲရှိတယ်..
လမ်းသစ်ကို မဖောက်နိုင်ပဲ ရှိတယ်
နယ်ပယ်သစ်ကို မမြင်နိုင်ဘဲ ရှိတယ်
အကြံပေးတရားတော်ကို မကြားနိုင်ဘဲ ရှိတယ်။

အဲလိုပါပဲ
ငါတို့ ရှေ့ကလူတွေနဲ့ 
ငါတို့ နောက်ကလူတွေ
ငါတို့ နဲ့ ညီမျှခြင်းထိုးရင်.. တူညီပါသော်လည်း
ရင်ထဲကနာကျည်းချက်တွေက
မျိုးစုံကွဲပြားခြားနားနေဆဲပဲ
ထုတ်ချင်းပစ်ဖောက်ခံရတဲ့ အိမ်မက်တွေအတွတ်
ရင်တမမနဲ့ … မျော်လင့်စောင့်စားတောင့်တနေထိုင်ကြဆဲပဲ.။
ငါးမျှားချိတ်နဲ့  အမျှားခံခဲ့ ရတဲ့ ငါးစာငါးလို
ထိတ်တလန့်လန့်မျတ်ဝန်းတွေနဲ့
ကူညီဖေးမမဲ့ လက်တစ်စုံကို ရှာဖွေမှန်းမျော်နေရဆဲပဲ။

ငါတို့ဟာ
အိမ်ကြက်ချင်း အိုးမည်းသုတ်ခံထားရတဲ့ ကောင်တွေ
ခွတ်ခဲ့ မိတဲ့ တို့ ညီအစ်ကိုတွေ
အပျတ်ပျတ်နဲ့  နှာခေါ်င်းသွေးထွက်ခဲ့ ရမူမှာ
ပွဲစီစဉ်သူကို ပြန်မဆဲရဲတဲ့ကောင်တွေ
အသွင်မတူတဲ့ အိမ်သူနဲ့  ဆက်ဆံနေရသလိုမျိုး
အဆင်မပြေတာကို အဆင်ပြေသလိုလိုမျိုး
ဟန်ဆောင်ရှင်သန်နေရတဲ့ကောင်တွေ...
ကပေါ်က်တိကပေါ်က်ချာနဲ့  မိသားစုဘဝကိုမေကြရပြီး
အလုပ်ကပဲ မိသားစုလို့
ငါတို့ဘက်ကချည်း ပေးဆပ်ပြနေတဲ့ ကောင်တွေ..။
ဒီလိုဆိုတော့
ငါတို့ တစ်ခုပဲတောင်းဆိုကြရမှာ
ကျဉ်းထဲကျပ်ထဲနေ
ငါတို့ ကိုယ်ငါတို့ဆွဲထုတ်ကြည့်လိုက်ကြပါ။
Update- Jan 4,2019
Originally -6;40pm,Jan 15.2013
Minsetwai
____________________________________

ရဟတ်(ကဗျာစုစည်းမူ)Onde histórias criam vida. Descubra agora