"ကော်ဖီသောက်ခြင်း"
ဘယ်သူ့ကိုမှ ချောင်ထိုးမထားဘူး
ကိုယ်တိုင်ကိုက ချောင်မှကပ်ချင်တဲ့
အိမ်မြှောင်တစ်ကောင်ပါ..
အခုတော့ ငါ့ခန္ဓာ အတ္တဝန်ထုတ်ကြီး
စိတ်နောက်ကို အလိုမတူလည်းလိုက်လုပ်
အပူသည်နာလိုရုပ်နဲ့..
ချောကလတ်နဲ့ကော်ဖီ လာစားနေတယ်...။ဗီဇမကောင်းတဲ့ကောင်က ဗီဇမကောင်းတဲ့အကြည့်နဲ့ကြည့်ရင်း...
ငါ့ကော်ဖီဆိုင်လေးရေ...
ငါမရှိတုန်း ငါ့မိုးဥတုကို
ဘယ်သူခိုးဝှတ်သွားသေးတုန်း
လူတစ်ယောက်ကို စေ့စေ့စပ်စပ်ကြည့်ရတာ တကယ်တော့ မလွယ်ဘူး
ငါ့မှာ မျတ်မှန်ပါလာခဲ့တယ်
ကော်ဖီထဲ ထည့်မွှေလိုက်တယ်
မခါးတော့တဲ့ ကော်ဖီတစ်ခွက်မှာ ရယ်သံချိုချို တစ်ချက်လည်း ပါတယ်
နာနေဆဲ ငါ့မျတ်လုံးကို
ဖွဖွလေး ဖွင့်ကြည့်တယ်
အလင်းတွေ တအားလင်းတယ်
အသံတွေ တအားစူးတယ်
ငါကိုယ့်ငါ ပြန်ဝှတ်ထားလိုက်မိတယ်။ဘယ်သူက ဒီမုန့်ကို ဆက်စားမှာလဲ၊
ငါ ဆက်မစားချင်ဘူး..သဲတရှပ်ရှပ်...
ဒါဆို ကော်ဖီသောက်.
စောတုန်းက လမ်းလျှောတ်ထားလို့ ရသလောက် ပြန်တွေးတော
ငါ တစ်ပတ်ကြီး ပတ်လာခဲ့ရသလိုမျိုး
တခြားသူတွေလည်း တစ်ပတ်ကြီး ပတ်သွားနေကြတယ်
ဒီတိတ်တဆိတ်က
အရသာ ကောင်းပါတယ် ဂျူလှိုင်
မော့ချလိုက်တဲ့ ကော်ဖီတစ်ငုံထဲ
အတ္တ၊မာနနဲ့ပယောဂတွေ ..
အကုန်ကင်းစင်ကွာကျသွားတယ်
ဆူးလေဘုရားနားရောက်ဖြစ်သေလား....
အဲဒီနားမှာ ဒဏ်ရာအတော်များများ ဆီဆေးကားရေးခြယ်ထားတယ် ကြားတယ်
ပြီးတော့ facebookပေါ်မှာ ကဗျာဆရာတစ်ယောက်သေဆုံးမူရဲ့ အခမ်းအနားကိုလည်းကြားတယ်
ငါလည်း သေမင်းရဲ့ အနား နီးနိုင်သမျှ တိုးကပ်ကပ်သွားတယ်
ဟော့ဒီ လာလမ်းပေါ်မှာ နေ့စွဲတွေကို ငါတမင်ထားခဲ့မယ်
ကြည့်သူ ရယ်၊ငို၊ပြုံး
အလုံးစုံ အကုန်လုံး ရသဟာ
ဆိုင်ကလေးထဲမှာပဲ ရှိတယ်။အစက အဲကွန်းoutdoorပေါ်တွေကို တတ်တယ်၊ နောက် towerတိုင်တတ်တယ်..
နောက် အဲဒီတောင်ထိပ်တွေပေါ်ကို ငါ ဆက်တတ်နေရဦးမယ်
ငါ့ကို သံပတ်ပေးနေသော အရာ
အချို့၊ အချို့အတွက်..ငါဟာ တဒီးဒီးမြည်ဆဲပဲ
ကံကောင်းမယ်ဆို မိုးနောက်ကို ပြေးလိုက်သွားချင်တယ်
ဟင့်အင်း..ငါ့မှာ ထီးမပါဘူး
ငါ့မှာ ထီးဘယ်တော့မှ မပါဘူး
ငါ မလိုချင်လို့ ထားခဲ့တာလား
ဟင့်အင်း ငါ့သွားတဲ့နေရာတွေမှာ မေ့ကျန်ခဲ့မှာ စိုးလို့ပါ...
ဒီလိုနဲ့ နေသာလိုက်၊ မိုးရွာလိုက်ပေါ့...။ငါ့သူငယ်ချင်း မင်းကိုလည်း
သတိရမိသေးတယ်
ငါ့ရဲ့ညောင်နာနာရုပ်နဲ့ ချောင်တစ်ချောင်မှာ
မချိပြုံးပြုံးနေချိန်ဆို
မင်းက ငါ့လက်သုံးစကားနဲ့
ငါ့ကိုပြန်ပြန်အားပေးတယ်
ဘာတဲ့.."ဒီလိုပဲ ကျော်ဖြတ်ရမှာပေါ့..."
အခု မင်း မပြောတော့ဘူးလား
အခု မင်း မပြောနိုင်တော့ဘူးလား
အခု မင်း ပြောမထွက်တော့ဘူးလား
မင်း ချောင်မှာ ပိတ်မိနေသလား
ငါလည်း ချောင်မှာ ပိတ်မိနေတယ်
ဒီလိုပဲလေ သူငယ်ချင်းရ
ဒီလိုပဲ ကျော်ဖြတ်ရမှာပေါ့...။သံစဉ်တွေကို အပိုင်းပိုင်းချိုးပြီး ကော်ဖီမရှိတော့တဲ့ခွက်ထဲ ပစ်ထည့်လိုက်တယ်
တစ်ယောက်ယောက်က ကော်ဖီထပ်လာထည့်ပေးနိုင်သလား
တစ်ချို့တွေက ပြုံးစိစိနဲ့ ထီးတွေကိုင်သွားကြတယ်(မမေ့တတ်တဲ့သူတွေ)
ငါပြုံးလိုက်တယ် ဟန်ဆောင်မူအားလုံး ငါ့ကိုယ်ပေါ် ဝုန်းကနဲ ပြန်ခုန်တတ်လာတယ်
ရှောင်မနေတော့ဘူး မီးပွိုင့်တိုင်းဟာ အလှည့်ကျသာ ဖြစ်တယ်..
ငါတွေကျတော့ ငါပြီးရင် ငါ့အလှည့်၊
ငါ့အလှည့်ပြီးပြန်ရင်လည်း ငါ့အလှည့်ပဲ၊
ငါ့အလှည့် ငါ့အလှည့်နဲ့၊ ငါ့အလှည့်တွေချည်း ထပ်နေတယ်
သွားကြားထဲ ကွမ်းသီးညှပ်သလို
သွားကြားထိုးကလော်ပြီး ကွမ်းသီးစကိုပြန်ဝါး
ငါထိုင်ရာက ထဖို့တော့ သင့်နေတယ်
ဒီနေ့၊ ဒီအချိန်၊ ဒီနေရာမှာက
ဒီလောက်ပဲလို့တော့ ငါထင်တယ်
July3,2018
Minsetwai
BINABASA MO ANG
ရဟတ်(ကဗျာစုစည်းမူ)
Poetryတကယ်တော့ ဘဝမှာ လူတွေအကုန်လုံးဟာ ရဟတ်စီးနေကြတာပါ...။ (မင်းဆက်ဝေ)