ဖေဖာဝါရီ လက်ဆောင်

13 1 0
                                    

ဖေဖာဝါရီ လက်ဆောင်
******************

ငါ့ကို အရာအားလုံး ပုံအပ်ပြီး ချစ်ခဲ့သူအတွက်
ဟော့ဒါက ငါရဲ့ နှလုံးသားနဲ့သီတဲ့ ဖေဖာဝါရီလက်ဆောင်......။
လူခြေတိတ်ချိန် နက္ခဆိုင်းတီး ၊ ပို့သမေတ္တာ အဖြာဖြာနဲ့
မင်းကို အရမ်းချစ်ကြောင်း ကမ္ဗည်းတင်ချင်ခဲ့တဲ့ ဒီကဗျာ
မင်းရင်ဘတ်ပေါ်မှာတော့ တယုတယထားပါ။

ငါတို့အချစ်ရဲ့စာမျတ်နှာ၊  သစ်လွင်ရခြင်းရဲ့ပြယုဂ်
ဝေးကွာခြင်းရဲ့ ကြမ္မာလား၊ နီးစပ်ခြင်းရဲ့ပညတ်နဲ့ "ပ" ထုတ်
ယာယီ အာဃာတတွေ၊ အချစ်နဲ့ပဲတိုက်ထုတ်
မပြေလည်ခြင်းတွေဆိုတာ  အိပ်မောကြသွားတဲ့အခါ..
ပန်းတို့ဝေဆာ၊ ဖူးပွင့်လာမှာပါ ချစ်သူ။

အို....ချစ်သူ
လေးဘက်လေးတန် ကာရံထားတဲ့ သံသယတွေ
အချစ်နဲ့ ဖြိုဖျက်စီးပစ်....လိုက်
သွေးကွဲစေတဲ့ ၊ ခလုတ်ကန်သင်းတွေလည်း
အချစ်နဲ့ပဲ ကျော်ကာဖြတ်ပစ်....လိုက်
အားအင်တွေနဲ့ တွဲလက်မြဲပြပြီး
ငါတို့အချစ်ကို သက်သေထူပစ်....လိုက်
တအံတသြတွေ မျတ်စိတစ်မှိတ်တင် ကြွေလိမ့်မယ်။

ကြည့်စမ်း......
ကြောက်စရာကောင်းတာ မြူတစ်မှုန်မှ မရှိပဲ အချစ်ရယ်...
မင်းအတွက် လိုအပ်တဲ့ သတ္တိခွန်းအားဆိုတာ
ဟော့ဒီကဗျာထဲမှာ ငါတိုင်းပြီး ချုပ်လုပ်ပေးလိုက်တဲ့အခါ
ငါ့မေတ္တာတွေ အရိုးစွဲပြီး ပဲ့တင့်ထပ်သံ တညံညံနဲ့ပေါ့ကွယ်။

အိုး...ချစ်သူ
ငါ့ကပင်လယ်၊ မင်းကလှိုင်း
ငါ့ကလမင်း၊ မင်းကကြယ်
ငါ့ကမြူခိုး၊ မင်းက တိမ်
ငါ့ကရေကန်၊ မင်းကကြာ
ငါ့ကတောင်တန်း၊ မင်းက စမ်း
ငါ့က ဥယျာဉ်၊ မင်းက ပင်
ငါ့က ပေးတဲ့အချစ်၊ မင်းအတွက်ဖြစ်ရင်း
မင်းက တစ်လှမ်းဆို
ငါ တစ်သန်းလောက်ကို ပြေးလာပါ့မယ်ကွယ်။

အိုး...ချစ်သူ
ဆောင်းတစ်ညရဲ့ ဖေဖာဝါရီညက ထုဆစ်တဲ့
ဟော့ဒီ ရင်တွင်းဖွဲ့မေတ္တာက၊ အပိုစကားတွေဖြစ်နေလား
အနာဂတ်သက်သေက၊ မင်းအတွက် စိုးစဉ်မျှပဲလား
ယုံစေတော့ ချစ်သူ
ငါ့ကြိုးစားရေးတဲ့ ဟော့ဒီကဗျာက
အပိုစကား ပါသည်ရှိသား
ငါ့နှလုံးသွေးများ ပွက်ပွက်အံလို့
မနက်ဖြန်တို့ အဆိပ်သင့်စေသား...။
1:07Am
Feb7.18
Minsetwai

ရဟတ်(ကဗျာစုစည်းမူ)Donde viven las historias. Descúbrelo ahora