နှောင်ကြိုး

27 4 0
                                    

နှောင်ကြိုး
*******

နှောင်ကြိုးရေ...
တေလေတစ်ကောင်ရဲ့ရင်ထဲကို
ရောက်လာခဲ့တဲ့ တေလေမလေးဟာ မင်းပဲလားကွယ်
မင်းဘေးမှာ ဝိုင်းနေတဲ့ လိပ်ပြာတွေထဲမှာတော့
ငါဟာ သွေးနည်းပြီး သူရဲဘောကြောင်တဲ့ကောင်၊ အရောင်အဆင်းမဲ့လွန်းတဲ့ကောင်၊ မင်းရဲ့ရိုးသားမူ၊ အချစ်တွေနဲ့ မတန်တဲ့ကောင်၊ မင်းအတွရ် ခလုတ်ကန်သင်း ဖြစ်နေတဲ့ကောင်ပေါ့ကွယ်။
နှောင်ကြိုး ရေ...
ငါ့မှာ ပျော်ရွှင်စရာကောင်းတဲ့ ငွေပိုက်ဆံတစ်ချို့ မရှိပါဘူး
ငါ့မှာ ကျေနပ်စရာကောင်းတဲ့ သူငယ်ချင်းတစ်ချို့လည်း မရှိပါဘူး
ငါ့မှာ ချပြစရာကောင်းတဲ့ ဂုဏ်ရည်တစ်ချို့လည်း မရှိပါဘူး
ငါ့မှာ ဘာဆိုဘာမှမရှိတဲ့ကောင်၊ အတိတ်တွေရဲ့ အမှိုက်တွေနဲ့ ဘောင်ဘင်ခတ်နေတဲ့ကောင်၊မင်း ရဲ့ အိပ်မက် တစ်ညနဲ့တောင် မတန်တဲ့ကောင်...
ဆိုတော့ မင်းအဆင်ပြေရင် ငါ့ကို အလွမ်းတွေနဲ့သာ ထားခဲ့ပါကွယ်...။
နှောင်ကြိုးရေ....
တကယ်တော့ ငါပိုင်တာ ကဗျာတွေက လွဲလို နတ္တိ
မင်းရဲ့လိုအပ်ချက်တွေလည်း...မဖြည့်စည်းနိုင်ခဲ့တာ ဒတ်ထိ
ကံတရားလို့ ခေါ်င်းစဉ်ခဏ,ခဏ တပ်နေရတာတောင် မုန်းလာမိတာလည်း မှတ်မိ
ငါ့ အပြစ်တွေပါပဲ၊ ငါ့ ညတွေမလှဘဲ၊ ငါ့နေ့ထဲ မင်းကို ထည့်ပေါ်င်းခဲ့မိတာ ငါအမှား သက်သက်ပါပဲ
ဆိုတော့ မင်းအဆင်ပြေမယ်ဆိုရင် ငါ့ကို အမုန်းနွံထဲမှာသာ ထားခဲ့။
နှောင်ကြိုးရေ....
မင်းပြတင်းပေါ်က်က မြင်ရတဲ့ တိမ်တွေလို
ငါဟာ အချိန်မရွေး ပြယ်လွင့်သွားနိုင်တဲ့ကောင်လို့ မင်း အထင်တစ်ဝက်နဲ့ပဲ ငါနေထိုင်ခဲ့..
ဒါပေမယ့်
ငါ့ရဲ့မျော်လင့်ချက် ခပ်ပါးပါးလေးကို ငါ ခိုးခိုးနမ်း
အိပ်ယာကနေ မထစတမ်း
အိပ်မက်ထဲထိ ခိုးယူပေါ်င်သင်းခဲ့မိတာ ငါ့အချစ်သက်သက်ပါပဲ။

နှောင်ကြိုးရေ......
ခြောက်သွေ့ ပါတယ်ဆိုတာတောင် မင်းနဲ့ ပတ်သတ်ရင်
ဘာမှန်းမသိတော့တဲ့ကောင်..
အဲလိုကောင်ရဲ့ ဘဝ
မရေရာပါဘူးကွယ်
ဒီတော့...မင်းအဆင်ပြေရင် ငါကို အိပ်မက်တွေထဲမှာသာ အဆုံးသတ်ခဲ့....။
နှောင်ကြိုးရေ....
အချစ်ဆိုတာတဲ့လား...သိပ်ပြီးတော့ နားဝင်ချိုတာပေါ့ကွယ်
ဒါပေမယ့်
မင်းအနားက လူတွေနဲ့ယှဉ်မိတော့ ငါက ပုရွတ်ဆိတ်
အားမသန်..ဘဲ.. တောင်ထိပ်ဖျားကိုမှ သွားချင်ခဲ့တဲ့ကောင်
ဘယ်တော့ရောက်မလဲကွယ်...
ငါ့မသိပေမယ့် မင်းအမြန်ရောက်ရှိသွားဖို့ ငါဆုတွေတောင်းတယ်..
မင်းဟာ နတ်ဘီလူးတွေ ရဲ့ အခွင့်ထူးခံ ရမယ့် နတ်မိမယ်တစ်ပါးရဲ့ ပုံရိပ်ပဲအချစ်ရယ်
ငါကဗျာတွေထဲက သံယောဇဉ်တွေနဲ့ ကင်းဝေးရာအရပ်ဟာ
မင်းအတွက် လုံခြုံမူတွေနဲ့ ပျော်ရွှင်စရာကောင်းတဲ့ မိသားစုတစ်စုတော့ ဖြစ်စေမယ် ထင်ပါရဲ့
ငါ့အရှုပ်တွေထဲမှာ မင်းကပ်မငြိမိခဲ့တာပဲ မင်းအတွက် ဆုမွန်ကောင်းဖြစ်မယ်
ဆိုတော့...မင်းအဆင်ပြေမယ်ဆိုရင်...ငါ့ကို
နာကျင်စရာတွေနဲ့ မုန်းခဲ့။
Oct17.2017
Minsetwai

ရဟတ်(ကဗျာစုစည်းမူ)Donde viven las historias. Descúbrelo ahora