အချစ်ချို၊အချစ်ခါး

37 2 2
                                    

အချစ်ချို၊အချစ်ခါး
************
ခဏလောက် ပွေ့ဖတ်ပေးလှည့်ပါ
သာလိကာ တစ်ကောင်လောက်တောင်
လိမ္မာပါးနပ်စွာနဲ့ စကားမတတ်တဲ့ငါဟာ
မိုးကောင်းကင်မှာ မျှော်လင့်ချက်တွေ စိုက်ပျိုးနေရုံနဲ့
သွားချင်တဲ့ခရီးဟာ ဘယ်တော့မှ ရောက်မလဲကွယ်။

ငါ့ရဲ့ အိပ်မက်ပျိုးခင်းတွေ နွမ်းလျချိန်မှာ
ဥယျာဉ်မှုးမလေးက ပြဿဒါးမျိုးစေ့တွေ ချပေးခဲ့
ဆုတောင်းရုံပဲ တတ်နိုင်သူအဖို့
ဥသြတစ်ကောင်လို လွမ်းချင်းတွေရွတ်
ဇွတ်တရွတ်ကြီးကို ရေလိုက်လွဲခဲ့မိတယ်ကွယ်...။

ကိုတို့ကောင်းကင်က အမြဲပြာလွင်မယ်လို့
ချစ်သူက ပြောခဲ့တာပဲ
အထင်တွေ လွဲသွားရပေါ့
အခုတော့
မိုးတိမ်မည်းတွေချည်း
သူ့ဘက်က လွင့်ခဲ့တယ်။
Jan25.2010
Minsetwai

ရဟတ်(ကဗျာစုစည်းမူ)Où les histoires vivent. Découvrez maintenant