ငေးမောမိခဲ့တဲ့ ပျော်ရွှင်ဖွယ်ရာနေ့များ

15 3 0
                                    


ငေးမောမိခဲ့တဲ့ ပျော်ရွှင်ဖွယ်ရာနေ့များ
____________________________


၇၂နာရီရှိပြီဖြစ်တဲ့ ကြောင်စီစီမျတ်လုံး
Ace of Coinsလို့ပြတဲ့ တဲရော့စ်ကဒ်
အထီးကျန်ခြင်းရဲ့နယ်နိမိတ်ကို
သတ်မှတ်ခဲ့တော့
ပျော်မြူးနေတဲ့ သူတို့ရဲ့တစ်နေ့တာလေးမျိုး
ငါလည်း အားကျလို့ လိုချင်ပါတယ်ကွယ်။

ကိတ်မုန့်လှလှလေးတစ်လုံးဟာ
အလယ်ဗဟိုမှာ
ကလေးတစ်ဦးကို ချီထားတဲ့လက်တစ်စုံဟာ
အနာဂတ် အာမခံချက်လား
စတင်လောင်ကျွမ်းတဲ့ ဖယောင်းတိုင်းမီးများမှာ
ကလေးငယ်တွေလည်း ရင်တခုန်ခုန်နဲ့ရှိမှာ
အဲဒီအချိန်အခါက..ငါဟာ
ဘက်စ်ကားလူကြပ်ကြပ်ကြီးထဲ
စိတ်မသက်သာစွာ လှောင်ပိတ်မိနေမှာ
တကယ်က ငါမလုပ်ပေးနိုင်သော
အရာများအတွက်
ငါမသိချင်ယောင် ဆောင်ပြီး
မေ့ပစ်လိုက်တာ...။

အခု သူပြုံးနေတာ အလှဆုံးပါပဲ
ဘဝမှာ မမြင်ခဲ့မိဘူးတဲ့ ဒီအပြုံးအတွက်
ထောက်ပံပေးသော အရာအားလုံးကို
ကျေးဇူးတင်ရင်း ငါဆုတောင်းမိတယ်
အစဉ်ထာဝရ အေးချမ်းစေ....။

ငါက ..
တစ်ဘဝပြီး တစ်ဘဝ ပြန်ပြန်ရှင်လာရတဲ့ "ခြ"ပါ
ထပ်တူညီတဲ့ အရယ်အပြုံးတွေ မြင်တော့
ယုံကြည်ကိုးစားခံရမူ မဲ့သူ...ငါဟာ
မပြုံးရယ်ဖြစ်တဲ့ လပေါ်င်းများစွာထဲမှာ
ငါပိတိဖြစ်စွာ ပြုံးမိတယ်။

ခလေးအိပ်စက်တယ်ဆိုရင်ပေါ့
ဘယ်သားချော့တေးပဲ ဖြစ်ဖြစ်ပေါ့
ခလေးသိပ်ဖို့တော့ သုံးရမှာပါပဲ..
ပျော်ရွှင်စွာ ရယ်မောနေသူလေးရယ်
အားကျရုံ သက်သက်ပါပဲကွယ်... ။

3:28AM
Mar 29,19
Minsetwai

ရဟတ်(ကဗျာစုစည်းမူ)Donde viven las historias. Descúbrelo ahora