Nymphomania

31 1 0
                                    


Nymphomania
*****************

သမုဒ္ဒရာဟာ ဘယ်ကရေပဲ စီးလာလာ
ပြည့်သွားတယ်ကို မရှိ......။
မီးဟာ အမြဲတမ်း အရှိန်တညီးညီးမို့
ဘယ်သူ၊ ဘယ်ဝါ၊ ယောကျာ်း၊ မိန်းမ၊ သူသူ ငါငါမခွဲခြားတော့
သစ္စာတရားနဲ့ကတိဆိုတာ အိပ်ယာခင်းနဲ့ လုံးထွေးသွား
"ရှင်က သိပ်ချစ်စရာကောင်းတယ်နော်..."
ထမင်းစား ရေသောက်ပဲပေါ့......။

ဘာမဆို ထည့်သိမ်းထားနိုင်တဲ့ သေတ္တာတစ်လုံးပါ
သေတ္တာထဲမှာ အရည်ရွမ်းတဲ့ သစ်သီးတစ်မျိုးပဲ ရှိမယ်
စိတ်ကြိုက်ပျော်ပါးနိုင်သူ အားလုံးကို နွေးထွေးစွာ ဖိတ်ခေါ်ပါရဲ့
ဧဒင်ဥယျာဉ်ဟာ ၂၄နာရီ ပန်းတွေ့ပွင့်တယ်
အဆောင်အယောင်ထက် ခွန်အားစိုက်ပေးဖို့ပဲ လိုတယ်
ဒီမှာရှင်! ဒီကထွက်သွားတာနဲ့ ဒါကိုမေ့လိုက်ပါ။

ဘယ်တော့မှ အတောင်ကျွတ်မှာ မဟုတ်တဲ့ ပိုးဖလံ
စိတ်ချပါ နှဖားကြိုးထိုးတဲ့လက်မဟုတ်ပါဘူးရှင့်
ကျားကွက်ရွေ့တဲ့လက်ပါ..
ဆရာကြီးတစ်ယောက် ပြောသွားသလိုပဲလေ
ယူရင်တစ်ယောက်ပဲ ရမှာ..
ရယ်သံအကောင်းစားနဲ့ ဟတ်ဟတ်ပက်ပက်ရယ်လိုက်တယ်။

မပြီးဆုံးသေးဘဲနဲ့တော့
ရှင် ဘယ်တော့မှ ထွက်ခွာခွင့်ရမှာ မဟုတ်ဘူး
ကျေးဇူးပြုပြီး
ရှင့်ကြောင့် ကျွန်မမောပန်းပါရစေ..
ပင်လယ်ကလှိုင်းတွေ အသံကုန်မြည် ရိုက်ဟီးပေါ့
မုန်တိုင်းတွေ တလှပ်လှပ် တိုက်နေသလိုမျိုး
နွယ်နယ်မူမှာ ဘဝင်ကျသွားပုံက
သူ့လက်၊ သူခြေ.ချည်း...။

ဦး ဆောင်ရဖို့အတွက်တော့
ဘဝတစ်ခုလုံးမှာ
ဝတ်ကျေတန်းကြေတွေ အကုန်လုံး မောင်းထုတ်ပစ်လိုက်မယ်
ကဲ...လာ..ဒီတစ်ခါ ရှင့်အလှည့်...။
Nov2.17
minsetwai

ရဟတ်(ကဗျာစုစည်းမူ)Where stories live. Discover now