ရဟတ်စီးသူများ-၂

16 2 0
                                    

ရဟတ်စီးသူများ-၂
......................
ကြိမ်းဝါးသံတွေက ကြောက်ဖို့ကောင်းတယ်
ပုံစံတွေက ရုပ်ရှင်တွေထဲက လူကြမ်းတွေဂိုက်နဲ့
ဂိုဏ်းစတားဆိုပြီး ကြွက်တွင်းအောင်းတယ်
မုန့်ဖိုးပေးရင် ယူပြီး မသိတဲ့ကောင်ကို ဈေးတင်ရိုက်တယ်
သနားဖို့ကောင်းတဲ့ လူမိုက်....။

လူမိုက်ကြီးတွေ အသံတွေထွက်တာက
ပီပီမှုတ်တဲ့ မော်တော်ပီကယ်အလား
ကားကြားမှာ ဗျာများနေရတဲ့ကောင်တွေမျိုး
လေးစားမခံရတဲ့ရုပ်ကို လေးစားခံရအောင်
နှစ်ကျပ်ကွက်နင်းပြီး အရူးချီးပန်းပြသလိုမျိုး
အသက်မွေးဝမ်းကျောင်းမဲ့ပြီး
စိတ်ကြီးဝင်နေတာက
တစ်လောကလုံး သူတို့လုပ်စာ ထိုင်စားနေတဲ့အထာမျိုး။

လူမိုက်ကြီးတွေပါ
အောက်မှာကျတာတွေ လိုက်ကောက်စားတယ်
လူမိုက်ကြီးတွေပါ
ပေးတာယူပြီး၊ ကျွေးတာစားတယ်..။
လူမိုက်ကြီးတွေလား...
သိပ်မိုက်ရင် လက်ဝှေ့တတ်ထိုးသင့်တယ်
လူမိုက်ကြီးတွေလား...
စောင်ခြုံပြီး လက်သီးပုန်းတွေ မပြပါနဲ့
လူမိုက်ကြီးတွေလား...
လောကကြီးကို အမြင်ကျယ်ကျယ် ကြည့်သင့်တယ်..
ခင်ဗျားတို့က သိပ်သနားဖို့ကောင်းတယ်။
Jan2.17
minsetwai

ရဟတ်(ကဗျာစုစည်းမူ)Où les histoires vivent. Découvrez maintenant