ငါ့တစ်ယောက်ကိုမှ အနိုင်ကျင့်ချင်တဲ့
ဧပရယ်
______________________________ဘယ်လိုလဲ ဧပရယ်.....
အကွေ့အကောက်၊
အတိမ်းအစောင်းတွေနဲ့ငါ့ရင်ဘတ်ကိုမှ နွေစစ်တလင်းအဖြစ်နဲ့..
ရွေးခြယ်ကျင်းပနေရော့ သလားကွယ်
အသင့်ရဲ့
အလွန်လျှင်မြန်တဲ့ အပြောင်းအလဲထဲလိုက်လျောညီထွေဖြစ်အောင်
ကြိုးစားရတာကလေပွေနဲ့အတူ လွင့်ဝဲတတ်သွားတဲ့
အမှိုက်စတွေကိုတစ်စစီပြန်ကောက်
စုစည်းပေးရတာထက်
ပိုခက်ခဲပြီးတော့ အခြေအနေဆိုးတယ်နားခိုဖို့
ငါ့ကို တကယ်လိုအပ်နေတဲ့
နေရာကျတော့
ဘယ်ချောင်ဝှတ်ထားမှန်း
ငါ့မှာ မသိရှိရတယ်ခဏတလေလောက်
တွေ့ခွင့်ပေးရင်ရတယ်ဆိုတာမျိုးတော့သင်..
စာနာတွေးကြည့်ဖို့ ကောင်းပါတယ်ကွယ်။ဇက်ကြောတွေတတ်တယ် ဧပရယ်
ရင်ထဲကို တဝုန်းဝုန်းနဲ့
နွေအပူတွေ
လာလာလောင်းမထည့်ပါနဲ့ပါလားစိတ်တွေက ဂဏှာမငြိမ်နဲ့
ပတ်ဝန်းကျင်ထဲက ထွက်လို့ပြေးချင်တယ်သင်ရယ် ဘာကြောင့်လဲ...
ထူးဆန်းထွေလာဖြစ်ရပ်တွေနဲ့..
ငါ့ကိုမှ
သဘောထားကွဲလွဲချင်နေခဲ့ရတာလဲ..သင်စိုးမိုးထားတဲ့ ဒီကာလဆိုးကြီးထဲ
ငါ့ကိုယ်ငါ
မထိန်းကျောင်းနိုင်တော့တဲ့
အနေအထားနဲ့ချောင်ပိတ်ရိုက်ခံနေရတယ်ဆိုတာမျိုးတော့
သင်...
စာနာတွေးကြည့်ဖို့ ကောင်းပါတယ်ကွယ်။Api 18,2019
Minsetwai
_____________________________
DU LIEST GERADE
ရဟတ်(ကဗျာစုစည်းမူ)
Poesieတကယ်တော့ ဘဝမှာ လူတွေအကုန်လုံးဟာ ရဟတ်စီးနေကြတာပါ...။ (မင်းဆက်ဝေ)