လှိုင်သာယာ

6 3 2
                                    


လှိုင်သာယာ
**********

ရွံနံသင်းနေတဲ့ ရေကန်ထဲကို ဒိုင်ဗင်ထိုးချလိုက်တယ်
ကျွန်တော်ဟာ အပြစ်ကင်းစင်နေသေးတဲ့ ကလေးငယ်
အိမ်ထဲက ကားကတ်ဆက်အိုအိုမှာ ဗီဇကို ဆေးရေးခြယ်လို့
အိမ်ပြင်ထွက်ပြီး စက္ကူစွန်တွေလည်း လိုက်ဖမ်းခဲ့တယ်
ကြောင်ကလေးတစ်ကောင်က ကျွန်တော်အသဲကျော်လေ
ခင်လေးအောင်ကတော့ ကျွန်တော့်ကို လက်သည်းညှပ်ပေးခဲ့တယ်
ငါးမျှားချိတ်တစ်ချောင်း ကျွန်တော်နဖူးမှာ လာချိတ်တဲ့အချိန်ရောက်လာတော့
"အမေ ၊သား ငါးမမျှားတော့ဘူးနော်...။”
အိမ်ရှေ့မှာ စာအုပ်ဆိုင်တစ်ဆိုင် တည်လိုက်တယ်
ရင်ဘတ်ထဲကို စာရေးဆရာတွေ ဝင်လာတယ်
ဘိုဘိုဟာ သူရဲကောင်းဖြစ်တယ်
အဖေ့ဆွဲတဲ့ ကာတွန်းတစ်ပုံမှာ
ကျွန်တော်မျတ်လုံးတွေ အရောင်လတ်သွားတယ်
အတန်းထဲမှာကျွန်တော်ဆွဲတဲ့... မြန်မာပြည်မြေပုံက အလှဆုံးဖြစ်သွားတယ်။
ရင်ဂိုကလား အနားမှာ ဘယ်သူရှိလဲလို့ အော်နေတုန်း
ကျွန်တော်ပုဆိုးဝတ်တာကို အိမ်ရှေ့က အဒေါ်ကြီးက လှောင်တယ်
အိမ်အပြန်မှာ လယ်သရက်ကင်းတွေ ခူးလာခဲ့တဲ့ကျွန်တော်
ရုတ်တရတ် အိပ်ပျတ်ညတစ်ညကို လက်ဆောင်ရလိုက်တယ်
အဖေ့ရဲ့ အာရုံများခြင်းထဲမှာ
ညတွေဟာ ကျွန်တော်ကို ဖမ်းစားသွားတယ်။
အဖေရဲ့ဘော်ဒါတွေတော့ တစ်ယောက်ပြီးတစ်ယောက်
ဝဋ်ကျွတ်သွားကြလေရဲ့
ဒီမြို့မှာ ဆက်နေဖို့က.အဖေရဲ့သဘောပဲလေ
အဲဒီနောက်ပိုင်း
အိမ်နောက်ဖက်က ခရစ်ယာန်ကျောင်းလည်း တေးသံတိတ်သွားတယ်
အိမ်ခြေရင်းက တွံတေးသိန်းတန်အသံလည်း မကြားတော့ဘူး
ကရင်ရွာထဲက ထွက်လာတဲ့ ကရင်မလေးတစ်ချို့ရော..
ဂီတာတီးပြတတ်တဲ့ ကိုမျိုးကြီးကော
ပြီးတော့ ကျွန်တော်မွေးထားတဲ့ ရွှေငါးတစ်ချို့
ဘာတစ်ခုမှ မရှိချိန် အဖေရဲ့ စိုင်းထီးစိုင်သီချင်းတော့ ကြားရတယ်
မျတ်ရည်စတစ်ချို့နဲ့ ကြောင်မလေးတစ်ကောင် ပါလာတယ်
အိမ်ရှေ့ကသစ်ပင်ကြီးက ကျွန်တော်ကို အသေအချာကြည့်လို့
ဝါးတံတားလေးရေ.ငါ့အိမ်မက်လေး ထားခဲ့ပါစေတော့
နောက်တစ်ခါတော့ ငါ ရေအိုင်ထဲ ဆင်းချင်ပါသေးရဲ့
ဒါပေမယ့်
ဒုတိယတစ်ခါနဲ့ ပထမတစ်ခါ
အင်း..နေ့စွဲတွေတော့ ပြောင်းသွားမှာ ပေါ့ကွယ်။
March3.2017
Minsetwai

ရဟတ်(ကဗျာစုစည်းမူ)Onde histórias criam vida. Descubra agora