အပိုတွေ လုပ်တဲ့ကောင်

16 3 7
                                    


အပိုတွေ လုပ်တဲ့ကောင်
*****************
ဝေးကွာခြင်းကို ငါတော်လှန်ပြခဲ့ပေမယ့်
ငါက အပိုတွေလုပ်နေတဲ့ကောင်ပါ.....

ငါရဲ့ဂရုစိုက်မူတိုင်း၊ ဂရုစိုက်မူတိုင်း.....က
အချစ်ရဲ့သင်္ကေတအဖြစ် ငါဆေးခြယ်ပြတာတောင်
ငါက...အပိုတွေ လုပ်နေတဲ့ကောင်ပါ.....

ငါ့ကတိသစ္စာတွေ ငါတည်မြဲဖို့ကြိုးစားခဲ့တာတောင်
ငါက...အပိုတွေလုပ်နေခဲ့တဲ့ကောင်ပဲ ဖြစ်တယ်...

"ငါက အားကိုးချင်စရာ မကောင်းတဲ့ကောင်.....
ငါက..တာဝန်ဝတ္တရားဆန်နေတဲ့ကောင်......
ငါက...အပျင်းကြီးနေတဲ့ကောင်....
ငါက.....အလိုက်အထိုက် မသိတဲ့ကောင်
ငါက..ငါသာယာဖို့အတွက်ပဲ ကြည့်တဲ့ကောင်...."

ငါ ခံစားထိုက်ပါတယ်...
ငါဟာ အပိုတွေ လုပ်နေခဲ့တဲ့ကောင်မို့

ခပ်ရိုင်းရိုင်း ပြောရရင်
ငါက...စောက်ပိုတွေ လုပ်နေခဲ့တဲ့ကောင်
ငါက...စောက်ပိုတွေ လုပ်နေခဲ့တဲ့ကောင်
ငါက....စောက်ပိုတွေ လုပ်နေခဲ့တဲ့ကောင်...။

ဒီလိုနဲ့...ပဲ
တောင်စွယ်မှာ..နေကွယ်သွားတော့မတဲ့။
Apr10.2018
Minsetwai

ရဟတ်(ကဗျာစုစည်းမူ)Dove le storie prendono vita. Scoprilo ora