အမှန်တရားမဲ့တဲ့ကျွန်တော်....

10 2 0
                                    


အမှန်တရားမဲ့တဲ့ကျွန်တော်....
____________________

အစစ်အမှန်တရားရဲ့ အစေခံမဟုတ်တော့တဲ့ နေ့ရက်များဦးနှောက်ဟာ ပျက်ရှဒဏ်ရာများနဲ့ လဲကျသေဆုံးရင်းအမုန်းဒဏ်ရာကကောင်းမွန်စွာ သဂြိုလ်လို့ နေတယ်

¡Ay! Esta imagen no sigue nuestras pautas de contenido. Para continuar la publicación, intente quitarla o subir otra.

အစစ်အမှန်တရားရဲ့
အစေခံမဟုတ်တော့တဲ့ နေ့ရက်များ
ဦးနှောက်ဟာ ပျက်ရှဒဏ်ရာများနဲ့
လဲကျသေဆုံးရင်း
အမုန်းဒဏ်ရာက
ကောင်းမွန်စွာ သဂြိုလ်လို့ နေတယ်..
စိတ်မီးခိုးငွေ့တွေက
အချင်းချင်း ပဋိပဏ္ခဖြစ်နေကျရင်း
စိတ်ရှည်ခြင်းတွေကို တစ်စ၊ တစ်စ
ခိုးယူထုတ်သယ်ထုတ်သွားကြတယ်။

ကျွန်တော်က
လိမ္မာပါးနပ်မူ ကင်းမဲ့ဇုန်ထဲမှာ မရှိ
ဦးနှောက်ပျက်ကြီးနဲ့ မသိမလိမ္မာသလိုနေနေမိ
ကျွန်တော်ဘဝရဲ့ ဖြစ်တည်မူထဲက
လူသားရဲ့ခေတ်ပြိုင် ယဉ်ကျေးမူထဲက
အတ္တတွေ
လူ့ အလိုက်အထိုက် ဆက်ဆံရေးတွေ
မုသားမှန်းသိလျှက် ယုံကြည်လက်ခံရမူတွေ
အားလုံးကို ကျွန်တော်မုန်းသလို
ကျွန်တော်ကိုလည်း သူ မုန်းထားတယ်..။

ကျွန်တော်မုန်းတာတွေကိုလည်း....
ကျွန်တော် လုပ်နေမိဆဲ..
သူ မုန်တီးတာတွေကိုလည်း
ကျွန်တော်လုပ်နေမိဆဲ
လူမိုက်တစ်ယောက်ရဲ့
နာရီလက်တံထဲမှာ
အနာတရတွေ
ပုံမှန် လည်ပက်နေကြဆဲပါပဲ။

ဒီနေ့ဟာ ဒီဇင်ဘာရဲ့ နောက်ဆုံးနေ့
ဒီတစ်နှစ်ထဲ
အသက်မဝင်သလို ရှုပ်ယှတ်ခတ်
ပျံဝဲ နေနေတတ်တာမျိုးက
တစ်ခါတစ်ခါလောက်ပါ
နားထဲကို အသံတွေ
ထည့်မရတော့တဲ့အချိန်တွေမျိုးမှာတော့
ဘီယာဆိုင်မှာ
ဖုန်းမှန်ကို သွားပွတ်နေတယ်
အရောင်းအဆင်းတွေဟာ
ပုပ်သိုးသိုးရနံတွေနဲ့
မျတ်လုံးကို ရောဂါတော့သည်းစေတယ်
အိပ်ပြီလား မေးကြည့်တော့
အိပ်စက်ခြင်းများအားလုံး
အိပ်စက်အနားယူနေကြတယ်
ဘယ်မှာလဲ ကျွန်တော်ရဲ့ တောင်ပံခတ်သံ
အလွမ်းအကျွင်းအကျန်တွေနဲ့
မသိစိတ်ရဲ့ရေချိန်က
တတ်နိုင်သမျှ သိုဝှတ်
တတ်နိုင်သမျှ ထိန်းချုပ်
တစ်ယောက်တည်း
စကားထာဝှက်နေရတဲ့ဘဝမျိုးနဲ့ပဲ
နာကျင်တာတွေ၊ ရင်နာတာတွေ
စဉ်းစားစရာမကျန်တော့အောင်ဆိုပြီး
အကုန်လျှောတ်စဉ်းစားပစ်နေမိတယ်။

စိတ်ကို ဦးခေါ်င်းထဲ ဖြန့်ပြီး ရွှေကောဇောတွေခင်းကြည့်တယ်
ဒီလိုမျိုး မတွေးသင့်တဲ့နောက် ယေဘုယျဆီကိုပဲ ပြန်လာနေမိတယ်
မနက်ဖြန်ကို ရှာဖွေသယ်ထုတ်မူမှာတော့ စိတ်ယဲ့ယဲ့နဲ့သေပြီ
တောက်ပနေတဲ့ ကြယ်အမြီးကို ပန်ပေးဖို့ ကိစ္စ
ပစ္စူပ္ပန်ကနဲ့နဲ့ဆိုတော့
အိပ်ချင်ယောင်ဆောင်ချင်ထဲမှာပဲ
ပြန်ပြီး လန့်လန့်နိုးနေခဲ့ရတယ်
မနက်တွေ ပွင့်ဝေလာတာတွေတော့
ဒီမျတ်စိတစ်စုံမှာ
မိမိကိုယ်မိမိ ပြန်စူးနေမိတယ်
ငါဟာ တစ်ခါတစ်လေ ငါဆီကနေ လွဲထွက်လိုက်ချင်ပါတယ်ကွယ်..။
Dec 31.2018
Minsetwai

ရဟတ်(ကဗျာစုစည်းမူ)Donde viven las historias. Descúbrelo ahora