ပျံသန်းလာခဲ့ပေါ့.....

28 2 2
                                    


ပျံသန်းလာခဲ့ပေါ့.....
************

ငါ့ညထဲ ကဝေပျံတစ်ကောင်ရောက်ရှိ ပျံသန်းလာပေါ့
သူ့မျတ်လုံးတွေ ဟတ်ဟတ်ပက်ပက်ရယ်တယ်..
ရေလိုက်လွဲခဲ့တဲ့ ငါက နာနာကျည်းကျည်း ငိုတယ်
နောက်ဆုံး ပတ်သက်မူထဲမှာ ဘာမှရှာဖွေမရခဲ့ဘူး
အိပ်မက်တွေ အခွံ ကျွတ်ပြီးကျန်ခဲ့တယ်
အရောင်၊အဆင်း၊အနံ၊ အရသာ ဘာဆိုဘာမှမရှိခဲ့ဘူး
ပြုစားခံထားရတဲ့ ညတိုင်း ညတိုင်း
မျတ်ရည်ကို ယဇ်ပူဇော်လို့ ယမကာကို အဖော်ပြုတယ်
အိုနာကျသွားတဲ့ သူ့အချစ်တွေအတွက်
ဘာလုပ်ရမလဲမသိခင် သူ့ဆီမှာ ဘာစကားလုံးမှမရှိတော့
ဓားနဲ့ ထိုးသွားရင်တောင်
ဒီလောက်ခံရခက်မယ် မထင်ခဲ့မိ
အခုထိ ငါ့မှာ သွေးကြဲပြီး သူ့အစွယ်တွေကို ကြောင်ငေးတုန်း
ဖျတ်ခနဲ ဖြတ်ရိုက်ခံရတဲ့ ငါ့မျတ်နှာဟာ သွေးဆုတ်ဖြူရော်
သူဒေါသတွေနဲ့ မုန်တိုင်း သင့် ရပ်ဝန်းထဲ
ငါ့နှလုံးသားဟာ အလင်းပိတ်
ငါ့ကိုယ်မှာချိတ်ထားတဲ့ ချိတ်ကို...
ငါ မြူခိုးဝေဝေနဲ့ ငေးလို့
ဆက်သွယ်မူဧရိယာပြင်ပထဲက
သူ ပြန်ထွက်လာမယ့် အချိန်ကို အမှတ်မရှိမျှော်တယ်။
Nov5.2017
Minsetwai

ရဟတ်(ကဗျာစုစည်းမူ)Nơi câu chuyện tồn tại. Hãy khám phá bây giờ