မိုးရွာတဲ့အခါ

16 2 0
                                    


မိုးရွာတဲ့အခါ

မိုးရွာတဲ့အခါ......
လျှိုဝှတ်ထားတဲ့ အမှန်မဟုတ်သော အကြောင်းတရားတွေက
သူကြောက်နေတယ်လို့  လိမ်နေလိမ့်မယ်။ ။
မိုးရွာတဲ့အခါ....
ကျွန်တော်တို့ဟာ ကြိုးဖြင့်ချည်ပြီး
ဝတ်ရုံနောက်မှာပုန်းနေမယ်...
ဒီနေ့ ရဲ့ မိုးရွာခြင်းက
ကျွန်တော်တို့မျှော်လင့်ချက်တွေကို
တိုင်းတာဖို့ အတွက်သက်သက်
ဒီနေ့ရဲ့ မိုးရွာခြင်းက
တနင်္ဂနွေကိုအကောင်းဆုံးဝတ်ဆင်ချင်ရုံ သက်သက်
ဒီနေ့ ရဲ့ မိုးရွာခြင်းက
သန့်ရှင်းစွာစကားပြောဖို့ 
သရ တွေပြိုကွဲသွားစေရုံ သက်သက်...မို့
မိုးရဲ့ လေပြောင်းလဲမူအတိုင်း
အချို့အကွေ့တွေ အားလုံးဟာ ပြောင်းလဲ
စိတ်ကုန်ခြင်းရဲ့အခြေအနေထဲ
ပစ္စူပ္ပန်ကို လိမ်နေခဲ့ကြတယ်။
မိုးရွာတဲ့အခါ....
နှစ်မြို့ ဖွယ်အကြည့်တွေလည်း
ပွန်းပဲ့ထိခိုက် အနာတရ
မြစ်အစွန်အဖျားမှ
နေကြတ်နေသလို ဘဝက
အသိညဏ်ရေခွက်ထဲ
ရေဆာမူကြောင့်ရေငတ်ပြေစေမယ် ထင်ခဲ့တာ
မိုးရွာလာတဲ့အခါ..
အဖြေက ခြေထောက်တွေတောင့်တင်းသွားရ
အခုတော့မှ
လိမ်ပြီကြောက်နေစရာ
မလိုတော့အောင်လားလို့
နာနာကျင်ကျင်ငိုချပြမှ
မိုးတွေက ပိုပိုသည်းလာခဲ့တဲ့ ည...။
June13.18
မင်းဆက်ဝေ
(Wattpad မှ strongheart၏ ကဗျာတစ်ပုဒ်အား ပြန်လည်ခံစားရေးဖွဲ့ခြင်းဖြစ်သည်။)

ရဟတ်(ကဗျာစုစည်းမူ)Donde viven las historias. Descúbrelo ahora