မောဟ၏ပြတင်းတံခါးများမှတဆင့်
------------------------------------------
ကောင်လေး
စိတ်ဓာတ်ကျခြင်းတွေ
အရိုးထဲမှာ မီးတွေလောင်စွဲနေသလား
ပစ်မှတ်အားလုံးဟာ
စုန်းတွေ ပူးကပ်နေတယ်ဆိုရင်လည်း
အိပ်ပျက်ညတွေကို
အရည်ဖျော်စားသုံးပစ်လိုက်ပါ
မင်းဖုန်းထဲမှာက
လေယာဉ်ပျံထားတဲ့ တံခါးပိတ်ဝါဒနဲ့
လုံးဝ တစ်ကိုယ်စာအခန်းကျဉ်းထဲ
အရှေ့၊ အနောက်၊
တောင်၊မြောက်အရပ်တွေက
မျတ်နှာကျက်ပေါ် တိမ်တစ်စနဲ့
အကြောဆန့်နေကြတယ်
မင်း ဝင်သေဆုံးပေးလိုက်လို့လည်း
ရပါတယ်။ကောင်လေး
အမြင်၊ အစွန်းအထင်း၊ ပစ်စလတ်ခတ် ၊ ထိုးထိုးထောင်ထောင်
မှုန့်နံသာခြယ်သယောင်ယောင်နဲ့
အတ္တကိုယ်စားပြု မိတ်ဆွေတွေကြား
တီးမှုတ်ကခုန်ဖို့ မင်းကြိုးစားနေခဲ့တာလား....
အောက်တန်းစား အတွေးနဲ့
နက္ခတ်တည်နေသူအချို့အတွက်
ပခုံးနဲ့ကျောကို ဖျာခင်းပေးထားခဲ့ပြီလား
မြင်မြင်သမျှအဝါတိုင်းက
ရွှေတွေလည်း ဖြစ်ကောင်းဖြစ်မှာပါ
ဒါနဲ့...ပျော်ရွှင်စရာ မီးခြစ်အတွက်
ဖယောင်းတိုင်းမရှိတာတော့ ရင်နာစရာ
ကိစ္စလည်းမရှိပါ
လူတွေရဲ့ လူလိုမသိတတ်ခြင်းတွေထဲ
မင်း ဝင်ပြီးမသိတတ်လိုက်လို့လည်း
ရတယ်။ကောင်လေး
မိုးစုန်းစုန်းချုပ်နေတဲ့
ကံရာသီရဲ့ ပါးကွက်သား
ထုံကျစ်မွှေးတဲ့ ပန်းရနံတွေ
စပ်ကူးမတ်ကူး တခါတရံ
အခါသမယမှာတောင်
သင်းပျံယောင်ဆောင်
မွှေးပြတာမျိုးမရှိတော့လို့
ထင်ရာစိုင်းတဲ့မြင်းကို
စီးပြီးခရီးထွက်တော့ မလို့လား
အပျင်းဖျားနေတဲ့ စိတ်ဝေဒနာသည်
အကုန်လုံး အဆင်ပြေစေချင်ပါတယ်
အော်ဟစ်တေးလည်း
အသံမထွက်သာတော့
ရောက်ရှိအရပ်မှာ တော်ရာနေသူတွေက
ပုံပြင်ခပ်ကောင်းကောင်းပြော
အဲဒီအထဲမှာ အိပ်မက်နဲ့အနာဂတ်တွေ
လွင့်ပျံဝဲနေကြဆဲ
အချို့မုန်းတိုင်းတွေ
လမ်းခုလပ်မှာ ဝပ်နေတယ်
မင်း
ကြုံရာတစ်ချို့နဲ့
သွားဆွဲထူပေးလိုက်လို့လည်း ရတယ်။11:11PM
Nov23.2018
MINSETWAI
YOU ARE READING
ရဟတ်(ကဗျာစုစည်းမူ)
Poetryတကယ်တော့ ဘဝမှာ လူတွေအကုန်လုံးဟာ ရဟတ်စီးနေကြတာပါ...။ (မင်းဆက်ဝေ)