မကြေညာရဲတဲ့ဝေဒနာ

9 2 0
                                    

မကြေညာရဲတဲ့ဝေဒနာ
-------------------------

ကျီးလန့်စာများနဲ့ ကိုယ့်ဘဝဟာ
ဖိတ်တစ်လှည့်၊စင်တစ်လှည့်
အိပ်မက်ကို အပြင်မထွက်ရအောင်
ကြိုးတုတ်ရတာလည်း
ပျက်တစ်လှည့်၊ ပြေတစ်လှည့်
ဒုက္ခကို လူမြင်ကောင်းအောင်
ဆေးဆိုးနေမိတာကလည်း
ပြယ်တစ်လှည့်၊ လွင့်တစ်လှည့်...နဲ့
သစ္စာဆူးတွေချည်း
ကိုယ့်မှာဆူးခဲ့တယ်.....။

ဆိုးဝါးတဲ့ အကျင့်စာရိတ္တဘောင်ထဲမှာ
အကြမ်းဖက်ရယူထားခဲ့သမျှ
ဝဋ်ကြီး၊ဝဋ်ငယ် အသွယ်သွယ်တို့နဲ့
အနောက်က ဓားပြန်ထောက်ခံခဲ့ရတယ်။
မမှားဘူး မှန်ကြတယ်။ မမှန်ကန်ဘူး၊
ကိုယ်မှားတယ်
တစ်နေရာတည်း ကွက်ရွာနေတဲ့ မိုးထဲ
ကိုယ့်တစ်ကိုယ်စာပဲ
အပင်းသင့်နေရင်တောင်
အရာအားလုံးရဲ့ အမှားမပေါ်လွင်တဲ့
အမှန်တွေထဲ
ကိုယ့်ရဲ့ အမှန်မပေါ်လွင်တဲ့ အမှားက
အမြဲတစ်ကိုယ်ရေ...
တစ်ကိုယ်ကောင်းဆန်တယ်။

ကိုယ့်တစ်ဘို့တည်း ကြည့်ခဲ့တာက
ကိုယ်နောက်ကွယ်က
အရာအားလုံးအတွက်
သူတို့ အားလုံးအတွက်ကြည့်တာက
အားလုံးထဲက သူတို့အတွက်..
မမျှတတဲ့ အမှန်တွေနဲ့
ကိုယ့်ကို အားလုံးက တရားစွဲ
ပေါ်လွင်ထင်ရှားတဲ့ ကိုယ့်အမှားတွေပဲတဲ့
အားလုံးက ခဲနဲ့ပေါ်က်လည်း
တစ်ကိုယ်စာ မမိုက်မဲခဲ့ဘူးဆိုတာ
ကိုယ့်ခြေထောက်အောက်က
ဖိနပ်ပါးပါးလေးကတော့ သိနှင့်တယ်။
May15.2018
Minsetwai

ရဟတ်(ကဗျာစုစည်းမူ)Onde histórias criam vida. Descubra agora