စိတ္တဇ

56 3 0
                                    


စိတ္တဇ
________

စိတ္တဇ________

¡Ay! Esta imagen no sigue nuestras pautas de contenido. Para continuar la publicación, intente quitarla o subir otra.




လိပ်တစ်ကောင်ရဲ့နှေးကွေးမူမျိုး
ငါချဉ်ခြင်းတပ်ရင်း
ဦးနှောက်အပျက်အစီးတွေကြားမှာ
ငါ့ကိုယ်ငါလိုက်ရှာနမ်းနေတယ်.....

ငါ့ဂီတာက ပန်းတွေမပွင့်လို
သက်သက်လွတ်စားပြီး
ပွင့်အာပြခြင်းကိုလည်း
ငါအဓိဌာန်နေလိုက်တယ်.....

အနာဂတ်ဟောကိန်းကို
ဖြစ်တည်မူ ဘဝထဲမှာ
ဟိုဘက် ဒီဘက် ရွေ့ကစားကြည့်ရင်း
ခွာလိပ်သွားတဲ့မြင်းတွေရဲ့အသံက
စူးစူးရှရှနဲ့ နာနာကျင်ကျင်....ကို ရှိတယ်။
.
ကျော့ကွင်းတစ်ခုကိုတော့ဖြင့်
လှပစွာသိမ်းဆည်း
မြည်ဟီးနေတဲ့ ကျောက်ဆောင်တွေကြားထဲ
သွားပစ်ချလိုက်တယ်
သူအသံတွေ လုံးဝမတိတ်ပါစေနဲ့...။

ငါ့ရဲ့အန်ချမူမှာ
သံမှိုတွေတွေ့ခဲ့ရတယ်
အတောက်ပဆုံးကြယ်က
ပေါ်က်ကွဲဖို့
အနီးစပ်ဆုံးကြယ်ပဲ
ဂေါ်ဖီထုပ်တွေလည်း စိုက်ခင်းထဲမှာပဲ
ကြီးထွားကြောင်း မင်းသိရတယ်။

ကုလားဖန်ထိုးနေတဲ့ ဖဲချပ်ကြား
ငါ တိုးဝင်ပျောက်ကွယ်ပစ်လိုက်မယ်
လူ့ရဲ့ အရည်အချင်းတိုင်းစက်တွေထဲမှာတော့
ငါ ဖွံဖြိုးမူ နည်းနေတယ်

တွေ့ကြုံမူ ဦးစားပေးစနစ်အောက်မှာ
ငါက အဆုံးစီရင်ခံလိုက်ရတဲ့
အနာဂတ်ဝါဒီသမားပဲ
ငါ့ကိုယ်ငါတော့....
မပျောက်ပျက်အောင်
မံမီစည်းထားချင်တော့တယ်.....
ကျေးဇူးပြုပြီး
မည်သူမျှ ဖုန်းမဆက်ပါနဲ့ကွယ်။

Dec 9,2018
Minsetwai

ရဟတ်(ကဗျာစုစည်းမူ)Donde viven las historias. Descúbrelo ahora