အစပ်အဟပ်မတည့်သည့် ... ထော်လော်ကန့်လန့်များကို ရွေးခြယ်ခြင်း..

4 1 0
                                    


အစပ်အဟပ်မတည့်သည့် ...
ထော်လော်ကန့်လန့်များကို ရွေးခြယ်ခြင်း..

အသစ်တွေပြန်မရတော့ပါဘူး
စစ်ပွဲတွေပဲ ခဏ၊ခဏခင်းရတယ်
မိုးရာသီမှာ ခိုနားဖို့ကျတော့
အသိုက်အမြုံကျဉ်းကျဉ်းလေးတစ်လုံးကို
ကျောပိုးလွယ်ရင်း..
ခြေကုန်လက်ပန်းကျသွားတဲ့စိတ်ကို
ပြန်ပြန်ကောက်ထည့်တယ်။
ရိတ်သိမ်းဖို့က စိုက်ပျိုးထားတာ မရှိပါဘူး
ပလိုင်းအပေါ်က်တစ်လုံးသာ ကိုင်စွဲလို့ ရွှေတွင်းတူးမိဖို့တော့ လိုလားတယ်။
မနက်ဖြန်ရဲ့မျတ်နှာဟာ သေးသေးလေး
ဖိနပ်ဟာ ဘယ်တစ်ဘက်တည်း စီးမသွားရဲသေး
နံရံတွေရဲ့ "နား"ကိုရှာလို့
တစ်စုံတစ်ခုနဲ့အတူ
အပြောင်းအလဲ ဖြစ်လာနိုးနိုး....
အကျင့်နဲ့ဗီဇကို
အသေအချာခွဲခြမ်းစိတ်ဖြာနေတော့တယ်။

ထိုသူရိုက်သော ရုပ်ရှင်ကားကို
ထိုသူရဲ့ရုပ်ရှင်ရုံမှာပဲ ပြန်လည်ပြသချိန်....
ထိုသူကဝင်ကြည့်ပြီးနောက်
ဒါ......
သူရိုက်ထားတာတဲ့ ဇာတ်ကားနဲ့ သိပ်မတူသလိုပဲတဲ့...
ဟုတ်မှာပါ ဇာတ်ညွှန်းဆိုတာက ဇာတ်မသိမ်းခင်ထိ အပြောင်းအလဲများစွာ
လုပ်နေနိုင်တဲ့အရာလည်း ဖြစ်သလို..
တစ်ခါ၊တစ်ခါမှာ
ဇာတ်ညွှန်းထဲက ဇာတ်ကောင်နောက်
ကောက်ကောက်ပါအောင် လိုက်ရတဲ့
အဖြစ်မျိုးလည်း ဖြစ်တယ်။
ထိုအတူ
ကျင့်ဝတ်က ခါးဝတ်ပုဆိုးလည်း မဟုတ်ခဲ့
စည်းကမ်းက သူစိမ်းပြင်ပြင်
မခံချင်စိတ်တွေနဲ့ လူလားမြောက်လို့
မီးကို အသုံးလွန်သွားခဲ့ရတာ
သူ.....ခြေထောက်တွေကို
လိုက်ရှာနေရဆဲပဲ ဖြစ်တယ်။

အဓိပ္ပါယ်ကို ရှာနေရတာကိုက အဓိပ္ပါယ်ပါ
တစ်ဘက်ကသေနတ်က နားထင်ကို
လာ၊လာထောက်မိတိုင်း
သင်္ချာတစ်ပုဒ်ပုဒ်ကို တွက်နေချင်စိတ်တွေသာ  ပိုများလို့လာတယ်
ကမ်း၊ ဘယ်ကမ်းလဲ.....?
လမ်း၊ ဘယ်လမ်းလဲ......?
အလင်းထဲမှာမှ အမှောင်ကို
သေသေချာချာထွန်းပြီးရှာကြည့်တယ်
ဒါပေမယ့် မြေပုံမှာ အမှန်တရားမပါဘူး
သံလိုက်အိမ်မြှောင်ထဲ
မသိစိတ်နဲ့သိစိတ်ကို
အချိုးကျကျ အမှတ်အသားထည့်
ဒီတောတစ်အုပ်ထဲနဲ့
ရုပ်နဲ့နာမ်တွေ ကင်းကွာဝေးလည်း
မနက်ဖြန် အလုပ်ကတော့
သေချာပေါ်က်သွားကိုသွားရမယ်။

ဘယ်သူမပြု မိမိမူထဲမှာ
သက်တံတစ်ခုတော့ တည်ဆောက်ရေးခဲ့တယ်။
ဒါပေမယ့်
ဝမ်းနည်းနေမိပါကြောင်း သဝဏ်လွှာကို မရေးဘဲ ပို့လိုက်မိသလိုမျိုး
စော်ကားကြောင်း ထင်ယောင်မှားချိန်
အငွေ့တွေ့ကြားထဲမှာ
ယင်ကောင်တစ်ကောင် အသက်ရှုရပ်ပြီး
ပြုတ်ကျသွားရတယ်
ဒီလှေကားဟာ
ခြေချော်လက်ချော်ဖြစ်တတ်ကြောင်း၊
ရှေ့လူတွေ ကိုယ်ချင်းစာသလို ကြည့်မလား
ဓားစာခံပေါ်င်းများစွာအတွက်
လက်ညှိုးဝိုင်းထိုး ကားစင်တင်မှာလား
ရင်ဘက်က ကြက်ခြေခတ်ဟာ
ဘယ်သူဖြစ်ကြောင်း သက်သေနဲ့
အတုအစားမထိုးနိုင်တဲ့ မူရင်းဇစ်မြစ်နဲ့
လက်တွေသာ ဖြစ်တယ်။

(သေချာတယ်)
လာလမ်းအတိုင်းပြန်လျှောတ်သွားရင်
လာတုန်းက ရွက်သစ်ဝေခြင်းတွေ
မိုးစားဒဏ်ကြောင့် အမှိုက်ပွနေမှာ
လှည်းကျင်းဖို့ မလိုလားပါနဲ့
နေသာတဲ့ တစ်နေ့ကျမှ မီးပုံရှို့ပါ...
အချိန်ဆွဲထားခြင်းဟာလည်း
တစ်ခါတစ်ရံ ကောင်းကြောင်း
ခေါ်င်းပြူးပြမှာပါ
အဲဒီအခါ....
မနက်ဖြန်ရဲ့ ငိုသံချိုချိုလေးက
ရင်ဘတ်မှာ အမြစ်တွယ်နေလိမ့်မယ့်
အနာစိမ်းမဟုတ်သလို ၊
အပူနာလည်းမဟုတ်ပါဘူး...
လူ၏ဖြစ်တည်ခြင်းထဲက
သဘာဝဖြစ်တည်လာတဲ့ အရာ
တိုက်ချွတ်ဆေးကြောရဦးမှာ....
ဒါပေမယ့် အကျင့်နဲ့စရိုက် အံသွားကိုက်စွာ လိုက်နေမှာ...
အဲဒီအခါ...ဒီထဲက
တစ်ခုကိုသာ ရွေးခြယ်ပါ..။
(၁) သိစိတ်နှင့် မသိစိတ်တို့
အချိုးမကျသေးသော
သံလိုက်အိမ်မြှောင်ကိုသာ သုံးပါ။
(၂) ကျောပိုးလွယ်ထားသော အသိုက်
အမြုံ ကျည်းကျည်းလေးကို လွှတ်ချပါ။
(၃)အကျင့်နဲ့ဗီဇကို လုံခြုံအောင်
ထိန်းသိမ်းပါ။
(၄) နားထင်ထောက်ထားသော
သေနတ်ကို အလုပ်ပေးလိုက်ပါ။
(၅)ခြေချော်၊လက်ချော်ဖြစ်တက်သော
လှေကားကို ပြန်လည်ပြင်ဆင်ပါ။
July4.2018
Minsetwai
--------------------------------

ရဟတ်(ကဗျာစုစည်းမူ)Donde viven las historias. Descúbrelo ahora