ပင့်ကူရဲ့ကောင်းကင်

24 0 0
                                    


ပင့်ကူရဲ့ကောင်းကင်
-----------------------

ပင့်ကူနှစ်ကောင် စိတ်ရှိလက်ရှိ မိတ်လိုက်နေတာကို ငါမြင်တယ်။
နှမြောတမ်းတခြင်း တစ်ချို့အရည်ပျော်ကျသွားခဲ့ပြီလား။
ငါ့ ပင့်ကူမလေး နေရာထိုင်ခင်း ပြောင်းတော့မယ်။
မိုးဥတုကို ပစ်တော့မယ်။
ဟယ်လို...ပင့်ကူမလေး၊အမျှင်မတန်းတော့ဘူးလားကွယ်။
ပင့်ကူမလေး။ ။ အင်း၊ကျွန်မ၊စိတ်ရှုပ်လှတယ်။ ။
အမှတ်သညာဟာ လျှာပေါ်မှာ အပူဖု ပေါ်က်သလိုမျိုးပဲ။ ပင့်ကူအိမ် တစ်ခုကို ရက်ဖို့ ဆေးလိပ်မီးညှီလိုက်တယ်။ အငွေ့တွေထဲမှာ နိဗ္ဗာန်။
ငါဟာ ဖန်ဆင်းရှင်လား။ ဟင့်အင်း မဟုက်ခဲ့ဘူး။ ဒါပေမယ့် အိမ်ဟာ လှပမူနဲ့ ရသမြောက်တယ်။ ခံစားမူအချို့နဲ့ ငေးမောလောက်တယ်။ ပင့်ကူမလေးရဲ့ ခြေရာတစ်ချို့ကို ခေါ်င်မိုးလုပ်လိုက်တယ်။
ဘယ်လိုလဲ၊ ပင့်ကူမလေးရယ်၊သဘောမကျဘူးလား။
ပင့်ကူမလေး။ ။ဟင့်အင်း၊ လုံးဝပဲ။တဲ့
ကောင်းတာပေါ့၊ အိမ်ထဲမှာ ပျင်းရိလို့ ရတာပေါ့။ ဒါပေမယ့်၊ မင်း စွန့်ပစ်သွားတဲ့ ဒီသစ်ပင်အိုထက်မှာ ငါ့အသိုက်လေး မင်းအတွက် ဆောက်ခဲ့ဖူးတာတော့ မင်းမမေ့နဲ့။
အဲဒီအထဲမှာ ငါ့နစ်နာခြင်းတွေ ပါတယ်။ မင်းပျော်ရွှင်နေ့ရက်တွေပါတယ်။
အတူရှို့  ခဲတဲ့ မီးတောက်ကလေးလည်း ပါတယ်။
အတူယက်ဖောက်ခဲ့တဲ့ ပိုးမျှင်ကလေးတွေလည်း ပါခဲ့ပါတယ် ပင့်ကူမလေးရယ်။
Apr15.2017
Minsetwai

ရဟတ်(ကဗျာစုစည်းမူ)Nơi câu chuyện tồn tại. Hãy khám phá bây giờ