ထောင့်များ

16 1 0
                                    

ထောင့်များ
*********

အဲဒီတစ်ဖက်က ငိုရှိုက်သံ သဲ့သဲ့ ကျွန်တော်ကြားလိုက်တယ်
အဲဒီတစ်ဖတ်က အထီးကျန်ခြင်းတစ်ချို့ကို ကျွန်တော်ရလိုက်တယ်
အဲဒီတစ်ဖတ်က မျိုသိပ်ထားရတဲ့ ဒဏ်ရာရနံ သိပ်ကိုသင်းတယ်
အဲဒီတစ်ဖက်က အလွမ်းတို့ရဲ့..ဧကရီလေ...။..။
ကျွန်တော်က အဲဒီဘက်ခြမ်းက လှမ်းမမြင်နိုင်တဲ့..ပန်းသီးပဲ့
ကျွန်တော်က အဲဒီဘက်ခြမ်းက ဂရုမပြုနိုင်တဲ့..ချွန်စက်
ကျွန်တော်က အဲဒီဘက်ခြမ်းနဲ့ပဲ
နှစ်ခြမ်းကွဲနေသေးတဲ့..စွယ်တော်တစ်ရွက်..။
တစ်ဖက်ခြမ်းက ညဆိုရင် အလွမ်းတွေနဲ့ လပေါ်ထွက်လာတယ်
ကျွန်တော်ကတော့ မြေပြင်မှ အလွမ်းတွေနဲ့ သေနေတဲ့ သစ်တစ်ပင်ပဲ ဖြစ်တယ်
တစ်ဖက်ခြမ်းက အသံမထွက်လည်း ကျွန်တော်ကြားတယ်
ကျွန်တော်အော်နေတာတော့ တစ်ဖက်ခြမ်းက မကြားဘူး
အရမ်းထူးခြားတာက ကြားမှာ
တစ်ဖက်ခြမ်းသို့ ကူးဖို့ တံတားထိုးလို့ လည်း မရပြန်ဘူး
ပြီးတော့ ကျွန်တော်ဘက်က ပျံသန်းသွားတဲ့ ဌက်တစ်ကောင်လည်း
အဲဒီတစ်ဖတ်ခြမ်းကနေ ခုထိပြန်မရောက်လာနိုင်ခဲ့ဘူးလေ
တစ်ဖက်ခြမ်းက ဝှတ်ထားလိုက်ပါသတဲ့...။
တစ်ဖက်ခြမ်းဟာ ကျွန်တော် မျှော်ငေးနေတဲ့ ကောင်ကင်ပဲ..
တစ်ဖတ်ခြမ်းဟာ ကျွန်တော်ရဲ့မနက်ခင်းလှလှလေးပဲ
အဲလိုနဲ့ တစ်ဖက်ခြမ်းမှာ ကျွန်တော်ဖိနပ်ပျောက်ဖူးတယ်။
အဲလိုနဲ့ တစ်ဖတ်ခြမ်းမှာ ကျွန်တော်နံရိုးတစ်ချောင်းပျောက်ဖူးတယ်။
အဲလိုနဲ့တစ်ဖတ်ခြမ်းမှာ ကျွန်တော်ကိုယ်ကျွန်တော်ပျောက်ဖူးတယ်။
တစ်ရေးနိုးတိုင်းတော့ ကျွန်တော် ထ ထ ကြည့်ဖြစ်ပါသေးတယ်
တစ်ဖက်ခြမ်းက ..
တံခါးများ ဖွင့်ထားလေမလားလို့...။
Jan8.2017
Minsetwai

ရဟတ်(ကဗျာစုစည်းမူ)Место, где живут истории. Откройте их для себя