ဘာဖြစ်ဖြစ်....ချစ်နေတဲ့ဥယျာဉ်

13 2 2
                                    

ဘာဖြစ်ဖြစ်....ချစ်နေတဲ့ဥယျာဉ်
**********************

အမျတ်၊ ဒေါသ၊ အာဃာတ၊ ဝန်တိုမူနဲ့ မာန...
ပန်းပွင့်ကလေးလည်း မငြိမ်းချမ်းတော့
အရိပ်ဆိုး၊ အတိတ်ဆိုး၊ နေရာဆိုးနဲ့ ခံယူမူဆိုး...
အကြွေမျိုးတွေလို ဖြစ်မှန်းမသိ ဖြစ်နေတော့
နေရောင်ဟာ ကျိန်စာတိုက်တဲ့ အလင်းတဲ့...
လရောင်ဟာ အမှောင်မိုက်ရဲ့ ပြတင်းတဲ့...
ဝေဒနာတွေ ထွေးပွေ့ပေးတဲ့ လက်တစ်စုံဟာ
ပန်းခြွေတဲ့လေရဲ့...အတုအယောင်ရှုခင်းတဲ့လေ။

ပန်းမပန်တတ်တဲ့ ပန်းဟာ....
ဘယ်လိုများ မာနထား...
ရန်စောင်စကားတွေများ...
လယ်ပြင်မှာ ဆင်လိုသွား...သွား...
ကို့ဘက်ကလည်း....
ငြိမ်းချမ်းခြင်းတရား...ဘယ်လိုထားထား...
သူ့ရင်ထဲမှာ မသိသာသော အတ္တလက်သည်းတွေရဲ့
ကုတ်ခြစ်ရာတွေသာ ပိုများလာတဲ့အခါ...
အချစ်ဟာ......အပြစ်
စေတနာတွေက မာယာများတဲ့မြစ်
ပေးဆပ်မူတွေက ရယ်စရာကောင်းတဲ့ အဖြစ်တဲ့လေ
ဒါပေမယ့်...
ဘာဖြစ်ဖြစ်ပေါ့....
ကိုက....
ပန်းမပန်တတ်တဲ့ ပန်းကလေးကို
ချစ်ဆဲပဲ ဖြစ်တယ်....။

တဖြည်းဖြည်းလေးပါပဲ....
မျတ်ကွယ်ပြုမူ ၊ အလေးမထားမူ၊ စော်ကားခံရမူနဲ့ ဝေဒနာ
ပန်းကလေးဆီက တန်ပြန်လာတဲ့အခါ....
ဘာမှမပြောပြချင်တော့၊ ဘာမှ မတောင်းဆိုချင် တော့
ဘာမှ မရှင်းပြနိုင်တော့၊ တိတ်ဆိတ်ခြင်းနဲ့ ဒဏ်ရာ
ကို့ ဆီက ပွင့်ထွက်နေတဲ့အခါ
ရယ်သွမ်းသွေးခြင်း၊ သရော်ခြင်း၊ လှောင်ပြောင်ခြင်းနဲ့ ကလဲ့စား
သူ ကို့အတွက် သက်ရောက်မူ ပေးလာတဲ့အခါ
ခွင့်လွှတ်မူ၊ သည်းခံမူ၊ စာနာမူနဲ့ နားလည်မူ
ကိုက ပေးအပ်နေဆဲ ဖြစ်သည်တိုင်
နူညံတဲ့ သူ့နူတ်ခမ်းသားတွေက
ကို့ကို ဒဏ်တပ်ဖို့ ကျိန်ဆိုနေသေးသတဲ့လား
ဘာဖြစ်ဖြစ်ပါ...
ကိုက....
ပန်းမပန်တတ်တဲ့ ပန်းကလေးကို
ချစ်ဆဲပဲ ဖြစ်တယ်....။
Mar23.2018
Minsetwai
----------------------

ရဟတ်(ကဗျာစုစည်းမူ)Nơi câu chuyện tồn tại. Hãy khám phá bây giờ