အားငယ်တွေးများ

13 1 0
                                    

အားငယ်တွေးများ
**************

နည်းနည်းတော့ အားနာပေးလှည့်ပါ
ခေါ်င်းဝှတ်ထားရတဲ့
လိပ်တစ်ကောင်ဘဝ
ငါဆိုတာ နင်မယုံကြည်ခဲ့လေသမျှ
မြတ်နိုးတွယ်တာမူတွေ
ခမ်းခြောက်သွားပြီးလားလို့
အကြိမ်ကြိမ် တွေးတော
ဆင်ခြင်နေရတဲ့ အခါ.....။
ငွေမင်ရောင်ဖျော့ဖျော့ ကောင်းကင်ရယ်
အမုန်းမျတ်ဝန်းတွေ ခဏသိမ်းလို့
အချစ်အတွက်
အသက်ဆက်ခြင်းတို့ကို
လမ်းပြပေးလှည့်ပါလို့..
ငါတိတ်တဆိတ် ဆုတောင်းနေရုံသာ...။
နင့် ယုံကြည်မယ်ဆိုရင်ပေါ့
ငါ့နှလုံးသွေးတို့နဲ့
လျှောတ်မယ်လမ်းတိုင်းကို
မီးထွန်းထားပေးမယ်
နင် ယုံကြည်ထားတဲ့အတိုင်း
နင်ဆွဲဖွင့်မယ့် ပြတင်းမှ
အချစ်တွေ လိပ်တင်ထားလိုက်မယ်
ငါ့အတွက် ငေးမောခွင့်
ရငေးရုံလေးနဲ့ပေါ့....။

May5. 2010
Minsetwai

ရဟတ်(ကဗျာစုစည်းမူ)Donde viven las historias. Descúbrelo ahora