နောက်ကျခြင်းဟာ နောက်မှာကျန်ခဲ့

14 2 0
                                    

နောက်ကျခြင်းဟာ နောက်မှာကျန်ခဲ့
*************************

မလတ်ဆတ်တဲ့ အဆိပ်ရနံနဲ့ ပြင်နေဆဲ ကတ္တရာလမ်းတွေလည်း
နောက်..မှာ..ကျန်...ခဲ့....
ယိုးတို့ယဲ့တဲ့ တဲအိမ်ကလေးတွေနဲ့ ခြောက်ကပ်ကပ် လယ်ကွင်းတွေလည်း
နောက်...မှာ...ကျန်....ခဲ့....
ရှည်လွန်းတဲ့ဟွန်းသံနဲ့ ဂီယာပြင်းလွန်းတဲ့ စက်သံလည်း
နောက်....မှာ...ကျန်...ခဲ့
အလန့်တကြား ဘေးဖယ်ပေးလိုက်ရတဲ့ ယင်ကောင်၊ ဌက်၊ ခွေး၊ လူတွေနဲ့ စည်းမဲ့ကမ်းမဲ့ အမှိုက်တစ်ချို့လည်း
နောက်...မှာ....ကျန်....ခဲ့
ကွမ်းတံတွေးတစ်ချို့.....
ဆီဆိုင်တစ်ချို့......
အိမ်ပြန်ညည့်ဌက်တစ်ချို့....
စက်ရုံပြန် မိန်းခလေးတစ်ချို့....
သူစိမ်းတစ်ချို့.....
နောက်မှာ ကျန်ခဲ့...
အရှိန်ထဲမှာ အပျော်တွေ စုမြူးချိန်
ရှေ့မှာ တစ်စုံတစ်ရာက ဘွားကနဲပဲ
ဝုန်း....
ကျွီ....
အား.....
နောက်ကျခြင်းဟာလည်း....
နောက်...မှာ....ကျန်...ခဲ့...ပြီလေ။
June10.13
Minsetwai

ရဟတ်(ကဗျာစုစည်းမူ)Onde histórias criam vida. Descubra agora