ရဟတ်တစ်ခုပေါ်က အကြောင်းမှသည်

5 1 0
                                    

ရဟတ်တစ်ခုပေါ်က အကြောင်းမှသည်
______________________________

ရဟတ်တစ်ခုပေါ်က အကြောင်းမှသည်______________________________

¡Ay! Esta imagen no sigue nuestras pautas de contenido. Para continuar la publicación, intente quitarla o subir otra.




ဝေ...
နောက်မှာ ဖြတ်ကျော်လာခဲ့တဲ့
နယ်မြေဟောင်းတွေကို
ကြည့်ဦး... လေ...အချစ်..
ပင်ပန်းခဲ့တာတွေ ရှိ၊
နာကျင်ခဲ့တာတွေလည်း ရှိ
ငိုယိုရခြင်းတွေ၊
ပျော်ရွှင်ရခြင်းတွေ
အလုံစုံသော အထွေထွေ ကိစ္စတွေနဲ့
လောကရဲ့လမ်းပေါ်
လျှောတ်လာခဲ့ကြလိုက်တာ..
ဟိုးမှာ...နယ်မြေသစ်တွေ
အများကြီးရှိနေသေးပါရောလား.....။

ဝေ...
ခန္ဓာကိုယ်ရဲ့အားက အချစ်တွေနဲ့
လှည့်ပတ်စီးဆင်းခဲ့ပြီးနောက်
စိတ်ခွန်းအားတွေကို
အနီးအနားမှာပဲ
ရှာပါအချစ်...
တည်ဆောက်ဖို့ ခက်တဲ့အကြောင်းကို
ကိုယ်တို့ ဥပက္ခောပြုလာခဲ့ကြပြီးနောက်
ဖျတ်စီးဖို့လွယ်တဲ့အကြောင်းကို
အတူတူ မောင်းထုတ်ကြည့်ကြရင်
နောက်ထပ်တွေ့ရမယ့် မိုင်တိုင်မှာ
အိမ်လေးတစ်လုံးတော့
ရရှိလာမှာ အမှန်ပေါ့အချစ်။

ဝေ...
အကောင်းအဆိုးက
သူငယ်ချင်းတွေဖြစ်သတဲ့..
သူတို့ဘယ်လိုလာလာ
ဧည့်ဝတ်မပျက်ဖို့က
ကိုယ်တို့ရဲ့ စစ်ဝတ်တန်ဆာပဲ
လာ..ရင်ဘက်ထဲဝင်
အင်အားတွေ ချိတ်ဆွဲထားလှည့်
ကိုယ်ဟာ
ပင်ကူတစ်ကောင်လိုမျိုးပဲ
ဘေးမသီ ၊ ရန်မခအောင်
ထွေးလုံးရစ်ပတ်ပြီးတော့
စောင့်ရှောက်ချစ်မယ်
နောက်ဆုံးတော့လည်း
လောကကြီးကို မေးရင်
ဘာလဲဆို ဘာမှလဲ
မဟုတ်တော့ပြန်ဘူးကွဲ့
ကိုယ်တို့ စည်းလုံးထားဖို့ပဲ
လိုတာပါတဲ့ အချစ်။

ဝေ....
လောကကြီးက
မခံမရပ်နိုင်အောင် နာကျင်စရာတွေကို
တူးဖော်တတ်တဲ့ကောင်မျိုး
သူ့အကျင့်ကို
ကိုယ်တို့အချစ်နဲ့ ပိတ်ဖုံးထားကြည့်လိုက်
သူဟာ ပမွှားဆိုတာ သိရပါမယ်
မေတ္တာတရားဟာ ပြီးပြည့်စုံတဲ့ လက်နတ်ပဲလေ
ဖောက်လွဲဖောက်ပြန်ဖြစ်ခဲ့မူ အပေါ်မှာ
အကြင်နာတရားဟာ
အကောင်းဆုံးသမားတော်ဖြစ်လာမယ်
လေပြင်းတိုက်လို့ ပျက်စီးသွားတဲ့အရာတွေကို
ပြန်မပြင်ဘဲ ထားရင်
နားခိုရာဟာ တစပြင်ဆန်မယ် အချစ်
မလာသေးတဲ့ လေပြင်းအတွက်
ကျောက်ဆောင်ကောင်းကောင်း ကိုယ်တို့ဆီမှာ
ရှိကြောင်း
နယ်မြေဟောင်းတွေကလည်း
သတင်းပေးပို့ထားကြဆဲပါ အချစ်..
ကိုယ်တို့ အတူတူ ဖတ်ရအောင်။

ဝေ...
ပြဿနာကို အဆုံးရှုံးနည်းအောင် ဖြေရှင်းဖို့မှာ
လူဆိုတာ အတွေ့အကြုံရှိခဲ့တဲ့ သတ္တဝါပါ
သူခိုးဆိုးတာလည်း တံခါးမလုံတဲ့အိမ်မှခိုးတယ်
မြွေဆိုတာလည်း သတိမမူတဲ့ လူကိုမှ ကိုက်တယ်
ကံမကောင်းခြင်းဆိုတာမျိုးကလည်း ကံဆိုးအောင်နေထိုင်မူကြောင့်ဖြစ်တယ်
မကောင်းမူ ပြုမိခြင်းအပေါ် တစ်သက်လုံးနောင်တရပြီး
နေထိုင်မူဟာ လူရဲ့ဘဝ နိမ့်ပါးရာဆီကို လှမ်းစေနိုင်တယ်
မကောင်းမူုပြုပြီးနောက်
ကောင်းမွန်အောင် ပြန်လည်ဆောက်တည်နေထိုင်ခြင်းဟာ
ဘဝကို ပျော်ရွှင်ခြင်းတရားနဲ့
ပေါ်င်းဖတ်ပေးတာမျိုးလည်း
ဖြစ်လာနိုင်ပါတယ် အချစ်..။

ဝေ.....
ဖြိုဖျတ်ခြင်းဆိုတဲ့ စကားလုံးအောက်မှာ
အနာဂတ်တွေ ပျောက်ရှသွားရမယ့်
အရာတွေ အများကြီး ရှိနေတတ်တဲ့ အချစ်
တည်ဆောက်ထားတဲ့
တစ်ပိုင်းတစ်စကလေး ဆိုရင်တောင်
ငါ ဆောက်တည်ခဲ့သော
ငါ ဆောက်တည်ခဲ့သော
အဲဒီသဘောမှာ ရင်းနှီးကျွမ်းဝင်ပြီးတော့
မေတ္တာတရားကို
ပိုမိုခိုင်မြဲစေတတ်ပြန်တယ်အချစ်
ဒီလိုပဲ
လူသားတစ်ဦးအတွက် လူသားတစ်ဦး
ရှိနေမှဖြစ်မယ်ဆိုတာမျိုး
ကိုယ်တို့လက်မခံကြတာဟာ
အမှန်တရားပဲအချစ်..
ဒါပေမယ့် လူသားတစ်ဦးစီတိုင်းဟာ
ဖြိုဖျက်ခြင်းမစတင်မီ
ထူထောင်ခဲ့ခြင်းရဲ့
အဦးအစကို တွေးတဲ့အခါ
လူတစ်ဦးတစ်ယောက်အကြောင်းကို
ချန်လှပ်ထားလို့ မရနိုင်ပြန်တာလည်း
ဓမ္မတာတစ်ခု ဖြစ်နေပြန်တဲ့အခါ
အတူရင်းနှီးစွာ နေထိုင်နေခြင်းဟာ
အန္တရာယ်အနည်းဆုံးဖြစ်ကြောင်းကို
ကျောက်ခေတ်လူသားတွေက
အကောင်းဆုံး သက်သေပြခဲ့ကြတဲ့အချစ်
လာ....
ကိုယ်တို့ အတူတူ
ဆောက်လက်စကလေးကို
အသက်သွင်းရအောင်..။
March 8,19
Minsetwai

ရဟတ်(ကဗျာစုစည်းမူ)Donde viven las historias. Descúbrelo ahora