ဒီနေ့ကျောင်းကိုကျွန်တော်ပဲသွားဖြစ်တယ် ရှင်းက ကိုယ်နဲနဲနွေးနေလို့ ကျောင်းမတက်နိုင်ဘူး မနေ့က ကျွန်တော် ပေးတဲ့ အပြစ်ကြောင့်ပဲနေမှာပေါ့ ဒီနေ့ ကျောင်းတက်ရတာ ခြောက်ကပ်ကပ်နဲ့ ပျင်းစရာကြီး.. .......
"မင်းက ငါ့ကိုအာခံနေတာလား ငါပြောသလိုမင်းလုပ်မလားမလုပ်ဘူးလား ဟမ် ငါမေးနေတယ်လေ ဘာတေကြောင်အနေတာလဲ"
"ကျွန် ကျွန်တော် ကြောက်တယ် မလုပ်ပါရစေနဲ့ "
"ဒီကောင်ကတော့ ငါလုပ်ရင်သေတော့မယ်နော်"
ကျောင်းဆောင်အနောက်ဘက်လူရှင်းတဲ့နေရာမှာအတန်းလဲမတက်ချင်လို့လာရှောင်ပါတယ်ဆိုကာမှ ပြသာနာ ၀ိုင်းနဲ့တည့်တိုးနေခြင်း အကျီစကို အကိုင်ခံထားရတဲ့ တစ်ယောက်က တော်တော်ကြောက်နေတဲ့ပုံစံပဲ ထိုးဖို့ရည်ရွယ်နေတဲ့ တစ်ယောက်ကလဲ အတော်ဒေါသထွက်နေတဲ့ ပုံစံပဲ ကိုယ့်ကိစ္စမဟုတ်လို့ ၀င်မပါချင်ပေမဲ့ ကြောက်နေတဲ့ကောင်လေးကို သနားမိလာတဲ့ စိတ်ကြောင့်...
"ဒီလောက်နဲ့ ရပ်လိုက်ရင်ကောင်းမယ် မင်းတို့မှာ ဘာကိစ္စတေရှိနေလဲမသိပေမဲ့ အေးဆေး ဖြေရှင်းတာပိုကောင်းမယ်ထင်တယ်"
ကျွန်တော်လဲအာ့လိုပြောလိုက်ရောစောနက သနားစရာကောင်လေးက ဒေါသမျက်လုံးတေနဲ့ ကျွန်တော် အနားရောက်လာတယ် ထိုးဖို့ရည်ရွယ်နေတဲ့ ကောင်လေးက သွားပါပြီဆို မျက်ရည်မထွက်ပဲ အော်ငိုနေတယ် ကျွန်တော်နားမလည်နိုင်တော့ဘူး.....
"မင်းဘာလို့ ၀င်ပြောလိုက်တာလဲ"
"အာ့တာက ငါက မင်းကို သနားနား"
"မင်းကြောင့်ပျက်စီးသွားပြီ ပျက်စီး ကုန်ပြီ ခဲရာခဲဆစ် အတန်းလစ်ပြီး ခံစားချက်တေထည့်ပြီး ခက်ခက်ခဲခဲရိုက်ထားရတာတေပျက်ကုန်ပြီ"
ဆိုပြီး သူပါအော်ငိုပြန်ရော ကျွန်တော် တကယ်ကိုကြောင်နေမိတာ
နံရံနားငိုပြီးကျန်ခဲ့တဲ့ တစ်ယောက်ကပါ ကျွန်တော် တို့နားရောက်လာပြီး.....
![](https://img.wattpad.com/cover/151759481-288-k587702.jpg)
YOU ARE READING
SERVANT
Romanceမင်းငယ်ငယ်ထဲကပြောလာခဲ့သလိုပဲ.... ငါကမင်းတစ်ယောက်ထဲအတွက်ပဲ.... အစေခံတစ်ယောက်ဖြစ်ပါရစေ..... Poster by-Colourful Craft Light