ရှင်းခန့်ပိုင်ဆီက စကားသံကိုကြားရတော့မှ။ရှင်းခန့်ပိုင် ပါးပြင်ကမျက်ရည်စီးကြောင်းကို တွေ့လိုက်ရမှ ဆက် အသိစိတ်ပြန်ဝင်သွားမိတယ်။ဆက် တကယ်ကို စိတ်ပူမိသွားတာပါ။သို့ပေမဲ့ လွန်ခဲ့တဲ့ တစ်ပတ်ကတွေ့ခဲ့ရတဲ့ ဓာတ်ပုံတေကို ပြန်မြင်ယောင်လာပြီး......
"အား.....ဆက် ..ဘာ ဘာလို့ အာ့လို့လုပ်တာလဲ"
ရှင်းခန့်ပိုင် ရှထားတဲ့လက်ဒဏ်ရာ ရှိတဲ့ လက်တစ်ဖက်ကို ကြမ်းပြားပေါ်က ဖန်ခွက်ကွဲစတေပေါ် ဖိချလိုက်တာကြောင့် ရှင်းခန့်ပိုင် အရမ်းနာလွန်းလို့ ထအော်မိတယ်။
"ထွက်သွား မင်းမြန်မြန်ထွက်သွားတော့ မင်းမျက်နှာကို ငါမမြင်ချင်ဘူး ထွက်သွား..."
ရုတ်ချည်းပြောင်းလဲသွားတဲ့ ဆက် ကို ရှင်း နားလည်ရခက်စွာကြည့်မိတယ်။
"ဆက် မင်း ငါ့ကို အာ့လောက်ထိမုန်းတီးနေပြီလား ငါမင်းကိုမရွေးချယ်ခဲ့တာပဲရှိတာ ငါမင်းကို မုန်းသွားတာမဟုတ်ဘူး...မင်းငါ့ကို ကြိုက်သလို အနိုင်ကျင့်နှိပ်စက်လို့ရတယ် ဒါပေမဲ့ ငါ့ကိုမချစ်နိုင်တော့ရင်တောင် မမုန်းပါနဲ့...."
ဆက် က ရှင်း နဲ့ နီးစပ်ရဖို့ မိဘတေဆီမှာရော သိမ့်ထက်ဆီမှာပါ လက်ခံပေးအောင် ကြိုးစားနေတဲ့အချိန်မှာ...ရှင်းက စိမ့်သံသာထက် နဲ့ ပျော်ရွှင်နေတာကို ဘယ်စိတ်နဲ့ကြည်ဖြူပေးရမှာလဲ..
"မင်း အမေကြောင့်ပဲဆိုတာသေချာ လို့လား ရှင်းခန့်ပိုင်..ငါကတော့ မထင်ဘူး မင်းမှာ တခြားသာယာစရာ တွေ့ထားတာလဲ ဖြစ်ရင်ဖြစ်နိုင်တာပဲလေ..."
ခနဲ့တဲ့တဲ့ ရွဲ့တဲ့တဲ့ နဲ့ ပြောလာတဲ့ ဆက် ကိုကြည့်ပြီး ရှင်း လဲ စိတ်ထဲမကျေမနပ်တာတေ ပြောထွက်မိတော့တယ်။
"အာ့စကားက မင်းကိုပြောရမှာ ..မင်းကသာ သိမ့်ထက် နဲ့ ပျော်ရွှင်စွာ စေ့စပ်ပွဲကျင်းပပြီး ငါ့ရင်ကို အစိတ်စိတ်အမွှာမွှာ ကွဲကြေအောင် မင်းလုပ်နေတာ..."

YOU ARE READING
SERVANT
Romanceမင်းငယ်ငယ်ထဲကပြောလာခဲ့သလိုပဲ.... ငါကမင်းတစ်ယောက်ထဲအတွက်ပဲ.... အစေခံတစ်ယောက်ဖြစ်ပါရစေ..... Poster by-Colourful Craft Light