ဝဲတက်လာတဲ့မျက်ရည်တေကို မကျမိအောင် ပုတ်ခတ်ပုတ်ခတ်လုပ်လိုက်တယ်..။ကိုယ့်မျက်ရည်တေ သူမြင်ရင် ကိုယ့်ကိုပိုလို့တောင် လွှတ်ပေးချင်မှာမဟုတ်ဘူးလေ။အခုချိန်မှာ သူ့အပေါ်ဘယ်လိုမှ ညင်ညင်သာသာ မဆက်ဆံနိုင်ဘူး..။ သူက ကိုယ့်ကို မုန်းသွားဖို့ပဲလိုချင်နေမိတယ်..။သူ က ကိုယ့်ကိုချစ်နေသေးရင် ကိုယ့်ကို တမ်းတရင်း ပူဆွေးသောက တေနဲ့ သူ့ဘ၀ကြီးကို နာကျင်မှုတေနဲ့ မကုန်ဆုံးစေချင်ဘူး...။
ရှင်းခန့်ပိုင် လက်တေကိုအတင်းဆုပ်ကိုင်ထားပြီး ငိုနေတဲ့ ထိုကောင်လေးရဲ့ လက်တေကို ခပ်ကြမ်းကြမ်း ပုတ်ချလိုက်တယ်...။
ရှင်း လုပ်လိုက်တဲ့ ကြမ်းတမ်းစွာပြုမူမှု အောက်မှာ ဆက်ဧကရာဇ် ငိုသံလေးက ပိုလို့ကျယ်လောင်လာတယ်..။ ရှင်း က ဆက်ရဲ့ လက်ကောက်ဝတ်နေရာကို ကိုင်ပြီး အိမ်တံခါးပေါက်ဝကို ကြမ်းကြမ်းတမ်းတမ်း ဆွဲခေါ်လာခဲ့တယ်....။
"ရှင်း...ငါ့လက်နာနေပြီ.....လွှတ်ပေးဦး ...ဟင့် ရှင်း အာ့လိုမလုပ်ပါနဲ့ နော် ဟင့် ဟင့် ရှင်း..."
တောင်းပန်ပါတယ် ဆက်....
ဆိုပြီး စိတ်ထဲကနေသာ ပြောမိနေတဲ့ ရှင်း ရဲ့ စကားကို ဆက်ဧကရာဇ် မကြားနိုင်ပါ...။
အိမ်တံခါးကိုဖွင့်ပြီး ဆက် ကို အပြင်ကို တွန်းထုတ်လိုက်ပြီး တံခါးကိုအမြန်ပိတ်ကာ လော့ချလိုက်တော့တယ်..။ထိုအခါမှ ချောင်းရေစီးသကဲ့သို ကျဆင်းလာတဲ့ ရှင်းခန့်ပိုင် မျက်ရည် တေဟာ ဒလဟော ဖြစ်နေတော့တယ်။ အိမ်တံခါးကို မှီရင်း အာ့နေရာမှာတင် ထိုင်ချလိုက်ပြီး အသံတိတ်နဲ့ ငိုနေတော့တယ်....။
"ရှင်း အာ့လိုမလုပ်ပါနဲ့ တံခါးဖွင့်ပေး ငါ့ကို တံခါးဖွင့်ပေးပါနော်...မင်း ငါ့ကို အာ့ အာ့လိုလုပ်လို့မရဘူး လေ ဟင့် ငါ့ကို တံခါးဖွင့်ပေးပါ ရှင်း ရာ..ငါ့ကို တစ်ယောက်ထဲ မထားခဲ့ပါနဲ့.. .ရှင်း...ရှင်း.."
YOU ARE READING
SERVANT
Romanceမင်းငယ်ငယ်ထဲကပြောလာခဲ့သလိုပဲ.... ငါကမင်းတစ်ယောက်ထဲအတွက်ပဲ.... အစေခံတစ်ယောက်ဖြစ်ပါရစေ..... Poster by-Colourful Craft Light